Latest Post
Showing posts with label ငြိမ်းချမ်းရေးညီလာခံ. Show all posts
Showing posts with label ငြိမ်းချမ်းရေးညီလာခံ. Show all posts

ံ ၂၁ ရာစုပင်လုံ သို့ ထားဝယ်တိုင်းရင်းသားများ ပါတီ မှ တင်သွင်းသောစာတမ်း(ရုပ်-သံ) အပြည့်အစုံ

Written By Live100 on Thursday, September 8, 2016 | 9:47 PM


၂၁ ရာစု ပင်လုံ သို့ တင်သွင်းသော ထားဝယ်တိုင်းသားများပါတီ ၏
သဘောထားစာတမ်းကို
ထားဝယ်တိုင်းသားများပါတီ ၏ ဥက္ကဋ္ဌ ဦးအေးမင်း ဖတ်ကြား တင်သွင်းသည်။သည်။
  ၃-၈-၂၀၁၆ (နေပြည်တော်)



ံ ၂၁ ရာစုပင်လုံ သို့ ထားဝယ်တိုင်းရင်းသားများ ပါတီ မှ တင်သွင်းသောစာတမ်း

              
                   ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ

          ထားဝယ်တိုင်းရင်းသားများ ပါတီ မှ တင်သွင်းသောစာတမ်း


နေပြည်တော်                                                                စက်တင်ဘာ ၃၊ ၂၀၁၆

နိုင်ငံရေးဆွေးနွေးပွဲအတွက် အခြေခံရမည့် မူများ

နိဒါန်း
နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်ကြောင့် ခေတ်သစ်မြန်မာနိုင်ငံတည်ထောင်ရေးမှာ များစွာအတားအဆီးဖြစ်ရသည်။
အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးသို့ ဦးတည်နိုင်မှသာဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတည်ထောင်နိုင်မည်ဟုယုံကြည်ပါသည်။
ယင်းသို့ ထူထောင်ရာတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များသာမက တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍမှာများစွာအရေးပါပါသည်။
ယခုအခါ လက်နက်ကိုင်အဖွဲ့မရှိသော၊နိုင်ငံရေးပါတီမရှိသော တိုင်းရင်းသားလူနည်းစုအချို့မှာညီလာခံကိုယ်စားလှယ် ရရှိရန်ပင် များစွာအခက်အခဲတွေ့နေရသည်။
ထိုကြောင့် အားလုံးပါဝင်ရေးဟူသော မူတွင် လူနည်းစုတိုင်းရင်းသားများပါမကျန် အကြားအလပ်မရှိညီတူညီမျှ ပါဝင်နိုင်ရေးကိုလည်းထည့်သွင်းစဉ်းစားပေးပါရန် ကနဦးတိုက်တွန်းလိုပါသည်။
ထားဝယ်တိုင်းရင်းသားများပါတီမှ တင်သွင်းသောနိုင်ငံရေးဆွေးနွေးပွဲအတွက် အခြေခံရမည့် မူများမှာအောက်ပါအတိုင်း ဖြစ်သည်။
၁။ ဖက်ဒရယ်မူ
မြန်မာနိုင်ငံကိုဖက်ဒရယ်မူဖြင့် ဖွဲ့စည်းတည်ဆောက်ရမည်။
(က) တိုင်းဒေသကြီးများအားလုံးသည် ဗမာတိုင်းရင်းသားတို့၏ နေရာအဖြစ် သတ်မှတ်ထားခြင်းမှာမဖြစ်သင့်ပါ။
 ဥပမာ။   ။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာကဒူး၊ကနန်း၊ယော စသည့် ဗမာမဟုတ်သော အခြားတိုင်းရင်းသားအများအပြားနေထိုင်သည်။တနင်္သာရီတိုင်းဒေသကြီးတွင်လည်း (ဗမာဟုလွဲမှားစွာမှတ်ပုံထားခြင်းခံရသော) ဗမာမဟုတ်သည့် ထားဝယ်၊ မြိတ် တိုင်းရင်းသားအများစုနေထိုင်လျက်ရှိသည်။

(ခ) ၁၄ ပြည်နယ်မူလည်းမဖြစ်သင့်ပါ။
ဗမာတိုင်းရင်းသားများ ပြည်နယ်ယူနစ်(တိုင်းဒေသကြီးယူနစ်) အများကြီးယူထားကာ အသာစီးယူထားတာမျိုးမဖြစ်သင့်ဘဲ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုများ ခံစားခွင့် ရသင့်သော နိုင်ငံရေးဖက်ဒရယ်ပုံစံကို ပြန်လည်စဉ်းစားသင့်ပါသည်။

(ဂ) သတ်မှတ်ထားသောနယ်နိမိတ်တစ်ခုအတွင်းရှိသင့်ရှိထိုက်သည့် လူဦးရေအချိုးအစားရှိပါကတိုင်းရင်းသားများအနေနှင့် ထိုက်တန်သော နိုင်ငံရေးအဆင့်အတန်းရသင့်သည်။
ဥပမာအားဖြင့် ထားဝယ်လူမျိုးများသည် တစ်ဆက်စပ်တည်းရှိသော  နယ်နိမိတ်တစ်ခုသီးခြားရှိပြီးနေထိုင်ခြင်း၊ လူဦးရေအတန်အသင့်ရှိခြင်းစသည်တို့ကြောင့်ထိုက်တန်သောကိုယ်ပိုင်ပြဌာန်းခွင့်ရှိသင့်သည်။
ယခုအခါနိုင်ငံသားစိစစ်ရေးကတ်ပြားတွင်လည်းဗမာဟုလွဲမှားစွာမှတ်ပုံတင်ထားခြင်း
ခံထားရခြင်းကြောင့် လက်ရှိအနေအထားတွင် တိုင်းရင်းသားရေးရာ ၀န်ကြီးအဆင့်အတန်းပင် မရရှိပါ။
ဤသည်တို့ကို ပြန်လည်ပြင်ဆင်ပေးပါရန် ညီလာခံမှတဆင့် တောင်းဆိုပါသည်။

(ဃ) Federal Unit များအမည်ကွဲပြားနေခြင်းမရှိသင့်ပါ။
(ယခုကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ် များကိုအမည်ကွဲပြားနေခြင်းကိုဆိုလို) ထိုသို့ကွဲပြားနေခြင်းကလည်းတိုင်းရင်းသားများအချင်းချင်း စိတ်ဝမ်းကွဲပြားရခြင်း အကြောင်းရင်းတစ်ခု ဖြစ်သည်။

(င) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ၎င်းတို့ယခင်ကစစ်ရေးလှုပ်ရှားခဲ့သောနယ်မြေများကို ၎င်းတို့၏နယ်မြေများအဖြစ်သတ်မှတ်ပေးရန်လည်းမသင့်တော်ပါ။

၂။ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအခြေခံသင့်သည့်မူများ
မြန်မာနိုင်ငံအတွင်းတစ်ခုတည်းသောတပ်မတော် ရှိရမည်။ ယင်းတပ်မတော်ကိုရွေးကောက်ခံအရပ်သားအစိုးရအုပ်ချုပ်မှု လက်အောက်ထားရှိရမည်။
တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက်အဓိက တာဝန်ရှိသည်။

၃။ Tax & Revenue Sharing (အခွန်နှင့် ဘဏ္ဍာငွေ ခွဲဝေမှု)
သက်ဆိုင်ရာကဏ္ဍများအလိုက် တိကျစွာသတ်မှတ်ပြဌာန်းထားသော ၀င်ငွေနှင့် အခွန်ခွဲဝေခံစားသင်သည့်ရာခိုင်နှုန်းအချိုးအစားကိုတိကျစွာသတ်မှတ်ရေးများစွာအရေးကြီးပါသည်
 ပြည်ထောင်စုအစိုးရမှ ပေးသလောက်ယူဆိုသည်ထက် အခွန်နှင့် ဘဏ္ဍာငွေ ခွဲဝေမှု အချိုးအစားကိုဥပဒေကဲ့သို့သောခိုင်မာသည့် စည်းမျဉ်းများဖြင့် သတ်မှတ်ပြဌာန်းထားရန် လိုပါသည်။
ပြည်နယ် အလိုက် ရာခိုင်နှုန်းအချိုးအစားတူညီစရာမလိုအပ်ပါ ။
ဥပမာ။ ၀င်ငွေရလမ်းနည်းပါးသောပြည်နယ်များအတွက်ရာခိုင်နှုန်းအချိုးအစားပိုမိုခံစားခွင့်ပေးသင့်ပါသည်။
ထို့အတွက် ခိုင်မာသောစီမံခန့်ခွဲမှု ယန္တရားရှိသင့်ပါသည်။

၎။ သဘာဝသယံဇာတ စီမံခန့်ခွဲခြင်း နှင့် ခွဲဝေခြင်း ဆိုင်ရာကိစ္စရပ်များ
(က) မြေယာ
သားစဉ်မြေးဆက် ၎င်းအပေါ် မှီတင်းနေထိုင်သူလူမျိုးစုများအတွက် မြေယာသည် သမိုင်းဖြစ်သည်။ တိုင်းရင်းသားတို့၏ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းအစဉ်အလာများမြေယာကိုအခြေပြုထွန်းကားခဲ့ကြသည်။
မိဘဘိုးဘေးများအစဉ်အဆက်နေထိုင်လာကြသောထိုမြေပေါ်တွင် ဆက်လက်ရှင်သန်ရပ်တည်နိုင်ခြင်းသည် တိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာ ဖြစ်သည်။
 မြေယာသည် မိမိတို့ ဂုဏ်သိက္ခာဖြစ်သည့်အားလျော်စွာ ထိုမြေယာကိုစီမံခန့်ခွဲမှု ပြုသောရှုထောင့်မှ စဉ်းစားတွေးတောဆုံးဖြတ်မှုများသည် တိုင်းရင်းသားတို့၏ သမိုင်း၊ ယဉ်ကျေးမှု အမှတ်သင်္ကေတများကိုပျက်ယွင်းစေခြင်း၊ ယုတ်လျော့စေခြင်းမဖြစ်စေရပါ။
တိုင်းရင်းသားများမှာ သဘာဝတောင်တောင်ရေမြေများကို အမှီပြုပြီးသဟဇာတဖြစ်စွာအသက်မွေးမှု ပြုကြရသည်ဖြစ်ရာ ၎င်းတို့ ဒေသများရှိ သဘာဝတောတောင်များအား အသုံးပြုခွင့်၊ထိန်းသိမ်းစောင့်ရှောက်ခွင့်ရှိရမည်ဖြစ်သည်။

 သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အကြောင်းပြုသောမြေယာဧကသိန်းသန်းချီအားထိန်းသိမ်းရေးနယ်မြေများဖွဲ့စည်းခြင်းကို
အားမပေးပါ။ စိုက်ပျိုးရေးလုပ်ငန်းများကိုအမည်ခံကာသိမ်းယူထားသောမြေယာများပြန်ပေးရန် လိုအပ်ပါသည်။ပြန်ပေးရန်လည်းအလေးအနက်တိုက်တွန်းလိုပါသည်။
စစ်ဘေးရှောင်ပြည်သူများ (IDPs)ကို ပြန်လည်နေရာချထားရေးအတွက်လည်းယင်းမြေယာများအရေးပါသည်။

နိုင်ငံအ၀န်း နှစ်ပေါင်း ၄၀၊၅၀ကျော်တည်ရှိနေသော ပြည်ထဲရေးအမည်မပေါက်သေးသည့် ကျေးရွာများကို ပြည်ထဲရေးအမည်ပေါက်အောင် သတ်မှတ်ရေးမူများထားရှိရန်။
ကိုလိုနီခေတ်ကတည်းကသတ်မှတ်ထားသော သတ္တုတွင်းနယ်မြေဧရိယာများနှင့် သစ်တောဧရိယာများကို ခေတ်နှင့်လျော်ညီအောင်တိတိကျကျပြန်လည်ပြင်ဆင်သတ်မှတ်ပေးရေးမူများထားရှိရန်။

(ခ) သဘာဝသယံဇာတ
သဘာဝဓာတ်ငွေ့၊ သစ်တော၊ သတ္တု စသည့် အမျိုးမျိုးသောသဘာဝသယံဇာတကို သက်ဆိုင်ရာ ပြည်နယ်များအလိုက် ပြည်ထောင်စုအစိုးရနှင့် အချိုးညီစွာစီမံခန့်ခွဲပိုင်ခွင့်ရရှိရေးမှာအရေးပါပါသည်။
အထက်တွင် ဖော်ပြခဲ့သည့် အတိုင်းတိကျစွာသတ်မှတ်ပြဌာန်းထားသောဘဏ္ဍာရေး နှင့် အခွန်ခွဲဝေမှု ရှိရမည်ဖြစ်ပြီးယင်းကိုအောက်ခြေကိုအခြေခံသည့် မူဖြစ်ရပါမည်။
(ဂ) စီးပွားရေးစီမံကိန်းများ
သက်ဆိုင်ရာတိုင်းရင်းသားများသည် ၎င်းတို့၏ ရေမြေတောတောင် ရာသီဥတုအနေအထားနှင့် ကိုက်ညီသောစီးပွားရေးလုပ်ငန်းများဖော်ဆောင်ခွင့်ရှိသည်။
ဗဟိုအစိုးရ၏ လိုအပ်ချက်တစ်ခုတည်းဖြင့် စီးပွားရေးစီမံကိန်းများ၊ စီမံချက်များကိုမဖော်ဆောင်သင့်ပါ။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးကိုမရရှိမီစပ်ကြားတိုင်းရင်းသားဒေသများရှိသယံဇာတတူးဖော်ထုတ်လုပ်သော
စီမံကိန်းများထပ်မံခွင့်မပြုရန် နှင့် ရှိနှင့်ပြီးစီမံကိန်းများကိုယာယီအားဖြင့် ရပ်ဆိုင်းထားရန်လိုပါသည်။

နိဂုံး
ထားဝယ်လူမျိုးတို့သည် ပုဂံခေတ်မတိုင်မီကတည်းကပင် အများအားဖြင့် ထားဝယ်မြစ်ဝှမ်း တစ်လျှောက် မြို့ပြနိုင်ငံများထူထောင် နေထိုင်လာခဲ့သည်။ ထားဝယ်လူမျိုးတို့၏ ထင်ရှားသော မြို့ပြနိုင်ငံတော်တစ်ခု ဖြစ်သည့် သာဂရမြို့ကိုအေဒီ ၇၅၁-၇၆၁ တွင် တည်ထောင်ခဲ့သဖြင့် ပုဂံထက်ပင် နှစ် ၁၀၀ ခန့် စောသည်ဟုယူဆနိုင် သည်။
မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ၊ တပ်မတော် ထူထောင်စဉ်ကပင် ထားဝယ်လူမျိုးများသည် အခြားလူမျိုးများနှင့်အတူရှေ့တန်းမှ ကြိုးပမ်းခဲ့သည်။ ထင်ရှားသော ထားဝယ်လူမျိုး လွတ်လပ်ရေးသူရဲကောင်းတစ်ဦးမှာဗိုလ်မှူးကြီးဗထူးဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထားဝယ်လူမျိုးတို့မှာ မိမိတို့ လူမျိုးအမည်မှန်ဖြစ်သော ‘ထားဝယ်’ ကိုနိုင်ငံသားစိစစ်ရေးကတ်ပြားတွင် တရားဝင် မှတ်ပုံတင်ရန်ပင် အခက်အခဲများစွာ ကြုံလျက်ရှိသည်။
ထိုကြောင့် အခြားလူမျိုးများမှာအဆင့်ဆင့်သောကိုယ်ပိုင်ပြဌာန်းခွင့် အတွက် တောင်းဆိုနေကြချိန်တွင် ထားဝယ်လူမျိုးတို့မှာ တရားဝင် စာရင်းပေါက်ရေးကိုပင် မရေရာ ဖြစ်နေရသည်။
ထိုကြောင့် လူဦးရေသိန်းချီရှိသော ထားဝယ်လူမျိုးတို့၏ တန်းတူညီတူရေးကိုသော်လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ထားဝယ်လူမျိုးဗိုလ်မှူးကြီးဗထူးနှင့် သစ္စာရှိစွာလွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သော ထားဝယ်သားဗမာ့လွတ်လပ်ရေးတပ်မတော်သားများ၏ မျက်နှာကိုထောက်ချင့်ခြင်းဖြင့် သော်လည်းကောင်း ထားဝယ်လူမျိုးတို့၏ တိုင်းရင်းသားအခွင့်အရေးကိုထည့်သွင်းစဉ်းစားပေးရန် အလေးအနက် တိုက်တွန်းလိုပါသည်။
ပြည်ထောင်စုကြီးလည်းပန်းတိုင်ရောက်၊ ထားဝယ်လူမျိုးများလည်း ပန်းတိုင်ရောက် လိုပါသည်။

ကျေးဇူးတင်ပါသည်။

နှုတ်ဆက်စကား
**********
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းလိုသောဆန္ဒရှိလျှင် ငြိမ်းချမ်းပါမည်။
ငြိမ်းချမ်းလိုသောဆန္ဒမရှိလျှင် ငြိမ်းချမ်းကြမည်မဟုတ်ပါ။ ငြိမ်းချမ်းလိုသောဆန္ဒကိုယ်စီရှိနေကြပြီဖြစ်၍
လုပ်နည်းကိုင်နည်းများကိုအသေခြာဆွေးနွေးကြကာ ငြိမ်းချမ်းရေးအမြန်ရအောင်ဆောသ်ရွက်ကြပါလို့
တိုက်တွန်းပါသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ)ဟုခေါ်သော ဤ “ချစ်သူ့နယ်မြေ” မှာ ချစ်ခြင်ဒစကားတွေ
အပြန်အလှန်ပြောဆိုကြပြီး ၊ ကောင်းသော စိတ် နှလုံး တို့ဖြင့် နာကြားကြကာ အချိန်တိုအတွင်း ငြိမ်းချမ်းရေးကို
အမြန်တည်ဆောက်ကြပါစို့ဟု တိုက်တွန်းရင်း နံဂုံးချုပ်လိုက်ပါသည်။
“အားလုံးကျန်းမာကြပါစေ”

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -စီးပွားရေးကဏ္ဍ- အခွန်နှင့် ပြည်သူ့ဘဏ္ဍာခွဲဝေမှုခေါင်းစဉ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲ

Written By Live100 on Monday, January 25, 2016 | 12:00 AM


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
(တတိယနေ့နှင့် စတုထ္ထနေ့)
ဇန်နဝါရီလ၁၄- ၁၅ ရက်၊ ၂၀၁၆
MICC II
စီးပွားရေးကဏ္ဍ- အခွန်နှင့် ပြည်သူ့ဘဏ္ဍာခွဲဝေမှုခေါင်းစဉ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲ
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသော အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့၊ တိုင်းရင်းသား အဖွဲ့အစည်းများအစုအဖွဲ့နှင့် အခြားဖိတ်ကြားသင့်သော ပုဂ္ဂိုလ်များအစုအဖွဲ့ဟူ၍ အစုအဖွဲ့ပေါင်း ၇ ဖွဲ့မှ ကို်ယ်စားလှယ်ပေါင်း ၁၁၁ ဦးတက်ရောက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ သက်ဆိုင်ရာ အစုအဖွဲ့များမှ ဆွေးနွေးချက်စာတမ်းများကိုလည်း တင်သွင်းကြပါသည်။
ဆွေးနွေးချက်များတွင် အစုအဖွဲ့တစ်ခုနှင့်တစ်ခု တစ်ထပ်တည်းမကျသော်လည်း အခြေခံရမည့်မူများနှင့် ရည်ရွယ်ချက်လားရာများတူညီကြကြောင်း တွေ့ရှိရသည်။ လက်ရှိစီးပွားရေးကဏ္ဍအောက်ရှိ အခွန်အခနှင့် ဘဏ္ဍာငွေခွဲဝေရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းကိုအခြေမခံပဲ ဤညီလာခံကြီး၏ ရည်ရွယ်ချက်အတိုင်း တွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းအဖြေရှာမှု နည်းလမ်းကိုသာ အခြေခံပြီး ရှေ့ဆက်ဆောင်ရွက်သွားရန် အားလုံးမှ ဆွေးနွေးတင်ပြကြပါသည်။ ထိုဆွေး နွေးချက်များကို အောက်ပါအတိုင်းမှတ်တမ်းတင်ထားရှိပါသည်။ အစုအဖွဲ့များအားလုံးကထည့်သွင်းဆွေးနွေးကြသော အခြေခံမူများ
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစမှတ်အဖြစ်အသိအမှတ်ပြု၍ ‘ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု’ ကိုတည်ဆောက်ရန် - လုပ်ငန်းစဉ် (Process) တစ်ခုအဖြစ်ရှုမြင်ပြီး ဆွေးနွေးညှိနှိုင်းခြင်း၊ လက်တွေ့စမ်းသပ်ကျင့်သုံးခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းဟူသော ပုံစံဖြင့် ပိုမိုတိုးတက်ကောင်း မွန်လာအောင်ဆောင်ရွက်ရန်
- တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement) ပါ အခြေခံမူ အခန်း ၁ (က) တွင် ဖော်ပြထားသည့်အတိုင်း ဖက်ဒရယ်စနစ်ကို အခြေခံစဉ်းစားရန် - တိုင်းရင်းသားစည်းလုံးညီညွှတ်မှုအခြေခံဖြင့် ဆောင်ရွက်ရန် - တန်းတူညီမျှမှုကို ရှေ့ရှုရန်
- ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ရှုရန်
- ပြည်နယ်/တိုင်းဒေသကြီးများမှ မြေနှင့် သယံဇာတများအပါအဝင်သဘာဝအရင်းအမြစ်များနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်နှင့် စီမံခန့်ခွဲခွင့်များ ရရှိစေရန် ထိုမူဝါဒများကို လက်တွေ့ ဆုံးဖြတ်ဆောင်ရွက်ရာတွင်လည်း ပြည်နယ် / တိုင်းေ ဒသကြီးများ၏ မတူညီသော ပထဝီအနေအထား၊ အခြေခံအဆောက်အဦများအခြေအနေ၊ လူဦးရေ၊ သယံဇာတထွက်ရှိမှု၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေး နောက်ခံအခြေအနေများ၊ စီးပွားရေးဖွံ့  ဖြိုးမှုကွာဟ၊ နောက်ကျကျန်ခဲ့သည့်အနေအထား များကိုပါထည့်သွင်းစဉ်းစားပြီး ဆင်းရဲချမ်းသာကွာဟမှုကို လျော့နည်းပပျောက်သွားစေရန် ဆောင်ရွက်သင့် သည်။ ထို့  ပြင်သင့်လျော်သောနိုင်ငံတကာအတွေ့  အကြုံများကို ပါလေ့လာပြီးမြန်မာနိုင်ငံ၏ ထူးခြားသော ဝိသေသများနှင့် နှိုင်းယှဉ်ချိန်ထိုး၍ ဆောင်ရွက်သင့်ပါသည်။ ပေါ်လွင်ထင်ရှားသော အကြံပြုချက်များ
၁။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြည်ထောင်စု ဥပဒေပြုစာရင်း ဇယား ၁၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဥပဒေပြုစာရင်း ဇယား ၂၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း ဇယား ၃ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများ ဇယား ၅ ကို ညှိနှိုင်းဆွေးနွေးပြီး အခွန်ကောက်ခံပိုင်ခွင့်များနှင့် ဘဏ္ဍာငွေခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်း ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဥပဒေများပြဌာန်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခွင့်များကို သတ်မှတ်ပေးရန် ၂။ မက်ခရိုစီးပွားရေးမူဝါဒများ၊ ဘဏ္ဍာရေးမူဝါဒများနှင့်စီမံခန့်ခွဲမှု အပါအဝင် ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိအောင်ဆောင်ရွက်ပေးရန် ၃။ အခွန်ကောက်ခံမှု၊ ဘဏ္ဍာငွေခွဲဝေမှုနှင့်ဆိုင်သော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအားလုံးကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလိုပြင်ဆင်ရေးဆွဲပြဌာန်းရန်
၎။ အုပ်ချုပ်ရေးကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍဗဟိုချုပ်ကိုင်မှု လျှော့ချရေးလုပ်ငန်းစဉ်ကို ထိရောက်စွာ ဆောင်ရွက်ရင်း အခြေခံဥပဒေပါ ကိုယ်တိုင်စီမံပြဌာန်းဆောင်ရွက်ခွင့်ကို ရရှိအောင်ဆောင်ရွက်ပေးရန်
၅။တန်းတူညီမျှမှုနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်နိုင်မည့်အခွန်စနစ်နှင့်ဘဏ္ဍာငွေခွဲဝေမှုစနစ်များ ဖြစ်လာအောင်ဆောင်ရွက်ရန် ၆။ တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၂) နှင့် (၅) ပါ ကဏ္ဍရပ်များအတွက် အခွန် ကောက်ခံမှုလုပ်ငန်းများကိုဆောင်ရွက်ရန် သီးသန့်ဥပဒေများပြဌာန်းနိုင်ခြင်းမရှိသေးသောကြောင့် လိုအပ်သော ဥပဒေဆိုင်ရာ အင်စတီကျူးရှင်းများ၊ သီးခြားလွတ်လပ်သော စီးပွားရေးအင်စတီကျူးရှင်းများ ပေါ်ပေါက်လာ အောင် ဆောင်ရွက်ရန် ၇။ ပြည်နယ်/တိုင်းဒေသကြီးများ၏ ဥပဒေပြုခွင့်အာဏာနှင့် ဥပဒေအကောင်အထည်ဖော်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်
၈။ ပြည်နယ်/တိုင်းဒေသကြီးအတွင်းရှိ အစိုးရအဖွဲ့အစည်း အဆင့်ဆင့်နှင့် ဒေသန္တရအဖွဲ့အစည်းများ အတွက် လည်း တိကျခိုင်မာသော စီမံအုပ်ချုပ်မှုအာဏာခွဲဝေ ထားရှိမှုများပြုလုပ်ရန် ၉။ စုစုပေါင်းအခွန်ကောက်ခံရရှိမှု Tax Base ကိုတိုးချဲ့နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်
၁၀။ ပြည်နယ်/တိုင်းဒေသကြီးများသို့ ဘဏ္ဍာငွေခွဲဝေရာတွင် လူဦးရေအခြေခံ၊ ပထဝီအခြေခံ၊ ၀င်ငွေအခြေခံ၊ စွမ်းဆောင်ရည်အခြေခံနည်းများ ကိုစဉ်းစားရွေးချယ်ရမည့်အပြင် စီးပွားရေးအခွင့်အလမ်းမတူညီသော ပြည်နယ်/တိုင်းဒေသကြီးများအချင်းချင်းကြား မျှတစွာခွဲဝေနိုင်ရေးအတွက် Horizontal & Vertical Equalization ကိုကျင့်သုံးရန်နှင့် ယင်းသို့ ဘဏ္ဍာငွေခွဲဝေရာတွင် ပြည်နယ်/တိုင်းဒေသကြီးများအချင်းချင်း မတူကွဲပြားမှုများကြောင့် ဘဏ္ဍာငွေခွဲဝေမှုအထူးအစီအစဉ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် (ဥပမာ- အမေရိကန်ပြည်ထောင်စုတွင် သုံးသည့် Unique Revenue Sharing Scheme ပုံစံမျိုးဆောင်ရွက်ရန်) ၁၁။ အခွန်ကောက်ခံမှုနှင့် ဘဏ္ဍာငွေခွဲဝေမှုကိစ္စများတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများ ကိုဆောင်ရွက်ရာ၌ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီဖြစ်စေအောင်ဆောင်ရွက်ရန်နှင့် ယင်းသို့ ဆောင်ရွက်ရာတွင် တာဝန်ခံမှုကိုအာမခံနိုင်ရန်အတွက် သီးခြား လွတ်လပ်သော စာရင်းစစ်အဖွဲ့များ ဖြင့်ဆောင်ရွက်ရန် ၁၂။ အခွန်ကောက်ခံမှုနှင့် ဘဏ္ဍာငွေခွဲဝေမှုကိစ္စများကို ပြည်သူလူထုများအားလုံး သိရှိနားလည်အောင် ဆောင်ရွက်ပေးရန် (ဥပမာ- အခွန်ကောက်ခံသောဝန်ထမ်းများနှင့် အခွန်ပေးဆောင်သူများအကြား ပိုမို ထိတွေ့မှုများရှိလာအောင် ဆောင်ရွက်ပေးရန်) ၁၃။ ဘဏ္ဍာရေးကဏ္ဍဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းကြောင့် လက်ရှိ တိုင်းဒေသကြီး/ပြည်နယ်များအကြား ရှိနေသော ဆင်းရဲချမ်းသာကွာဟမှုများကို ပိုမိုဆိုးရွားမသွားစေရန်ကိုလည်း အထူးသတိပြုပြီး ဆောင်ရွက်ရန်
၁၄။ လူ့စွမ်းအားအရင်းအမြစ် မလုံလောက်မှုများမှာ အစိုးရအဖွဲ့ အဆင့်ဆင့်တွင်ရှိနေသည်မှာမှန်သော်လည်း တစ်ဖက်တွင် ရှိပြီးသားအရင်းအမြစ်များကိုပင် အပြည့်အ၀အသုံးမချနိုင်သေးသဖြင့် ထိထိရောက်ရောက်အသုံး ချနိုင်အောင်ဆောင်ရွက်ရန်၊ လူ့အရင်းအမြစ်နှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် လူသား အရင်းအမြစ်ဖွံ့ဖြိုးရေးကို ဗဟိုချုပ်ကိုင်မှုလျှော့ချသည့် လုပ်ငန်းစဉ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အာဏာခွဲဝေပေး မှုလုပ်ငန်းစဉ်များနှင့် အပြိုင်ဆောင်ရွက်ရန် ၁၅။ ရှိရင်းစွဲ အရင်းအမြစ်များကို ခွဲဝေမှုသက်သက်ကိုသာအာရုံမစိုက်ပဲ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ စီးပွားရေးကဏ္ဍများ ပိုမိုကြီးမားကျယ်ပြန့်လာပြီး အခွန်အရင်းအမြစ်များ များပြားလာအောင်ဆောင်ရွက်ရန်
(က) ယင်းသို့ဆောင်ရွက်ရာတွင် ကုန်ကြမ်းများကို ကုန်ချောအဆင့်ဆင့်ထုတ်သည့်လုပ်ငန်းစဉ် Value added process ကိုတိုးတက်လာအောင်ဆောင်ရွက်ရန်
(ခ) ရင်းနှီးမြှပ်နှံမှုများကို ဆွဲဆောင်ရာတွင် အခွန်လျှော့ပေါ့သည့် နည်းလမ်းတစ်ခုတည်းသာ မကျင့်သုံးပဲ အခြားမက်လုံးများကို လည်းဖန်တီးပေးခြင်းနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရန် (ဂ) ယခင်အစိုးရများလက်ထက်တွင် အခြေအနေကြောင့် ခရိုနီအရင်းရှင်စီးပွားရေးအောက်တွင် အခွင့်အလမ်း ကောင်းများရရှိခဲ့သော လုပ်ငန်းကြီးများတွင် စုဆောင်းရောက်ရှိနေသော အရင်းအနှီးငွေများကို ပြည်နယ်နှင့် တိုင်းဒေသကြီးစီးပွားရေးကဏ္ဍများဖွံ့ဖြိုး တိုးတက်လာ စေရေးအတွက် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ရင်းနှီး မြှပ်နှံလုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးရန် ၁၆။ အခွန်ကောက်ယူရာတွင်လည်း အခွန်အပြည့်အ၀မပေးဆောင်သူ၊ အခွန်ရှောင်သူနှင့် အခွန်ကောက်ခံသူ ၀န်ထမ်းများအပါအ၀င် အဂတိလိုက်စားမှုနှင့်ဆက်စပ်သော သူအားလုံးကို ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်ရန် ၁၇။ ၀င်ငွေအမှန်ရရှိသူများနှင့် ငွေကြေးခ၀ါချသူများအား ၀င်ငွေခွန်ကောက်ခံရာတွင် တပြေးညီနှုန်းထားဖြင့် တန်းတူကောက်ခံနေခြင်းကို ပယ်ဖျက်၍ တရားမျှတမှုရှိသော နှုန်းထားများဖြင့် ပြင်ဆင်ကောက်ခံရန်
ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ စီးပွားရေးကဏ္ဍ (အခွန်ကောက်ယူခြင်းနှင့် ပြန်လည်ခွဲ ဝေခြင်း) မှ ဆွေးနွေးအကြံပြုတင်ပြချက်များကို ထိရောက်အောင်မြင်စွာ ရေးဆွဲပြဌာန်း၊ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် အရေးကြီးကြောင်းအလေးအနက်ထားပြီး တင်ပြအပ်ပါသည်။
=======================================

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ လူမှုရေးကဏ္ဍဆွေးနွေးပွဲ လူမှုရေး - ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စ ရပ်များထဲမှ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) ကိစ္စရပ်များ အစုအဖွဲ့များ၏ အမြင်များ စုစည်းတင်ပြချက်

Written By Live100 on Sunday, January 24, 2016 | 11:54 PM


ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ
လူမှုရေးကဏ္ဍဆွေးနွေးပွဲ
လူမှုရေး - ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စ ရပ်များထဲမှ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) ကိစ္စရပ်များ အစုအဖွဲ့များ၏ အမြင်များ စုစည်းတင်ပြချက်
သဘာပတိ အဖွဲ့ဝင်များ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁၄) ရက် (၁) ဦးစောဂျူပလီစံလှ (ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရ) (၂) ဦးသောင်းစိန် (စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်) (၃) ဗိုလ်မှူးချုပ် သန်းထွန်းဦး (ဒုတိယတိုင်းမှူး မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်) (၄) ပဒို စောရော်ဂျာခင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကေအန်ဲယူ-ကရင်အမျိုးသား အစည်းအရုံး) (၅) ဦးဖိုးရယ် (ဥက္ကဋ္ဌ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်))
၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁၅) ရက် (၁) ဦးဝင်းမြင့် (အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရ) (၂) ဦးသောင်းစိန် (စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်) (၃) ဗိုလ်မှူးချုပ် သန်းထွန်းဦး (ဒုတိယတိုင်းမှူး မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်) (၄) ပဒို စောရော်ဂျာခင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကေအန်ဲယူ-ကရင်အမျိုးသား အစည်းအရုံး) (၅) ဦးဖိုးရယ် (ဥက္ကဋ္ဌ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)
(၁) IDPs များဖြစ်ပေါ်လာရသည့် နောက်ခံသမိုင်းကြောင်း နိုင်ငံရေးပြဿနာနှင့် လက်နက်ကိုင်ပဋိပက္ခများ။ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့များအကြားဖြစ်ပေါ်သော ပဋိပက္ခများ။ ဒေသနေနှင့် ပြည်ပမှဝင်လာသူများအကြား ဖြစ်ပေါ်လာသော ပဋိပက္ခ များ။ ဆိုးရွားသည့်သဘာဝဘေးဒဏ်။ လူလုပ်ဘေးဒဏ်။
(၂) ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) ၏ အနက်အဓိပ္ဗါယ် ဖွင့်ဆိုချက်
နိုင်ငံရေးပြဿနာနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ် စနွ့်ခွာတိမ်းရှောင်သူ တိုင်းရင်းသားလူမျိုးများ။ (အစိုးရ)
နိုင်ငံအတွင်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုများကြောင့် အသက် အန္တရာယ် ရှင်သန်ရပ်တည်ရေးအတွက် နေရာဒေသအားစွန့်ခွာ၍ လုံခြုံမှုရှိ သောနယ်မြေအသီးသီးသို့ တိမ်းရှောင်ခိုလှုံလျက်ရှိသူများအားလုံး အကျုံးဝင် ပါသည်။ တစ်ဘက်နိုင်ငံမှ ခိုးဝင် ဘင်္ဂါလီဒုက္ခသည်များ၊ ပင်လယ်ပြင် လှေစီး ဒုက္ခသည်များ၊ နယ်စပ်ဒေသတစ်ဘက်နိုင်ငံရောက် (REFUGEE) ဒုက္ခသည် များ၊ သဘာဝဘေးအန္တရာယ် ကြောင့် ယာယီကယ်ဆယ်ရေး စခန်းများတွင် ယာယီခိုလှုံသူများအား ပါဝင်စဉ်းစားခြင်း ပြုမည်မဟုတ်ပါ။ ပဋိပက္ခ ဒေသ တွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ မိသားစုများ ပြန်လည်နေရာချထား သည့်ကိစ္စကို ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး ခေါင်းစဉ်အောက်တွင် ဆက်လက်ဆောင်ရွက်သွားပါမည်။ (တပ်မတော်)

ပြည်တွင်းနေရပ်စနွ့်ခွာတိမ်းရှောင်သူများဆိုသည်မှာ လက်နက်ကိုင်ပဋိပက္ခ များကြောင့်လည်းကောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် လည်း ကောင်း၊ အခြားသောအထွေထွေ အကြမ်းဖက်မှုများကြောင့် လည်းကောင်း၊ လူလုပ်သဖြင့် ဖြစ်ပေါ်လာသော ကပ်ဘေးများနှင့် သဘာဝကပ်ဘေးများ ကြောင့်လည်းကောင်း နေရပ်စနွ့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရပြီး နိုင်ငံတကာ နယ်နိမိတ် မဖြတ်ကျော် သူများကို ဆိုလိုသည်။ EAOs(တိုင်းရင်းသား လက်နက်ကိုင်များ)
(၃) မြော်မြင်ချက် (Vision) နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ၍ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဖြင့် IDP များ၏အရေးကို ကူညီပေးရန်။
(၄) ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူ အမျိုးအစားများ (Types of IDPs) အစိုးရကိုယ်စားလှယ်များအစုအဖွဲ့ ၁။ တရားဥပဒေစိုးမိုးမှုအောက် ပြောင်းရွှေ့နေထိုင်သူများ။ ၂။ တရားဥပဒေ စိုးမိုးမှုအားနည်းနေသော နယ်စပ်ဒေသသို့ရောက်ရှိသွားသူ များ။ ၃။ တစ်ဖက်နိုင်ငံတွင် ဒုက္ခသည် အမည်ခံ၍ နှစ်ပေါင်းများစွာ ပြောင်းရွှေ့နေ ထိုင်သော တိုင်းရင်းသားလူမျိုးများ။ (မှတ်ချက်။ ။ တစ်ဖက်နိုင်ငံတွင် ရောက်ရှိပြီး ဖြစ်သည့်အတွက် IDPs မဟုတ်တော့ပါ။ စဉ်းစားသင့်ပါကြောင်း)
တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ၁။ အတင်းအဓမ္မ ပြောင်းရွှေ့ခံရသူများ။ ၂။ တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်ရသူများ။ ၃။ မိမိတို့ ဆွေမျိုး/ မိတ်ဆွေများထံသို့ သွားရောက်ခိုလှုံနေထိုင်ကြရသူများ။ ၄။ IDPs စခန်းများအတွင်းသို့ သွားရောက်ခိုလှုံနေထိုင်ကြရသူများ။

(၅) IDPs များနှင့် ပတ်သက်သော ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့် ပတ်သက်၍ အစုအဖွဲ့အသီးသီး၏ ဆွေးနွေးညှိနှိုင်းချက်များ ကို စုစည်းတင်ပြချက်
၁။ နိုင်ငံရေးဆွေးနွေးပွဲအရ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ တိုးတက်လုပ်ဆောင်နေသကဲ့သို့ NCA သဘောတူစာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်းစဉ်များကိုလည်း တစ်ပြိုင်တည်းစဉ်ဆက်မပြတ် တိုးတက်အောင်လုပ်ဆောင်ရမည်။ (လွှတ်တော်, တပ်မတော်, EAOs, နိုင်ငံရေးပါတီများ, တိုင်းရင်းသားကိုယ်စားလှယ်များ, ပါဝင်သင့်ပါဝင်ထိုက်သူများ) ၂။ နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ရန်။ (အစိုးရ) ၃။ သက်ဆိုင်ပတ်သက်သူများ အားလုံးပါဝင်ခွင့်၊ ဆုံးဖြတ်ခငွ့်။ (တိုင်းရင်းသားကိုယ်စားလှယ်များ, ပါဝင်သင့်ပါဝင်ထိုက်သူများ) ၄။ ပြည်တငွ်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs)နှင့် ပဋိပက္ခဒဏ်ခံစား ရသူများအတကွ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးခြင်းနှင့် စပ်လျဉ်းပြီး NGO နှင့် INGO အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများအား နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် ရာတငွ် သက်ဆိုင်ရာ အစိုးရဌာနများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ဒေသဆို်င်ရာ အဖွဲ့အစည်းများကြား ညှိနှိုင်းဆောင် ရွက်ရန်။ (NCA အခန်း (၃)၊ ပုဒ်မ ၁၀ အပိုဒ်ခွဲ(က)) ၅။ NGO, INGOs, Donors များ အနေဖြင့် လူသားချင်းစာနာထောက်ထားမှု (Humanitarian Assistance) အကူအညီ ပေးရေးကို အကြောင်းပြ၍့  ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးစွက်ဖက်မှုမရှိစေရန်။ (အစိုးရ) ၆။ မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင်ဆောင်ရွက်ရန် (Build Back Better) (အစိုးရ) ၇။ မည်သူမျှမကျန်ခဲ့စေရန် (No One Left Behind) (အစိုးရ) ၈။ ဆိုးရွားသောအကျိုး ဆက်များမဖြစ်ပေါ်စေရန် (Do No Harm) (အစိုးရ) ၉။ ဘက်လိုက်မှု၊ ခြွဲခားမှုမရှိစေရန် (Neutrality and Impartiality) (အစိုးရ) ၁၀။ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိစေရန်။ (လွှတ်တော်, EAOs, နိုင်ငံရေးပါတီများ, တိုင်းရင်းသားကိုယ်စားလှယ်များ, ပါဝင်သင့်ပါဝင်ထိုက်သူများ)

၁၁။ နိုင်ငံတကာစံချိန်စံညွန်းများ၊ တိုင်းရင်းသားများ၏ ဓလေ့ထုံးစံများ၊ ဒေသဆိုင်ရာ ဗဟုသုတ (Local Wisdom)၊ ဒေသဆိုင်ရာ ထူးခြားချက်များကို အလေးထား၍ ဘက်စုံဖွံ့ဖြိုးရေးအမြင်ဖြင့် မူဝါဒများ ချမှတ်ရန်။ (အားလုံး) ၁၂။ IDPs များ မိမိဆန္ဒအလျောက် ဆုံးဖြတ်ချက်ချပိုင်ခွင့် (Voluntary Return) ။ မိမိဒေသသို့ ပြန်နိုင်ရေး အတက်ွလည်း တိုက်တနွ်းစည်းရုံး ဆောင်ရွက်ရန်။ (အားလုံး) ၁၃။ Safety, Dignity, Livelihood အာမခံချက်။ (အားလုံး) ၁၄။ တရားဥပဒေစိုးမိုးမှုကို မထိခိုက်စေဘဲ အထောက်အပံ့များအား လတ်ွလပ်စွာ စီမံခန့်ခွခွဲင့်။ (အားလုံး) ၁၅။ ဥပဒေကြောင်းအရလုံခြုံမှု (Legal Safety) နှင့် ပတ်သက်သော အခွင့်အရေးများ ဖြည့်ဆည်းပေးရေး။ (ဥပမာ- မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း၊ မြေပိုင်ဆိုင်ခငွ့်၊ ပုဒ်မ ၁၇/၁) ။ ထိုသို့ဆောင်ရွက်ရာတငွ် ပဋိပက္ခ အခြေအနေများကို အခွင့်ကောင်းယူ၍ မိမိနိုင်ငံ အတငွ်းသို့ အိမ်နီးချင်း နိုင်ငံများမှ တရားမဝင် နိုင်ငံခြားသားများ၊ ဒုက္ခသည်များ ရောနှော၍ ၀င်ရောက်မှု မရှိစေရေး၊ အကြမ်းဖက် အင်အားစုများ နှင့် နိုင်ငံအတကွ် အန္တရာယ်ရှိသူများ စိမ့်ဝင်မှု မရှိစေရေး လုပ်ထုံးလုပ်နည်း နှင့်အညီ စနစ်တကျ စိစစ် ဆောင်ရွက် ရမည်။ (အားလုံး)
၁၆။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု (Transparency, Accountability) (အားလုံး) ၁၇။ နောက်ဆက်တွဲ စောင့်ကြည့်လေ့လာခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း စဉ်ဆက်မပြတ် လုပ်ဆောင်ရန်။ (အစိုးရ, လွှတ်တော်, EAOs, နိုင်ငံရေးပါတီများ, တိုင်းရင်းသား ကိုယ်စားလှယ်များ, ပါဝင်သင့်ပါဝင်ထိုက်သူများ) ၁၈။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ပေးခြင်း။ (အားလုံး) ၁၉။ ပြန်လည်နေရာချထားရေးတငွ် မြေမြှပ်မှိုင်းပြဿနာများကို ကိုင်တွယ် ဖြေရှင်းရန်။ (အားလုံး) ၂၀ ။ မသမာမှုကင်းစင်ရေး။ (အစိုးရ, လွှတ်တော်, EAOs, နိုင်ငံရေးပါတီများ, တိုင်းရင်းသား ကိုယ်စားလှယ်များ, ပါဝင်သင့်ပါဝင်ထိုက်သူများ) ၂၁။ တရားဥပဒေစိုးမိုးရေး (ဥပမာ - လုံခြုံရေး၊ ရာဇ၀တ်မှုမဖြစ်ပွားရေး၊ အဓမ္မလုပ်အားနှင့် စစ်သားစုဆောင်းမှု မဖြစ်စေရေး။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ် တားဆီးရေး။ လူကုန်ကူးမှု အန္တရာယ်၊ မူးယစ်ဆေးဝါး အန္တရာယ်။) (အားလုံး)

၂၂။ အန္တရာယ်ကျရောက်လွယ်သော အုပ်စုများ (Group at risk) ကို ကာကွယ်ပေးရေး။ (အမျိုး သမီးနှင့်ကလေးများ၊ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ နာတာရှည်၊ လူနည်းစု စသဖြင့်) (အားလုံး) ၂၃။ IDPs များ ပြန်လည်နေရာချထားရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတငွ် အမျိုးသမီး (၃၀ %) ထက်မနည်း ပါဝင် ဆောင်ရွက်ရန်။ (လွှတ်တော်, ပါဝင်သင့်ပါဝင်ထိုက်သူများ) ၂၄။ လိုအပ်သည့် ကော်မတီများဖွဲ့စည်းဆောင်ရွက်ရန်။ (အားလုံး) ၂၅။ ပညာရေးနှင့် ပတ်သက်၍ တိုင်းရင်းသားဒေသ၏ ယဉ်ကျေးမှု၊ ဘာသာစကား နှင့် ဆက်စပ်ပြီး အစိုးရမှ ရေးဆွဲထားသော ပညာရေးမူဝါဒများ ပေါင်းစပ်လုပ်ဆောင် အကောင်အထည်ဖော်ရန်။ ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စများလည်း ပြန်လည် ဆက်စပ်နိုင်ရန်။ (တပ်မတော်, EAOs, တိုင်းရင်းသားကိုယ်စားလှယ်များ) ၂၆။ အမျိုးသမီး-အမျိုးသားတန်းတူညီမျှအခွင့်အရေးရရှိစေရေး။ (ပါဝင်သင့် ပါဝင်ထိုက် သူများ) ၂၇။ လက်နက်ကိုင်ပဋိပက္ခကြောင့်ဖြစ်ပေါ်လာသော ပြည်တငွ်းနေရပ် စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး အသုံးစရိတ် အတကွ် နိုင်ငံတော်ဘတ်ဂျက်နှင့် ဝန်ကြီးဋ္ဌာန အလိုက် အထူးကိစ္စရပ်များ အဖြစ် စီမံဆောင်ရွက်ရန်။ (လွှတ်တော်, တပ်မတော်,EAOs) ၂၈။ ရေရှည်တည်တံ့သည့်ဖြေရှင်းမှု (Durable Solution) ကို ဦးတည်၍ အစီအစဉ် များဆောင်ရွက်ရန်။ (အစိုးရ, လွှတ်တော်, EAOs, နိုင်ငံရေးပါတီများ, တိုင်းရင်းသား ကိုယ်စားလှယ်များ, ပါဝင်သင့်ပါဝင်ထိုက်သူများ)
(၆) ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သော လက်တွေ့အကောင်ထည်ဖော်ဆောင်ရွက်မှုများ (Implementations)
ကာလအပိုင်းအခြား ပြင်ဆင်ရေးကာလ (EAOs) ရှေးဦးပြန်လည်ထူထောင်ရေးကာလ (အစိုးရ)

လူမှုစီးပွားဘဝ မူလအခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်း။ (ကာလတို)။ (အစိုးရ) မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း (ကာလရှည်)။ (အစိုးရ)
ဆောင်ရွက်ပေးရမည့် လူမှုရေးနယ်ပယ်များ ၁။ ပညာရေး ၂။ကျန်းမာရေး (ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကာကွယ် စောင့်ရှောက်ရန်) ၃။ ကာကွယ်စောင့်ရှောက်ရေး (အကြမ်းဖက်မှုများနှင့် လူကုန်ကူးမှုများ) ၄။ ဘာသာရေး ၅။ ယဉ်ကျေးမှု ၆။ အားကစား ၇။ မြေယာဖော်ထုတ်ရေး ၈။ အသက်မွေးဝမ်းကြောင်း / စီးပွားရေး ၉။ အခြေခံအဆောက်အဦး (အိုးအိမ်၊ လမ်းပန်းဆက်သယ်ွရေး၊ ကျောင်း၊ တံတား စသဖြင့်)။ ၁၀။ မိသားစုပြန်လည်ပေါင်းစည်းရေး။ ၁၁။ မိမိနေရပ်သို့ မပြန်လိုသောသူများ၏ အရေးကိစ္စရပ်များ ကိုလည်း ထည့်သွင်း စဉ်းစားရန်။ ၁၂။ အမျိုးသမီးနှင့်ကလေးသူငယ်များ၏ မတူညီကွဲပြားသောလိုအပ်ချက်များ။ ၁၃။ မူးယစ်ဆေးဝါးပြဿနာ။ ဆောင်ရွက်ရမည့် နည်းလမ်း မဟာဗျူဟာ လူမှုကာကယ်ွစောင့်ရှောက်ရေး နည်းလမ်း
နည်းဗျူဟာ IDP Life cycle ကိုထောက်ပံ့ပေးရေး (ဦးစားပေးစနစ်ထားရှိရန်)

အခြားထည့်သွင်းစဉ်းစားရမည့် အချက်များ လုပ်ငန်းအချိန်ဇယားရေးဆွဲရန်။ Timing (အကြံပြုချက်။ ၂၀၁၆ ဇန်န၀ါရီလ မှ စက်တင်ဘာ/ အောက်တိုဘာလအတငွ်း ဖြစ်သင့်ပါသည်။ Assessment and Survey များ ပြုလုပ်နိုင်ရန်၊ အကောင်အထည် ဖော်နိုင်ရန် အတကွ် လုပ်ငန်း ကဏ္ဍအလိုက် အစုများ (Clusters) ဖွဲ့စည်း၍ အစီအစဉ်များ ရေးဆွဲသွားရန်။ Pilot project များဖြင့် စမ်းသပ်ဆောင်ရွက်ရန်။ စစ်မဲ့ဇုံများသတ်မှတ်နိုင်ရန်။ သင့်တော်သောအချိန်တွင် စခန်းများ ပြန်လည်ပိတ်သိမ်းရေး အခြေအနေများကို စဉ်းစားရန်။ ပြည်တငွ်းနေရပ်စွန့်ခွာတိမ်းရှောင်နေသူများ၏ ပုံမှန်အခြေအနေ ပြန်ရောက်ခြင်း (ပြန်လည်နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတငွ် ၄င်းတို့ အား စဉ်ဆက်မပြတ် စိစစ်အကြဲဖတ်ခြင်း ပြုလုပ်ပြီး ၄င်းတို့၏လူမှုဘ၀ ပုံမှန် အခြေအနေ (Normalization)သို့ ရောက်ရှိပြီးဖြစ်သည်ဟု အတည်ပြု သတ်မှတ်ပါက ပြည်တငွ်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ၏ ပြန်လည် နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြီးဆုံးသည်ဟု သတ်မှတ် ရမည်)။ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်သည်နှင့်အမျှ ပဋိပက္ခနှင့် ပတ်သက်သည့် IDPs လုပ်ငန်းစဉ် များလည်း အဆုံးသတ်သွားမည် ဖြစ်သည်။ (တပ်မတော်)
အပစ်အခတ်ရပ်စဲရေး သဘောတူပြီးသော နေရာဒေသများတွင် ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးရန်။
======================================

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များဆွေးနွေးပွဲ (သဘာဝသယံဇာတ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ) ဆွေးနွေးအကြံပြုချက်များ အကျဉ်းချုပ်


ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ
မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များဆွေးနွေးပွဲ
(သဘာဝသယံဇာတ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ)
ဆွေးနွေးအကြံပြုချက်များ အကျဉ်းချုပ်
မူဝါဒဆိုင်ရာ ဆွေးနွေးချက်များ
၁။ သဘာဝသယံဇာတများ၏ မူလပိုင်ရှင်သည် ပြည်သူများ ဖြစ်သည်။
၂။ မြေယာနှင့် တိုင်းရင်းသားတို့ဘဝသည် ခွဲခြား၍မရဘဲ မြေယာလုံခြုံရေးသည် ငြိမ်းချမ်းစွာ အသက်ရှင်နေထိုင်ရေးအတွက် အရေးကြီးသည်။ သဘာဝသယံဇာတဟု ဆိုရာတွင် မြေမှ အစပြု ၍ ဆောင်ရွက်ရမည် ဖြစ်သောကြောင့် မြေယာစီမံခန့်ခွဲမှုသည်လည်း မှန်ကန်မျှတရန် လိုပါသည်။
၃။ သဘာဝသယံဇာတပေါကြွယ်ဝသော နေရာများတွင် ပဋိပက္ခများ ပိုမိုဖြစ်ပွားသည့် သဘောသ ဘာဝကို တွေ့ရှိရသည်။
၎။ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် မြေယာနှင့် သဘာဝသယံဇာတများ အသုံးချမှု အလှမ်းမှီရေး၊ အကာအကွယ်ပေးရေး အရေးကြီးပါသည်။
၅။ ပြုပြင်ပြောင်းလဲရေးအပေါ် ယုံကြည်မှုတိုးတက်လာအောင် မှန်ကန်သော မြေယာမူဝါဒ ချမှတ်ပြီး ပြည်သူအများ အကျိုးရှိရှိ ပါဝင်လာအောင် ဆောင်ရွက်ရမည်။
၆။ သဘာဝသယံဇာတများအား ထုတ်ယူသုံးစွဲရာမှ ထွက်ပေါ်လာသည့် အကျိုးအမြတ်များကို ပြည်ထောင်စုကြီးအတွင်း မျှမျှတတ ခွဲဝေခံစားစေရမည်။
၇။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သက်ဆိုင်ရာဒေသတွင် နေထိုင်ကြသည့် ပြည်သူများ၏ သဘော တူညီမှု ရယူရမည်။
၈။ အနာဂတ်တွင် သဘာဝသယံဇာတအပေါ် မှီခိုမှု လျော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရန်။
ပြဿနာ/ စိန်ခေါ်မှုများ
၁။ မမျှတမှုများ ရှိနေခြင်း
၂။ လက်ရှိ မူဝါဒနှင့် ဥပဒေဆိုင်ရာ အားနည်းချက်များ
၃။ ပြဌာန်းဥပဒေများ ကျင့်သုံးမှု အားနည်းခြင်း
၎။ ဥပဒေမလိုက်နာမှုများကို အရေးယူဆောင်ရွက်မှု အားနည်းနေခြင်း
၅။ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း
၆။ ဗဟိုချုပ်ကိုင်မှု များနေခြင်း
၇။ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ခံမှု အားနည်းခြင်း
၈။ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး နှင့် စွမ်းဆောင်ရည် လျော့ကျခြင်း
၉။ သုတေသန နှင့် ရံပုံငွေ လုံလောက်မှု မရှိခြင်း
ဆောင်ရွက်ရမည့်အချက် နှင့် လိုအပ်ချက်များ
၁။ မြေယာနှင့် သဘာဝသယံဇာတများကို တိုင်းရင်းသားပြည်သူလူထုအားလုံးမှ အကျိုးစီးပွား ညီညွတ်မျှတစွာ ခံစားနိုင်ရန် စနစ်တကျ စီမံခန့်ခွဲခြင်း၊ ဝင်ငွေများကို ခွဲဝေသုံးစွဲခြင်း၊ ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်၍ ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာ ပညာရှင်များ ပါဝင်ကာ ပြည်သူလူထုမှ ရွေးချယ် တင်မြှောက် တာဝန်ပေးအပ်သူများက တာဝန်ယူဆောင်ရွက်သင့်သည်။
၂။ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများ နှင့်အညီ မြေယာလုံခြုံရေး၊ မြေယာ အသုံးပြုရေး၊ မြေယာအငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရေးများအတွက် အမျိုးသား မြေယာအသုံးချရေး မူဝါဒများကို ပြဋ္ဌာန်းသတ်မှတ်ရမည်။ သို့မှသာ ပြည်သူ့ဗဟိုပြု မြေယာအသုံးချစီမံခန့်ခွဲခြင်း ဖွံ့ဖြိုးတိုးတက်၍ ပွင့်လင်းမြင်သာစွာ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှုံမှုများတိုးတက်ကာ၊ မြေယာအကျိုးစီးပွား အခွင့်အလမ်းများ အပြည့်အဝအသုံးချနိုင်၍ ဒေသခံများနှင့် ပြည်သူတရပ်လုံး အကျိုးရှိစွာ ဆောင်ရွက်နိုင်မည်။ ၎င်းအတွက် လိုအပ်သလို -
(က) ဥပဒေပြဌာန်း စီမံခန့်ခွဲနိုင်ရေး၊
(ခ) ကျွမ်းကျင်သူများ ဆွေးနွေးတိုင်ပင် ညှိုနှိုင်းဆောင်ရွက်နိုင်ရေး၊
(ဂ) လက်ရှိအနေအထားအရ အကာအကွယ် အပြည့်အဝ ပေးနိုင်ရေး၊
(ဃ) မှတ်ပုံတင်နိုင်ရေး၊
(င) ရေရှည်လုပ်ပိုင်ခွင့်များ ပေးခြင်းကြောင့် ဒေသခံများမြေယာလုပ်ပိုင်ခွင့် မဆုံးရှုံးရေး နှင့်
(စ) စစ်ဘေးတိမ်းရှောင်ပြည်သူများကို ပြန်လည်နေရာချထားပြီး မြေယာလုပ်ပိုင်ခွင့်များ စနစ်တကျ ပြန်လည် ချထားပေးခြင်းတို့ကို နိုင်ငံတကာ လုပ်ထုံး၊ လုပ်နည်းများအတိုင်း ဆောင်ရွက်ရန် ဆွေးနွေးပါသည်။
၃။ လက်ရှိအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းပုဒ်မများအရ မြေပေါ်၊ မြေအောက် သယံဇာတ အားလုံးတို့သည် နိုင်ငံတော်မှပိုင်ဆိုင်၍ လုပ်ပိုင်ခွင့်များကို နောက်ဆက်တွဲ ဇယားတွင် ခွဲဝေ ပေးထားပြီးဖြစ်ပြီး လိုအပ်သလို ဆက်လက်ညှိုနှိုင်းရန်ဖြစ်သည်။ ၎င်းလုပ်ပိုင်ခွင့်များအရ သက်ဆိုင်ရာပြည်နယ်များမှ လိုအပ်သော ဥပဒေများကို လိုအပ်သလို ပြဌာန်းထုတ်ပြန်ရန် ဖြစ်သည်။ သို့ဖြစ်၍ -
(က) အခြေခံဥပဒေကို ပြန်လည်သုံးသပ်ခြင်း
(ခ) တည်ဆဲဥပဒေများ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း
(ဂ) ဥပဒေအထောက်အကူုပြု ဖွဲ့စည်းခြင်း
(ဃ) စွမ်းဆောင်ရည်မြင့်တင်ရေး
(င) လိုအပ်သော နည်းဥပဒေများ၊ ညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်နိုင်ရေးတို့ကို ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။
၎။ လက်ရှိအားတွင် တာဝန်ရှိသူများက အတတ်နိုင်ဆုံးဆောင်ရွက်နေပြီး နိုင်ငံတကာစံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများဖြစ်သော သယံဇာတထုတ်ယူမှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး လှုပ်ရှားမှု (EITI - Extractive Industry Transparency Initiative), ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA - Environmental Impact Assessment) လူမှုဘဝထိခိုက်မှု ဆန်းစစ်ခြင်း (SIA - Social Impact Assessment), ဆန္ဒအလျောက် တာဝန်ယူလုပ်ဆောင်ခြင်း (Volunteer Principle) များကို စတင်ကျင့်သုံး နေပြီဖြစ်သည်။
၅။ သဘာဝသယံဇာတများမှရရှိသော ဝင်ငွေများနှင့် ဥစ္စာဓနများကို ခွဲဝေရာတွင် အခြားနိုင်ငံများ၏ အတွေ့အကြုံအရ ပိုမိုဆိုးဝါးသွားသည်ကို အထူးသတိပြုရမည်ဖြစ်သည်။ လေ့လာဆန်းစစ်ချက် များ၊ သတင်းအချက်အလက်များ ပိုမိုရယူခြင်း၊ အဖွဲ့အစည်း၏ စွမ်းဆောင်နိုင်ရည်၊ ငွေကြေး ခွဲဝေသုံးစွဲမှုတွင် ဗဟိုချုပ်ကိုင်မှု လျော့ချရေး (Fiscal Decentralization) တို့ကို လေ့လာချိတ်ဆက် ဆောင်ရွက်ရခြင်း၊ သက်ဆိုင်သူအားလုံး (ဒေသခံပြည်သူ၊ စီးပွားရေး လုပ်ငန်းရှင်၊ ပညာရှင်များ အစရှိသဖြင့်) ပါဝင်ညှိုနှိုင်း ဆောင်ရွက်ရန် လိုသည်။
၆။ အထက်ပါအတိုင်း ဆောင်ရွက်နေသော်လည်း မူဝါဒ နှင့် ဥပဒေများ၏ အားနည်းချက်၊ အကောင် ထည်ဖော်ဆောင်ရွက် မှုများ၏ လိုအပ်ချက်၊ စီမံခန့်ခွဲမှု လစ်ဟာချက်များကြောင့် နိုင်ငံနှင့်အဝှမ်း ဒေသခံ ပြည်သူများ လူနေမှုဘဝထိခိုက်မှုများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း၊ မတည်ငြိမ်မှုများ ဖြစ်ပွားနေသည်ကို တက်ရောက်လာသော ကိုယ်စားလှယ်များက ထောက်ပြ ဆွေးနွေးခဲ့ကြသည်။ (ဥပမာ - သစ်တောများ ပျက်စီးပြုန်းတီးခြင်း၊ မြစ်ချောင်းများ တိမ်ကောခြင်း၊ ဒီရေရောက်တောများ ပျက်စီးခြင်း၊ အစရှိသည်ဖြင့်)
အကြံပြု ဆွေးနွေးသည့် အချက်များ
၁။ သဘာဝသယံဇာတဟုဆိုရာတွင် လူ့စွမ်းအားအရင်းအမြစ်များကိုပါ ထည့်သွင်းသင့်သည်။
၂။ သဘာဝသယံဇာတများ၏ မူလပိုင်ရှင်သည် နိုင်ငံတော်ဟုဆိုရာတွင် ပိုမိုတိကျစွာ အဓိပ္ပါယ် သတ်မှတ်ချက် ဖွင့်ဆိုရန် လိုအပ်သကဲ့သို့ နိုင်ငံတကာစံနှုန်းအရ (UNDRIP – United Nations Declaration on the Rights of Indigenous Peoples) နေရာဒေသ တစ်ခုတည်းတွင် အစဉ် တစိုက်နေထိုင်သော ဌာနေတိုင်းရင်းသားများက ပိုင်ဆိုင်သင့်သည်။
၃။ နိုင်ငံတကာစံဖြစ်သော (UNDRIP) ကို တိုင်းရင်းသားအများစုနှင့် ဆွေးနွေးသူများက နိုင်ငံအတွင်း အကျယ်တဝင့် လက်ခံဆောင်ရွက် သင့်သလို အနာဂါတ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်း သင့်သည်။
၎။ လွတ်လပ်၍ ကြိုတင်အသိပေးကာ သဘောတူညီချက် ရယူခြင်း (FPIC - Free, Prior and Informed Consent) စနစ်ကို ကျင့်သုံးဆောင်ရွက်ရန်။
၅။ နိုင်ငံတော်အဆင့် မူဝါဒများချမှတ်ရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခြင်းမူ (Sustainable Development Principle) ကြိုတင်သတိထားဆင်ခြင်ရမည့်မူ (Precautionary Principle) ယခုနှင့် နောင်မျိုးဆက်အကြား မျှော်မြင်စဉ်းစားရမည့်မူ (Inter/Intra generational equity) အစရှိသည်တို့ကို ထည့်သွင်းသင့်သည်။
၆။ မူဝါဒများချရာတွင် ပြည်နယ်တခုချင်း ပထဝီအနေအထားအရ ဆက်စပ်နေသော သဘာဝသယံ ဇာတများအား မည်သို့ ပူးတွဲစီမံခန့်ခွဲရမည်ကို စဉ်းစားဆွေးနွေး ရမည်ဖြစ်သလို ရေသယံဇာတ မူဝါဒ၊ မြစ်ကြောင်းများထိန်းသိမ်းရေးဆိုင်ရာမူဝါဒ၊ ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာမူဝါဒများ၊ ဇီဝလုံခြုံရေး၊ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုများကို ဥပဒေနှင့်အညီ စီမံခန့်ခွဲရေးကိစ္စများ ဆိုင်ရာမူဝါဒများ၊ EITI၊ နှင့် ရေရှည်ရံပုံငွေထားရှိရေးဆိုင်ရာ မူဝါဒများကို ပြည့်စုံစွာ ထည့်သွင်း ရေးဆွဲသွားရန် ဆွေးနွေးခဲ့ကြသည်။

၇။ စီမံခန့်ခွဲခွင့် လုပ်ပိုင်ခွင့်များ အခန်းကဏ္ဍကို ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးများ အတွင်း တိကျစွာ ခွဲဝေသတ်မှတ်ရန် လိုအပ်သည်။ ပြည်သူများ ပူးပေါင်းပါဝင် ဆုံးဖြတ်နိုင် ခွင့်ပြုရမည်။ Bottom Up ပုံစံဖြင့် ပြည်သူလူထုများမှ ရွေးချယ်တင်မြှောက် တာဝန်ပေးအပ် ထားသူများက အများသဘောတူ လုပ်ထုံးလုပ်နည်းအတိုင်း စီမံအုပ်ချုပ် ရမည်။
၈။ ဒေသခံပြည်သူများ၏ တနိုင်တပိုင် လုပ်ငန်းများကို အားပေးရန် လိုအပ်သလို မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကို လွတ်လပ်စွာ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရေးကို ခွင့်ပြုဖော်ဆောင်ရမည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှလည်း ပိုမိုကွင်းဆင်းမှုများပြုလုပ်ပြီး ပြည်သူနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးကြပါသည်။
၉။ သယံဇာတဝင်ငွေကိုခွဲဝေရာတွင် (ပြည်နယ်မှ ၇၀%၊ ဗဟိုမှ ၃၀% ၊ ၆၀% - ၄၀% ၊ ၅၀% - ၅၀% စသည်ဖြင့်) ယေဘုယျ အဆိုပြုသော်လည်း၊ အခြားသယံဇာတအင်အားနည်းသော ပြည်နယ် များ၏ လိုအပ်ချက်၊ ပြည်ထောင်စုမှ အားလုံးအတွက် ခြုံလွှမ်းဆောင်ရွက်ရမှုများ အတွက် ကုန်ကျစရိတ်များ၊ အနာဂါတ်ဖွံ့ဖြိုးရေး စုဆောင်းငွေများ လိုအပ်ချက်အပေါ် မူတည်၍လည်း စဉ်းစားရန် လိုအပ်ကြောင်းဆွေးနွေးကြသည်။ (အထက်တွင်လည်း ဓနစီးပွားခွဲဝေခြင်းကို ပုဂ္ဂလိက ခံစားချက်အရ ဆောင်ရွက်ခြင်းမဟုတ်ဘဲ အချက်အလက် စိန်ခေါ်ချက်များကို အခြေခံ ထည့်သွင်း စဉ်းစားရမည်)
၁၀။ သယံဇာတဝင်ငွေများကို ခွဲဝေရာတွင် အကျိုးကျေးဇူးအားလုံး (နှစ်စဉ်ကြေး Royalty Tax တစ်ခု တည်းမဟုတ်ဘဲ benefit and profit အပါအဝင်) ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
၁၁။ သယံဇာတခွဲဝေရာတွင် မည်သို့ခွဲဝေမည်ကို စဉ်းစားရုံမကဘဲ အောက်ခြေဒေသအဆင့် အထိ ခွဲဝေခြင်းကို စဉ်းစားရမည်။ ရရှိသော ခွဲဝေငွေများကို မည်သို့ စနစ်တကျ စီမံခန့်ခွဲသုံးစွဲရမည်ကို တိကျစွာသတ်မှတ်ရမည်။
၁၂။ နိုင်ငံတကာသဘောတူညီချက်များအရ ဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ဆိုင်ရာ လျာထားချက်များ ကို အကောင်အထည်ဖော်ရာတွင် ဂေဟစနစ် ဝန်ဆောင်မှု အတွက်အခကြေးငွေ (Payment for Ecosystem Services) ကို အကောင်ထည်ဖော် ဆောင်ရွက်ရမည်။
၁၃။ မြေယာနှင့်သဘာဝသယံဇာတ စီမံခန့်ခွဲရာတွင် ကောင်းမွန်သော စီမံခန့်ခွဲခြင်း (Good Governance) မရှိခြင်းကြောင့် နိုင်ငံတကာစံနှုန်းများဖြစ်သော
(က) ပွင့်လင်းမြင် သာမှု (Transparency)
(ခ) တာဝန်ခံမှု (Accountability)
(ဂ) တုန့်ပြန်မှု (Responsiveness)
(ဃ) ထိရောက်မှု (Effectiveness)
(င) အားလုံးပါဝင်မှု (All-inclusiveness)
(စ) သတင်းအချက်အလက်များ လွတ်လပ်စွာ စီးဆင်းမှု (free flow of information)
(ဆ) တရားဥပဒေစိုးမိုးမှု (rule of laws)
(ဇ) အားလုံးသဘောတူညီမှု (consensus) များအရ ဆောင်ရွက်ရမည်။ (သတင်းအချက် အလက်များအား ရယူသိရှိပိုင်ခွင့် Right-to-Know ဥပဒေများသီးခြားပြဌာန်းရန်လည်း ဆွေးနွေးသွားသည်)
၁၄။ NCA အရ အနာဂတ်တွင် သယံဇာတတွင်းထွက်ပစ္စည်းများ ထုတ်ယူရာတွင် EITI စံနှုန်းအရ ဆောင်ရွက်သွားရန်ဖြစ်သော်လည်း လက်ရှိအနေအထားတွင် ဆောင်ရွက်နေ သော စီမံကိန်းများ၊ သယံဇာတထုတ်ယူမှုများကြောင့် လူမှုဘဝထိခိုက်ခံစားရမှုများ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ရှိနေသောကြောင့် ဤကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရမည့် ယန္တရား (Mechanism) ကို အကောင်ထည်ဖော် ဆောင်ရွက်သွားရမည်။
၁၅။ NCA စာချုပ်ပါ ကြားကာလအတွင်း စီမံကိန်းများ၊ သယံဇာတ ထုတ်ယူမှု စီမံကိန်းများသည် ယုံကြည်မှုတည်ဆောက်မှုကို ထိခိုက်စေသောကြောင့် ကာလတစ်ခု အထိ ရပ်ဆိုင်းထားရန်၊ အကောင်ထည်ဖော်မှုမရှိရန် ဆွေးနွေးအဆိုပြုသည်။
၁၆။ မြေယာအငြင်းပွားမှုများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသ မြေယာအကြောင်း ကောင်းစွာသိသူများ ပါဝင်သော အဖွဲ့များဖွဲ့၍ ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်သည်။ မြေယာလျော်ကြေးများ၊ နစ်နာကြေးများကို လက်တွေ့ကျအောင် ပြင်ဆင် ဆောင်ရွက်သွားရမည်။
၁၇။ အနာဂတ်၌ တရားစီရင်ရေးတွင် အငြင်းပွားမှုများကို ပိုမိုထိရောက်စွာ ဖြေရှင်းဆောင်ရွက် နိုင်ရန် ဒေသအဆင့်တွင် ရိုးရာဓလေ့အရ စေ့စပ်ညှိနှိုင်းနိုင်သော ယန္တရား ဖော်ဆောင်ရန်နှင့် သီးခြား လွတ်လပ်သော မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခုံရုံးများဖွဲ့စည်းပြီး တရားဥပဒေ စိုးမိုး ရေးကိုဆောင်ရွက်သွားရန် လိုအပ်သည်။
၁၈။ ဥပဒေများကို လိုအပ်သလို ညှိုနှိုင်းပြင်ဆင်ရေးဆွဲ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊ (ဥပမာ -အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများနှင့် ပြည်သူ့အခြေပြု ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ၊ လုပ်ကွက်ငယ်လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးမြှင့် Value added လုပ်ငန်းများ) ကို လိုအပ်သလို၊ အခြေအနေပေးသလို ဆောင်ရွက်သွားရန်ဖြစ်သည်။
၁၉။ ဥပဒေများ အချိတ်အဆက်မိစေရန် ပြန်လည်ညှိနှိုင်းရန် လိုအပ်သည်။
၂၀။ အမှန်တကယ် အသုံးမပြုသော မြေယာလက်ဝါးကြီးအုပ်မှုများကို ဖြေရှင်းဆောင်ရွက်ရန် နှင့် နိုင်ငံသားတစ်ဦးချင်း အများဆုံး မြေယာပိုင်ဆိုင်ခွင့် ပမာဏကို ဥပဒေဖြင့် သတ်မှတ် ရန်။ (၂၀၁၂ လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေအပါအဝင် မြေယာဥပဒေများကို ပြန်လည်သုံးသပ်ရန်)
၂၁။ သယံဇာတ အခြေအနေ၊ ပမာဏ၊ အတန်းစား၊ ရယူနိုင်မှုများ နှင့် သက်ဆိုင်သည့် အချက် အလက်များ သိရှိနိုင်ရန် ကြိုးပမ်းမည့် နည်းလမ်းများ စဉ်းစား စီစဉ်ရန် (Data collection)
၂၂။ ပိုင်ဆိုင်မှု၊ ရယူသုံးစွဲမှု၊ ထိန်းသိမ်းမှု၊ တိုးပွားစေမှုများကို ဆောင်ရွက်နိုင်ရန် ဒေသခံလူထုအဆင့်၊ ဒေသဆိုင်ရာ အစိုးရအဆင့်၊ ပြည်ထောင်စုအစိုးရအဆင့်ဆင့်တို့တွင် လက်တွေ့ကျကျ မျှတအောင် ဆောင်ရွက်နိုင်ရန် တာဝန်ခွဲဝေနိုင်မှုပုံစံ၊ ကိုင်တွယ် တာဝန်ယူနိုင်မှုများ အခြေအနေ၊ အချက် အလက်များ အသုံးချနိုင်မှုတို့ကို လေ့လာစုစည်း မည့် သုတေသနအဖွဲ့များ၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်။
၂၃။ ဗဟို ထိမ်းချုပ်မှု လျော့ချပြီး၊ ဒေသန္တရ စီမံခန့်ခွဲနိုင်မှု နှင့် လူထုပါဝင်နိုင်မှု တိုးလာစေမည့် စီမံကိန်း များ ချမှတ်နိုင်ရေး စဉ်းစားစီစဉ်ရန်၊
၂၄။ သယံဇာခွဲဝေမှု၊ တာဝန်ယူမှုများကို တိကျစွာဆောင်ရွက်နိုင်စေရန် လိုအပ်သည့် ဥပဒေ၊ နည်းဥပ ဒေ၊ မူဝါဒ၊ မဟာဗျူဟာများ ချမှတ်ဆောင်ရွက် ရာတွင် အားလုံးပါဝင်နိုင်မည့် ပုံစံဖြင့် စီစဉ်ဆောင် ရွက်ရန်။
၂၅။ သယံဇာတများ ခွဲဝေစီမံခန့်ခွဲ သုံးစွဲခွင့်ကို အကျိုးများစေရန်၊ မရှိမဖြစ်လိုအပ်သော နည်းပညာ၊ အတတ်ပညာများ ရယူနိုင်ရန် တာဝန်ရှိသူများကို စွမ်းရည်မြှင့်တင်ပေးနိုင်ရန်၊ လိုအပ်ချက်၊ လိုလားချက်များအတွက် စီစဉ်ဆောင်ရွက်ရန်။
၂၆။ အကျိုးအမြတ်ခွဲဝေမှုနှင့် စပ်လျဉ်း၍ ဒေသခံလူထု၊ ဒေသခံ အစိုးရ၊ ဗဟို အစိုးရ အဆင့်ဆင့် ခွဲဝေရယူသုံးစွဲနိုင်စေရန်၊ သယံဇာတအလိုက်၊ ဒေသအလိုက်၊ လိုအပ်သလို စိစစ်သတ်မှတ်နိုင် စေရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန်။
၂၇။ သယံဇာတထုတ်လုပ်မှုကြောင့် ဆိုးကျိုးများ၊ အားနည်းချက်များ အနည်းဆုံးဖြစ်စေရန် သင့်လျော် သည့် စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အသင့်လျော်ဆုံး နည်းများဖြင့် (ဥပမာ - FPIC, EIA, SIA, HIA, SWF, Safeguard, etc…) ဆောင်ရွက်နိုင်ရန် ကြီးကြပ်စေနိုင်မည့် မူဝါဒများ ချမှတ်နိုင်ရန်။
၂၈။ ယခင် နှင့် ဆောင်ရွက်ဆဲ စီမံကိန်းများတွင် ပြန်လည်ကုစားရေး အစီအစဉ် (Redress Mechanism) များကို ရေးဆွဲအသုံးပြုရန်။
၂၉။ ပြည်နယ်/တိုင်းဒေသကြီးအတွင်းရှိ သဘာဝသယံဇာတများ စီမံခန့်ခွဲမှုနှင့် ခွဲဝေသုံးစွဲရာ တွင် ပြည်နယ်/တိုင်းဒေသကြီးအစိုးရမှ လုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိရန်။
၃၀။ သဘာဝသယံဇာတများမှ ရရှိလာသည့် ဝင်ငွေများမှ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရာခိုင်နှုန်းတစ်ခု သတ်မှတ် သုံးစွဲသွားရန်။
၃၁။ ပြဋ္ဌာန်းထားသည့် ဥပဒေများကို ပြည်သူလူထု သိရှိစေရန် နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်ရန်၊ တိုင်းရင်းသားဘာသာစကားမျိုးစုံဖြင့် ဘာသာပြန်ရန်။
------------------------------------------------------------------------------------

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ နိုင်ငံရေးဆွေးနွေးမှုကဏ္ဍဆွေးနွေးပွဲ (ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့်မူများ - ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာကိစ္စရပ်များ)


ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
နိုင်ငံရေးဆွေးနွေးမှုကဏ္ဍဆွေးနွေးပွဲ

(ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့်မူများ - ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာကိစ္စရပ်များ)

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂ ) မှ (၁၆) ရက်နေ့အထိ

နိဒါန်း

၁။ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက် နေ့မှ (၁၆) ရက်နေ့အထိ နေပြည်တော်ရှိ ၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကန်ွဗင်းရှင်း ဗဟိုဌာန -၂ (Myanmar International Convention Center – II) တငွ် ကျင်းပလျက်ရှိပါသည်။ ယခု ကျင်းပလျက်ရှိသော ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတကွ် ကဏ္ဍအလိုက် အစုအဖွဲ့များဖွဲ့စည်းကာ ကျယ်ကျယ်ပြန့်ပြန့် ဆေွးနွေးခဲ့ကြပါသည်။

၎င်းအစုအဖွဲ့ များမှာ -
(က) နို်င်ငံရေးကိစ္စရပ်များဆေွးနွေးမှုအစုအဖွဲ့၊
( ခ) လူမှုရေးကိစ္စရပ်များဆေွးနွေးမှုအစုအဖွဲ့၊
( ဂ) စီးပွားရေးကိစ္စရပ်များဆေွးနွေးမှုအစုအဖွဲ့၊
(ဃ) လုံခြုံရေးကိစ္စရပ်များဆေွးနွေးမှုအစုအဖွဲ့၊
( င) မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒကိစ္စရပ်များဆေွးနွေးမှုအစုအဖွဲ့ ဟူ၍ အစုအဖွဲ့ (၅) ခုကို ဖွဲ့စည်းထားပါသည်။

-နိုင်ငံရေးဆွေးနွေးမှုကဏ္ဍအစုအဖွဲ့ ဆွေးနွေးပွမှဲ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ဖတ်ကြားတင်သွင်းမည့်စာတမ်း-

၂။ ကဏ္ဍအစုအဖွဲ့အလိုက် ဆေွးနွေးပွဲများ သီးခြားကျင်းပပြုလုပ်ပါသည်။ နိုင်ငံရေး ကိစ္စရပ်များ ဆေွးနွေးမှု အစုအဖွဲ့သည် နိုင်ငံရေးနှင့်သက်ဆိုင်သည့်ကဏ္ဍများကို အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့၊ တိုင်းရင်းသားများအစုအဖွဲ့ နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့ ဟူ၍ အစုအဖွဲ့ (၇) ဖွဲ့ခွကဲာ ဆေွးနွေးခဲ့ပါသည်။ ထိုအစုအဖွဲ့ (၇) ဖွဲ့ ၏ ဆေွးနွေး အကြံပြုချက်များအနက် အဓိကကျသည့် အချက်များကို ထုတ်နှုတ်ကာ စာတမ်းတစ်စောင်အဖြစ် ရေးသား တင်ပြခြင်းဖြစ်ပါသည်။ ဤစာတမ်းသည် နိုင်ငံရေးကဏ္ဍ ဆေွးနွေးပွဲတငွ် ပါဝင်ကြသည့် အထက်ဖော်ပြပါ အစုအဖွဲ့ (၇)၏ ဆေွးနွေးအကြံပြုချက်များသာဖြစ်ပြီး အဆုံးအဖြတ်ပေးသည် အချက်များမဟုတ်ပါ။ နောင်တင်ွပြုလုပ်မည့် နိုင်ငံရေးကဏ္ဍဆေွးနွေးပွဲများအတွက် အထောက် အကူ ဖြစ်စေရန် အချက်အလက်များ စုစည်းပေးထား ခြင်းသာ ဖြစ်ပါသည်။

ရည်ရွယ်ချက်

၃။ ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်။

၎။ ဒီမိုကရေစီအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ (Democratic Governance)

(က) မဏ္ဍိုင်ကြီးသုံးရပ်အကြား အာဏာများကို ပိုင်းခြားသုံးစြွဲခင်းကိစ္စ (Separation of Power)။

ဆေွးနွေးသွားသည့် အစုအဖွဲ့အားလုံးမှ မဏ္ဍိုင်သုံးရပ်အကြား အာဏာပိုင်းခြား သုံးစွဲရေးနှင့် အပြန်အလှန် ထိန်းကျောင်းမှုရှိရန် အကြံပြု ဆေွးနွေးကြပါသည်။ အစိုးရအစုအဖွဲ့မှ မဏ္ဍိုင်ကြီးသုံးရပ်အကြား အပြည့်အဝ ပိုင်းခြားရန် မဖြစ်နိုင်သဖြင့် တတ်နိုင်သမျှ ပိုင်းခြားသုံးစွရဲန် ဟူသော စကားရပ်ကို သုံးသင့်ကြောင်း အကြံပြု ဆေွးနွေးပါသည်။

( ခ) နိုင်ငံရေးပါတီစနစ်
နိုင်ငံရေးပါတီစုံစနစ်နှင့်ပတ်သက်၍ ဆေွးနွေးပွတွဲင် ပါတီစုံစနစ်ကို ကျင့်သုံးသွား ကြရန် အစုအဖွဲ့များအားလုံးမှ အကြံပြုကြပါသည်။

(ဂ) ရွေးကောက်ပွစဲနစ်
ရွေးကောက်ပွဲစနစ်နှင့်ပတ်သက်၍ ပြည်ထောင်စုတစ်ဝှမ်းရှိ လူဦးရေးနည်းပါးသည့် တိုင်းရင်းသားလူမျိုးများအနေဖြင့် ပိုမိုထိရောက်စွာ ကိုယ်စားပြု ပါဝင်လာနိုင်စေရန် (PR) စနစ်ကို ကျင့်သုံးသင့်၊ မသင့် စဉ်းစားကြရန် အစိုးရအစုအဖွဲ့နှင့် နိုင်ငံရေး ပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ်တချို့က အကြံပြုဆေွးနွေးသွားကြပါသည်။

(ဃ) အခြေခံရပိုင်ခွင့်များ
(၁) နိုင်ငံသားအားလုံးသည် တရားဥပဒေအောက်တငွ် တူညီသော အခြေခံ ရပိုင်ခွင့်၊ လတ်ွလပ်ခွင့်နှင့် တရားဥပဒေ၏ အကာအကွယ်ရရှိစေရေး တို့အတွက် အစုအဖွဲ့အားလုံးက အကြံပြုဆေွးနွေးခဲ့ကြပါသည်။

(၂) ပြည်ထောင်စု နှင့် ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတငွ် မည်သည့် အဖွဲ့အစည်းကမှ Right to information ကိုကန့်သတ်ခွင့်မရှိအောင် အာမခံချက်ပေးရန်ဖြစ်ကြောင်း နှင့် “နိုင်ငံတော် လုံခြုံရေး နှင့် မဆန့်ကျင်သမျှ” ဟူသော စကားရပ်၏ တိကျသော အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုပေးငြခ်းဖြင့် လူထုအနေနှင့် ယင်းတို့၏ လတ်ွလပ်စွာထုတ်ဖော်ပြော ဆိုခငွ့်အား ကျင့်သုံးရာတငွ် နိုင်ငံတော်လုံခြုံရေးအားမထိခိုက်စေဘဲ ကူညီ နိုင်မည်ဖြစ်ကြောင်း တို့ ကို ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့က အကြံပြုဆေွးနွေးခဲ့ပါသည်။

(၃) အမျိုးသမီးများနှင့် လူငယ်တို့၏ အခွင့်အရေးများကို နိုင်ငံတကာစံနှုန်းများ နှင့်အညီ ခံစားရရှိရေးအတကွ် ကြိုးပမ်းရန် အစုအဖွဲ့အားလုံးက အကြံပြု ဆေွးနွေးခဲ့ကြပါသည်။

(၄) ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်လာစေရေးအတကွ် ကြိုးပမ်းဆောင်ရွက်သွားရန် ပါဝင်သင့်ပါဝင်ထိုက် သူများအစုအဖွဲ့မှ အကြံပြုဆေွးနွေးခဲ့ပါသည်။

(င) ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး (Law Making, Role of Judiciary and Rule of Law)

ပြည်ထောင်စုတဝှမ်းလုံး တရားဥပဒေစိုးမိုးမှုရှိစေရေးအတကွ် ထိရောက်သော ဥပဒေများကို ပြဌာန်း၍ တရားစီရင်ရေးလုပ်ငန်းများကို တိကျမှန်ကန်စွာ ဆောင်ရွက်သွားရန် အစုအဖွဲ့ အားလုံးက အကြံပြုဆေွးနွေးခဲ့ကြပါသည်။

(စ) ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု / တာဝန်ခံမှု ( Transparency & Accountability)

ပြည်ထောင်စုနှင့်၊ ပြည်နယ်များ၏ လုပ်ငန်းဆောင်ရွက်မှုများ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ/ တာဝန်ခံမှု အပြည့်အဝရှိရန် အစုအဖွဲ့တချို့က အကြံပြု ဆေွးနွေး ခဲ့ကြပါသည်။ သတင်းစီးဆင်းမှုအပိုင်းအတင်ွလည်း အချိန်နှင့်တပြေးညီ ရယူနိုင် ရေးအား ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့က အကြံပြု ဆေွးနွေးခဲ့ကြပါသည်။ တပ်မတော်အစုအဖွဲ့ကမူ နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သည့် သတင်း အချက် အလက်များကို ချွင်းချက်အဖြစ်ထားရှိရန် အကြံပြုဆေွးနွေးခဲ့ပါသည်။

(ဆ) ဘာသာရေးနှင့် နိုင်ငံရေး

ဘာသာရေးနှင့် နိုင်ငံရေးအား ရောယှက်မှုမရှိစေဘဲ ဘာသာရေုးကို အခြေမခံသော နိုင်ငံတော် (Secular State) ကို ထူထောင်သွားရန် အစုအဖွဲ့များမှ အကြံပြု ဆေွးနွေးခဲ့ကြပါသည်။

(ဇ) ဒီမိုကရေစီစနစ်အောင်မြင်စွာတည်ဆောက်နိုင်ရေးအတကွ် လိုအပ်သော အင်စတီ ကျူးရှင်းများနှင့် ယန္တရားများကို ဖော်ဆောင်သွားရန် နိုင်ငံရေးပါတီအစုအဖွဲ့နှင့် ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့တို့က အကြံပြုဆေွးနွေးခဲ့ကြပါသည်။

၅။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ

(က) မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလေဲရးလုပ်ငန်းဖော်ဆောင်နေသည့် ကာလနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တည်ဆောက်နေသည့်ကာလတငွ် တပ်မတော် အနေဖြင့် အပြောင်းအလဲ လုပ်ငန်းစဉ်များကို ထိန်းကျောင်းပေးသည်ဖြစ်ရာ တည်ငြိမ်မှု၊ ညီညွှတ်မှုများ ပိုမိုကောင်းမွန်တိုးတက်လာ သည်နှင့်အမျှ တပ်မတော် ၏ ပါဝင်မှုကို တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီ တည်တံ့ ခိုင်မာလာသည့်အဆင့်တွင် ပါဝင်မှု ရှိမည်မဟုတ်တော့ကြောင်း တပ်မတော်အစု အဖွဲ့ မှ ဆေွးနွေးခဲ့ပါသည်။

(ခ) မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးတငွ် တပ်မတော်၏ ပါဝင်မှု အခန်းကဏ္ဍအား ပြန်လည်သုံးသပ်သင့်ကြောင်းနှင့် အင်အားတောင့်တင်းခိုင်မာသော တပ်မတော် တစ်ရပ်သာ ရှိရမည်ဖြစ်ကြောင်း တပ်မတော်အစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့ဝင် တစ်ဖွဲ့မှ အကြံပြု ဆေွးနွေးခဲ့ ကြပါသည်။

၆။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုစနစ် တည်ထောင်ရာတွင် အခြေခံရမည့်မူများ (Basic principles for establishing a Federal Union)

(က) အခြေခံရမည့်မူများ (Basic Principles)

ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုစနစ် ကျင့်သုံးရေးနှင့် ပတ်သက်၍ အောက်ပါအချက်များကို အစုအဖွဲ့အားလုံးက တူညီသော သဘောထားများ ရှိကြပါသည်

(၁) တိုင်းရင်းသားအဖွဲ့အစည်းအားလုံးများအကြား တန်းတူညီမျှမှု၊ တရား မျှတမှုရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု ကို တည်ထောင်သွားရန်။

(၂) နိုင်ငံတော်၏ မည်သည့်အစိတ်အပိုင်းကိုမျှ ခွထဲက်ွခြင်းမပြုရန်။

(၃) တိုင်းရင်းသားလူမျိုးများအကြား နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု များတငွ် တန်းတူအခွင့်အရေးများရှိရန်။

(၄) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ဥပဒေဖြင့် အကာအကွယ် ပေးရန်။

(၅) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ထောင်ရာတငွ် မည်သည့်နိုင်ငံ၏ ပုံစံများကိုမျှ ပုံတူကူးယူခြင်းမပြုဘဲ မိမိတို့နှင့် ကိုက်ညီမည့် ဖက်ဒရယ်စနစ်ကို ထူထောင်ရန်။

(၆) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို အောင်မြင်စွာတည်ဆောက်နိုင်ရေးအတကွ် လိုအပ်သော အင်စတီကျူးရှင်း များနှင့် ယန္တရားများကို စနစ်တကျဖော်ဆောင်သွားရန် နိုင်ငံရေးပါတီများ

အစုအဖွဲ့ နှင့် ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့တို့က အကြံပြုဆေွးနွေး ခဲ့ကြပါသည်။
မှတ်ချက်။
(၁) ဒို့တာဝန်အရေးသုံးပါးဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သွားရန် အစိုးရအစုအဖွဲ့၊ လွှတ်တော် အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့နှင့် နိုင်ငံရေး ပါတီအစုအဖွဲ့ တို့က ဆေွးနွေးအကြံပြုခဲ့ကြပါသည်။

(၂) ပြည်ထောင်စု အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထု အနေဖြင့် Initiative နှင့် Referendum Power များကို မိမိတို့ လက်ဝယ် တငွ် ထားရှိကျင့်သုံးခငွ့်ရှိစေရမည် ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့က ဆေွးနွေးအကြံပြုခဲ့ပါသည်။

(၃) ပြည်ထောင်စုရှိ မည်သည့်လူမျိုးကိုမျှ အထူးအခွင့်အရေးမပေးရ။ မည်သည့် လူမျိုးကိုမျှ အခွင့်အရေး ချုပ်ခြယ်ကန့်သတ်ခြင်းလည်း မရှိစေရ။

(၄) လတွှ်တော်အစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစု အဖွဲ့တို့က အချိုးညီဖက်ဒရယ်စနစ်ထူတောင်ရေးနှင့်ပတ်သက်၍ အကြံပြု ဆေွးနွေးခဲ့ကြပါသည်။

(၅) အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတငွ် တပ်မတော် တစ်ရပ်သာ ထားရှိ သင့်သည်ဟု တပ်မတော်အစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့တို့က ဆေွးနွေး အကြံပြုကြပါသည်။

(၆) လွှတ်တော်စနစ်အား လွှတ်တော် (၂) ရပ်ဖြင့်သာ ဖွဲ့စည်းရန် နိုင်ငံရေး ပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ်တချို့က ဆေွးနွေး အကြံပြုခဲ့ပါသည်။

(၇) နယ်စပ်ဒေသတွင် လုံခြုံရေးကိစ္စများ ထိရောက်စွာဆောင်ရွက်နိုင်ရန် အတကွ် ပြည်နယ်စောင့် လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းသင့်ကြောင်း တိုင်းရင်းသားများအစုအဖွဲ့များမှ ကိုယ်စားလှယ်တချို့က အကြံပြုဆေွးနွေး ကြပါသည်။

(ခ) အာဏာခွေဲဝမှု (Power Sharing)

(၁) ကြွင်းကျန်အာဏာများကို ပြည်နယ်များသို့ ပေးသင့်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ တို့က ဆေွးနွေးခဲ့ကြပါသည်။ အစိုးရအစုအဖွဲ့ကမူ ကြွင်းကျန် အာဏာများ ကို ပြည်ထောင်စု အားပေးသင့်၊ မသင့်နှင့် ပြည်နယ်များသို့ ပေးသင့်၊ မသင့် ကိစ္စရပ်အား နောင်တင်ွဆက်လက် ဆေွးနွေးသွား သင့်ပါကြောင်း ဆေွးနွေး ခဲ့ပါသည်။

(၂) အာဏာခွေဲဝရေးနှင့် ပူးတွဲအာဏာသတ်မှတ်ရေးတို့ကို ပြည်နယ်များသို့ ခွေဲဝပေးရေးအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စနစ်တကျ ရှင်းလင်းစွာ ပြဌာန်းသတ်မှတ်ပေး နိုင်ရေးအတကွ် ဆောင်ရွက်ပေးရန် အစုအဖွဲ့အားလုံး က ဆေွးနွေးအကြံပြုခဲ့ကြပါသည်။

(၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဇယားများအား လိုအပ်သလို ပြင်ဆင်နိုင်ရန်နှင့် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့မှအပ ကျန်အစုအဖွဲ့များ က ဆေွးနွေး အကြံပြုခဲ့ကြပါသည်။

(၄) ဖွံ့ဖြိုးမှုနောက်ကျကျန်ခ့ေဲသာ ဒေသများရှိတိုင်းရင်းသားများအတကွ် အခြား ဒေသများနှင့် တန်းတူညီမျှစွာ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သော ပညာရေး၊ ကျန်းမာရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစိုးရအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ တိုင်းရင်းသားများအစုအဖွဲ့တို့က ဆေွးနွေး အကြံပြု ခဲ့ကြပါသည်။

( ဂ) ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် (self determination and self rule)
(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို အခြေခံသော ဖက်ဒရယ် စနစ်ကို တည်ဆောက် ရန် တပ်မတော်အစုအဖွဲ့က အကြံပြုဆေွးနွေးပါသည်။

(၂) တိုင်းရင်းသားလူမျိုးစုများ နေထိုင်သည့် ဒေသများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု စသည့် ကိစ္စရပ် များနှင့်ပတ်သက်၍ မူဝါဒများကို မိမိတို့ နှစ်သက်သဘောကျသည့်အတိုင်း လွတ်လပ်စွာ ချမှတ်နိုင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ် စနစ်အား တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့ နှင့် နိုင်ငံရေးပါတီများစုအဖွဲ့တို့က အကြံပြုဆေွးနွေးခဲ့ကြပါသည်။

၇။ ဖက်ဒရယ်စနစ်၏ ဖွဲ့စည်းမှု (structure of the federal system )

(၁) လက်ရှိတိုင်း ဒေသကြီးနှင့် ပြည်နယ် (၁၄) ခုမူကို ဆက်လက် ကျင့်သုံးသင့်ကြောင်း နှင့် ဗဟိုအားကောင်းသော အစိုးရစနစ်ကိုသာ ကျင့်သုံးရန် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့နှင့် တပ်မတော်အစုအဖွဲ့တို့က အကြံပြု ဆေွးနွေးသွား ခဲ့ကြပါ သည်။

(၂) နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်တချို့က (၈) ပြည်နယ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် အကြံပြု ဆေွးနွေးခဲ့ပါသည်။

(၃) ဗမာပြည်နယ်ထူထောင်ရန် နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက အကြံပြု ဆေွးနွေးခဲ့ပါသည်။

(၄) နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့တို့မှ ကိုယ်စားလှယ်တချို့က လူမျိုးကိုအခြေခံသော ဖက်ဒရယ်စနစ်ကို ထူထောင်ရန် အကြံပြု ဆေွးနွေးခဲ့ ကြပါ သည်။

(၅) ပြည်နယ်များ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ လူမျိုးကိုအခြေခံကာ သတ်မှတ် စေလို ကြောင်း တိုင်းရင်းသားများအစုအဖွဲ့က ဆေွးနွေးခြဲ့ပီး တပ်မတော်အစုအဖွဲ့ကမူ ပထဝီကိုအခြေခံကာ သတ်မှတ်လိုကြောင်း ဆေွးနွေးခြဲ့ကပါသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ကမူ ပြည်နယ်များအား ဖွဲ့စည်းရာတငွ် အမျိုးသားပြည်နယ်များနှင့် အမျိုးသားများပြည်နယ်များ ဟူ၍ ဖွဲ့စည်းရန် အကြံပြု ဆေွးနွေးခဲ့ကြပါသည်။

(၆) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ဝင်တစ်ဖွဲ့ နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်တချို့သည် ပြည်နယ်အသစ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အသစ်များကို လိုအပ်သလို ဖွဲ့စည်းပေးသွားရေး စဉ်းစားပေးရန် ဆေွးနွေးအကြံပြုခဲ့ကြပါသည်။

၈။ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းရေးကိစ္စ
အစိုးရအစုအဖွဲ့နှင့် တပ်မတ်ာအစုအဖွဲ့တို့က ပြည်နယ်နှင့်တိုင်းများအတကွ် သီးခြား ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းရန်မလိုကြောင်း ဆေွးနွေးခဲ့ကြပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့၊ တိုင်းရင်းသားကိုယ်စားလှယ်များအစုအဖွဲ့နှင့်
နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်တချို့က ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို သီးခြား ပြဌာန်းသင့် သည်ဟု ဆေွးနွေးခဲ့ကြပါသည်။

၉။ အထွေထွေ

(က) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ထောင် ရာတငွ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ကြောင်း အစုအဖွဲ့ အားလုံးက သဘောထားများပေးခဲ့ကြပါသည်။

( ခ) ဖက်ဒရယ်စနစ်၏ အနှစ်သာရကို ပိုမိုသိရှိနားလည်ရန်နှင့် နိုင်ငံရေး ဆေွးနွေးပွဲများ ထိရောက်စွာ လုပ်ဆောင်တတ်စေရန် ဖက်ဒရယ်နှင့် ပတ်သက် သည့် ဆေွးနွေးပွဲ (Federal study forum) များအား (၆)လတစ်ကြိမ်ပြုလုပ်သွားရန် အစိုးရ အစုအဖွဲ့က ဆေွးနွေးအကြံပြုပါသည်။

( ဂ) လွှတ်တော်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့မှ ကိုယ်စားလှယ်တချို့သည် တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးနှင့်ပတ်သက်၍ ပြန်လည်စိစစ်ရန် အကြံပြု ဆေွးနွေးခဲ့ကြပါသည်။

(ဃ) လွှတ်တော်နှင့် အစိုးရအဖွဲ့များတငွ် လုံလောက်သော ကိုယ်စားပြုမှု မရရှိနိုင်သည့် တိုင်းရင်းသား လူနည်းစုများအား ကိုယ်စားပြုပါဝင်လာနိုင်စေရန် ပြဌာန်းထားသည့် သတ်မှတ်ချက်များနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်သင့်ကြောင်း တိုင်းရင်းသား အစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့မှ ကိုယ်စားလှယ်တချို့က အကြံပြု ဆေွးနွေး ခဲ့ကြပါသည်။
ဆေွးနွေးသွားသည့် အစုအဖွဲ့အားလုံးမှ မဏ္ဍိုင်သုံးရပ်အကြား အာဏာပိုင်းခြား သုံးစွဲရေးနှင့် အပြန်အလှန် ထိန်းကျောင်းမှုရှိရန် အကြံပြု ဆေွးနွေးကြပါသည်။ အစိုးရအစုအဖွဲ့မှ မဏ္ဍိုင်ကြီးသုံးရပ်အကြား အပြည့်အဝ ပိုင်းခြားရန် မဖြစ်နိုင်သဖြင့် တတ်နိုင်သမျှ ပိုင်းခြားသုံးစွရဲန် ဟူသော စကားရပ်ကို သုံးသင့်ကြောင်း အကြံပြု ဆေွးနွေးပါသည်။

( ခ) နိုင်ငံရေးပါတီစနစ်
နိုင်ငံရေးပါတီစုံစနစ်နှင့်ပတ်သက်၍ ဆေွးနွေးပွတွဲင် ပါတီစုံစနစ်ကို ကျင့်သုံးသွား ကြရန် အစုအဖွဲ့များအားလုံးမှ အကြံပြုကြပါသည်။

(ဂ) ရွေးကောက်ပွစဲနစ်
ရွေးကောက်ပွဲစနစ်နှင့်ပတ်သက်၍ ပြည်ထောင်စုတစ်ဝှမ်းရှိ လူဦးရေးနည်းပါးသည့် တိုင်းရင်းသားလူမျိုးများအနေဖြင့် ပိုမိုထိရောက်စွာ ကိုယ်စားပြု ပါဝင်လာနိုင်စေရန် (PR) စနစ်ကို ကျင့်သုံးသင့်၊ မသင့် စဉ်းစားကြရန် အစိုးရအစုအဖွဲ့နှင့် နိုင်ငံရေး ပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ်တချို့က အကြံပြုဆေွးနွေးသွားကြပါသည်။

(ဃ) အခြေခံရပိုင်ခွင့်များ

(၁) နိုင်ငံသားအားလုံးသည် တရားဥပဒေအောက်တငွ် တူညီသော အခြေခံ ရပိုင်ခွင့်၊ လတ်ွလပ်ခွင့်နှင့် တရားဥပဒေ၏ အကာအကွယ်ရရှိစေရေး တို့အတွက် အစုအဖွဲ့အားလုံးက အကြံပြုဆေွးနွေးခဲ့ကြပါသည်။

(၂) ပြည်ထောင်စု နှင့် ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတငွ် မည်သည့် အဖွဲ့အစည်းကမှ Right to information ကိုကန့်သတ်ခွင့်မရှိအောင် အာမခံချက်ပေးရန်ဖြစ်ကြောင်း နှင့် “နိုင်ငံတော် လုံခြုံရေး နှင့် မဆန့်ကျင်သမျှ” ဟူသော စကားရပ်၏ တိကျသော အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုပေးငြခ်းဖြင့် လူထုအနေနှင့် ယင်းတို့၏ လတ်ွလပ်စွာထုတ်ဖော်ပြော ဆိုခငွ့်အား ကျင့်သုံးရာတငွ် နိုင်ငံတော်လုံခြုံရေးအားမထိခိုက်စေဘဲ ကူညီ နိုင်မည်ဖြစ်ကြောင်း တို့ ကို ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့က အကြံပြုဆေွးနွေးခဲ့ပါသည်။

(၃) အမျိုးသမီးများနှင့် လူငယ်တို့၏ အခွင့်အရေးများကို နိုင်ငံတကာစံနှုန်းများ နှင့်အညီ ခံစားရရှိရေးအတကွ် ကြိုးပမ်းရန် အစုအဖွဲ့အားလုံးက အကြံပြု ဆေွးနွေးခဲ့ကြပါသည်။

(၄) ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်လာစေရေးအတကွ် ကြိုးပမ်းဆောင်ရွက်သွားရန် ပါဝင်သင့်ပါဝင်ထိုက် သူများအစုအဖွဲ့မှ အကြံပြုဆေွးနွေးခဲ့ပါသည်။

(င) ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး (Law Making, Role of Judiciary and Rule of Law)

ပြည်ထောင်စုတဝှမ်းလုံး တရားဥပဒေစိုးမိုးမှုရှိစေရေးအတကွ် ထိရောက်သော ဥပဒေများကို ပြဌာန်း၍ တရားစီရင်ရေးလုပ်ငန်းများကို တိကျမှန်ကန်စွာ ဆောင်ရွက်သွားရန် အစုအဖွဲ့ အားလုံးက အကြံပြုဆေွးနွေးခဲ့ကြပါသည်။

(စ) ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု / တာဝန်ခံမှု ( Transparency & Accountability)
ပြည်ထောင်စုနှင့်၊ ပြည်နယ်များ၏ လုပ်ငန်းဆောင်ရွက်မှုများ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ/ တာဝန်ခံမှု အပြည့်အဝရှိရန် အစုအဖွဲ့တချို့က အကြံပြု ဆေွးနွေး ခဲ့ကြပါသည်။ သတင်းစီးဆင်းမှုအပိုင်းအတင်ွလည်း အချိန်နှင့်တပြေးညီ ရယူနိုင် ရေးအား ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့က အကြံပြု ဆေွးနွေးခဲ့ကြပါသည်။ တပ်မတော်အစုအဖွဲ့ကမူ နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သည့် သတင်း အချက် အလက်များကို ချွင်းချက်အဖြစ်ထားရှိရန် အကြံပြုဆေွးနွေးခဲ့ပါသည်။

(ဆ) ဘာသာရေးနှင့် နိုင်ငံရေး

ဘာသာရေးနှင့် နိုင်ငံရေးအား ရောယှက်မှုမရှိစေဘဲ ဘာသာရေုးကို အခြေမခံသော နိုင်ငံတော် (Secular State) ကို ထူထောင်သွားရန် အစုအဖွဲ့များမှ အကြံပြု ဆေွးနွေးခဲ့ကြပါသည်။

(ဇ) ဒီမိုကရေစီစနစ်အောင်မြင်စွာတည်ဆောက်နိုင်ရေးအတကွ် လိုအပ်သော အင်စတီ ကျူးရှင်းများနှင့် ယန္တရားများကို ဖော်ဆောင်သွားရန် နိုင်ငံရေးပါတီအစုအဖွဲ့နှင့် ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့တို့က အကြံပြုဆေွးနွေးခဲ့ကြပါသည်။

၅။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ

(က) မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလေဲရးလုပ်ငန်းဖော်ဆောင်နေသည့် ကာလနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တည်ဆောက်နေသည့်ကာလတငွ် တပ်မတော် အနေဖြင့် အပြောင်းအလဲ လုပ်ငန်းစဉ်များကို ထိန်းကျောင်းပေးသည်ဖြစ်ရာ တည်ငြိမ်မှု၊ ညီညွှတ်မှုများ ပိုမိုကောင်းမွန်တိုးတက်လာ သည်နှင့်အမျှ တပ်မတော် ၏ ပါဝင်မှုကို တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီ တည်တံ့ ခိုင်မာလာသည့်အဆင့်တွင် ပါဝင်မှု ရှိမည်မဟုတ်တော့ကြောင်း တပ်မတော်အစု အဖွဲ့ မှ ဆေွးနွေးခဲ့ပါသည်။

(ခ) မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးတငွ် တပ်မတော်၏ ပါဝင်မှု အခန်းကဏ္ဍအား ပြန်လည်သုံးသပ်သင့်ကြောင်းနှင့် အင်အားတောင့်တင်းခိုင်မာသော တပ်မတော် တစ်ရပ်သာ ရှိရမည်ဖြစ်ကြောင်း တပ်မတော်အစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့ဝင် တစ်ဖွဲ့မှ အကြံပြု ဆေွးနွေးခဲ့ ကြပါသည်။

၆။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုစနစ် တည်ထောင်ရာတွင် အခြေခံရမည့်မူများ (Basic principles for establishing a Federal Union)

(က) အခြေခံရမည့်မူများ (Basic Principles)

ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုစနစ် ကျင့်သုံးရေးနှင့် ပတ်သက်၍ အောက်ပါအချက်များကို အစုအဖွဲ့အားလုံးက တူညီသော သဘောထားများ ရှိကြပါသည်

(၁) တိုင်းရင်းသားအဖွဲ့အစည်းအားလုံးများအကြား တန်းတူညီမျှမှု၊ တရား မျှတမှုရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု ကို တည်ထောင်သွားရန်။

(၂) နိုင်ငံတော်၏ မည်သည့်အစိတ်အပိုင်းကိုမျှ ခွထဲက်ွခြင်းမပြုရန်။

(၃) တိုင်းရင်းသားလူမျိုးများအကြား နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု များတငွ် တန်းတူအခွင့်အရေးများရှိရန်။

(၄) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ဥပဒေဖြင့် အကာအကွယ် ပေးရန်။

(၅) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ထောင်ရာတငွ် မည်သည့်နိုင်ငံ၏ ပုံစံများကိုမျှ ပုံတူကူးယူခြင်းမပြုဘဲ မိမိတို့နှင့် ကိုက်ညီမည့် ဖက်ဒရယ်စနစ်ကို ထူထောင်ရန်။

(၆) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို အောင်မြင်စွာတည်ဆောက်နိုင်ရေးအတကွ် လိုအပ်သော အင်စတီကျူးရှင်း များနှင့် ယန္တရားများကို စနစ်တကျဖော်ဆောင်သွားရန် နိုင်ငံရေးပါတီမျ
အစုအဖွဲ့ နှင့် ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့တို့က အကြံပြုဆေွးနွေး ခဲ့ကြပါသည်။

မှတ်ချက်။
(၁) ဒို့တာဝန်အရေးသုံးပါးဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သွားရန် အစိုးရအစုအဖွဲ့၊ လွှတ်တော် အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့နှင့် နိုင်ငံရေး ပါတီအစုအဖွဲ့ တို့က ဆေွးနွေးအကြံပြုခဲ့ကြပါသည်။

(၂) ပြည်ထောင်စု အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထု အနေဖြင့် Initiative နှင့် Referendum Power များကို မိမိတို့ လက်ဝယ် တငွ် ထားရှိကျင့်သုံးခငွ့်ရှိစေရမည် ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့က ဆေွးနွေးအကြံပြုခဲ့ပါသည်။

(၃) ပြည်ထောင်စုရှိ မည်သည့်လူမျိုးကိုမျှ အထူးအခွင့်အရေးမပေးရ။ မည်သည့် လူမျိုးကိုမျှ အခွင့်အရေး ချုပ်ခြယ်ကန့်သတ်ခြင်းလည်း မရှိစေရ။

(၄) လတွှ်တော်အစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစု အဖွဲ့တို့က အချိုးညီဖက်ဒရယ်စနစ်ထူတောင်ရေးနှင့်ပတ်သက်၍ အကြံပြု ဆေွးနွေးခဲ့ကြပါသည်။

(၅) အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတငွ် တပ်မတော် တစ်ရပ်သာ ထားရှိ သင့်သည်ဟု တပ်မတော်အစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့တို့က ဆေွးနွေး အကြံပြုကြပါသည်။

(၆) လွှတ်တော်စနစ်အား လွှတ်တော် (၂) ရပ်ဖြင့်သာ ဖွဲ့စည်းရန် နိုင်ငံရေး ပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ်တချို့က ဆေွးနွေး အကြံပြုခဲ့ပါသည်။

(၇) နယ်စပ်ဒေသတွင် လုံခြုံရေးကိစ္စများ ထိရောက်စွာဆောင်ရွက်နိုင်ရန် အတကွ် ပြည်နယ်စောင့် လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းသင့်ကြောင်း တိုင်းရင်းသားများအစုအဖွဲ့များမှ ကိုယ်စားလှယ်တချို့က အကြံပြုဆေွးနွေး ကြပါသည်။

(ခ) အာဏာခွေဲဝမှု (Power Sharing)

(၁) ကြွင်းကျန်အာဏာများကို ပြည်နယ်များသို့ ပေးသင့်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ တို့က ဆေွးနွေးခဲ့ကြပါသည်။ အစိုးရအစုအဖွဲ့ကမူ ကြွင်းကျန် အာဏာများ ကို ပြည်ထောင်စု အားပေးသင့်၊ မသင့်နှင့် ပြည်နယ်များသို့ ပေးသင့်၊ မသင့် ကိစ္စရပ်အား နောင်တင်ွဆက်လက် ဆေွးနွေးသွား သင့်ပါကြောင်း ဆေွးနွေး ခဲ့ပါသည်။

(၂) အာဏာခွေဲဝရေးနှင့် ပူးတွဲအာဏာသတ်မှတ်ရေးတို့ကို ပြည်နယ်များသို့ ခွေဲဝပေးရေးအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စနစ်တကျ ရှင်းလင်းစွာ ပြဌာန်းသတ်မှတ်ပေး နိုင်ရေးအတကွ် ဆောင်ရွက်ပေးရန် အစုအဖွဲ့အားလုံး က ဆေွးနွေးအကြံပြုခဲ့ကြပါသည်။

(၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဇယားများအား လိုအပ်သလို ပြင်ဆင်နိုင်ရန်နှင့် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့မှအပ ကျန်အစုအဖွဲ့များ က ဆေွးနွေး အကြံပြုခဲ့ကြပါသည်။

(၄) ဖွံ့ဖြိုးမှုနောက်ကျကျန်ခ့ေဲသာ ဒေသများရှိတိုင်းရင်းသားများအတကွ် အခြား ဒေသများနှင့် တန်းတူညီမျှစွာ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သော ပညာရေး၊ ကျန်းမာရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစိုးရအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ တိုင်းရင်းသားများအစုအဖွဲ့တို့က ဆေွးနွေး အကြံပြု ခဲ့ကြပါသည်။

( ဂ) ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် (self determination and self rule)

(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို အခြေခံသော ဖက်ဒရယ် စနစ်ကို တည်ဆောက် ရန် တပ်မတော်အစုအဖွဲ့က အကြံပြုဆေွးနွေးပါသည်။

(၂) တိုင်းရင်းသားလူမျိုးစုများ နေထိုင်သည့် ဒေသများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု စသည့် ကိစ္စရပ် များနှင့်ပတ်သက်၍ မူဝါဒများကို မိမိတို့ နှစ်သက်သဘောကျသည့်အတိုင်း လွတ်လပ်စွာ ချမှတ်နိုင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ် စနစ်အား တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့ နှင့် နိုင်ငံရေးပါတီများစုအဖွဲ့တို့က အကြံပြုဆေွးနွေးခဲ့ကြပါသည်။

၇။ ဖက်ဒရယ်စနစ်၏ ဖွဲ့စည်းမှု (structure of the federal system )

(၁) လက်ရှိတိုင်း ဒေသကြီးနှင့် ပြည်နယ် (၁၄) ခုမူကို ဆက်လက် ကျင့်သုံးသင့်ကြောင်း နှင့် ဗဟိုအားကောင်းသော အစိုးရစနစ်ကိုသာ ကျင့်သုံးရန် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့နှင့် တပ်မတော်အစုအဖွဲ့တို့က အကြံပြု ဆေွးနွေးသွား ခဲ့ကြပါ သည်။

(၂) နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်တချို့က (၈) ပြည်နယ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် အကြံပြု ဆေွးနွေးခဲ့ပါသည်။

(၃) ဗမာပြည်နယ်ထူထောင်ရန် နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက အကြံပြု ဆေွးနွေးခဲ့ပါသည်။

(၄) နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့တို့မှ ကိုယ်စားလှယ်တချို့က လူမျိုးကိုအခြေခံသော ဖက်ဒရယ်စနစ်ကို ထူထောင်ရန် အကြံပြု ဆေွးနွေးခဲ့ ကြပါ သည်။

(၅) ပြည်နယ်များ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ လူမျိုးကိုအခြေခံကာ သတ်မှတ် စေလို ကြောင်း တိုင်းရင်းသားများအစုအဖွဲ့က ဆေွးနွေးခြဲ့ပီး တပ်မတော်အစုအဖွဲ့ကမူ ပထဝီကိုအခြေခံကာ သတ်မှတ်လိုကြောင်း ဆေွးနွေးခြဲ့ကပါသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ကမူ ပြည်နယ်များအား ဖွဲ့စည်းရာတငွ် အမျိုးသားပြည်နယ်များနှင့် အမျိုးသားများပြည်နယ်များ ဟူ၍ ဖွဲ့စည်းရန် အကြံပြု ဆေွးနွေးခဲ့ကြပါသည်။

(၆) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ဝင်တစ်ဖွဲ့ နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်တချို့သည် ပြည်နယ်အသစ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အသစ်များကို လိုအပ်သလို ဖွဲ့စည်းပေးသွားရေး စဉ်းစားပေးရန် ဆေွးနွေးအကြံပြုခဲ့ကြပါသည်။

၈။ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းရေးကိစ္စ
အစိုးရအစုအဖွဲ့နှင့် တပ်မတ်ာအစုအဖွဲ့တို့က ပြည်နယ်နှင့်တိုင်းများအတကွ် သီးခြား ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းရန်မလိုကြောင်း ဆေွးနွေးခဲ့ကြပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့၊ တိုင်းရင်းသားကိုယ်စားလှယ်များအစုအဖွဲ့နှင့်
နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်တချို့က ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို သီးခြား ပြဌာန်းသင့် သည်ဟု ဆေွးနွေးခဲ့ကြပါသည်။

၉။ အထွေထွေ

(က) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ထောင် ရာတငွ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ကြောင်း အစုအဖွဲ့ အားလုံးက သဘောထားများပေးခဲ့ကြပါသည်။

( ခ) ဖက်ဒရယ်စနစ်၏ အနှစ်သာရကို ပိုမိုသိရှိနားလည်ရန်နှင့် နိုင်ငံရေး ဆေွးနွေးပွဲများ ထိရောက်စွာ လုပ်ဆောင်တတ်စေရန် ဖက်ဒရယ်နှင့် ပတ်သက် သည့် ဆေွးနွေးပွဲ (Federal study forum) များအား (၆)လတစ်ကြိမ်ပြုလုပ်သွားရန် အစိုးရ အစုအဖွဲ့က ဆေွးနွေးအကြံပြုပါသည်။

( ဂ) လွှတ်တော်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့မှ ကိုယ်စားလှယ်တချို့သည် တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးနှင့်ပတ်သက်၍ ပြန်လည်စိစစ်ရန် အကြံပြု ဆေွးနွေးခဲ့ကြပါသည်။

(ဃ) လွှတ်တော်နှင့် အစိုးရအဖွဲ့များတငွ် လုံလောက်သော ကိုယ်စားပြုမှု မရရှိနိုင်သည့် တိုင်းရင်းသား လူနည်းစုများအား ကိုယ်စားပြုပါဝင်လာနိုင်စေရန် ပြဌာန်းထားသည့် သတ်မှတ်ချက်များနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်သင့်ကြောင်း တိုင်းရင်းသား အစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့မှ ကိုယ်စားလှယ်တချို့က အကြံပြု ဆေွးနွေး ခဲ့ကြပါသည်။

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ လုံခြုံရေးကဏ္ဍနှင့် ပတ်သက်သည့် သဘောထားတင်ပြမှုများအား စုစည်းထားချက်


(နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံသင့်သည့်မူများ)

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၄-၁၅) ရက်၊ MICC-2၊ နေပြည်တော်

(၁) အစိုးရ အစုအဖွဲ့၏ တင်ပြချက်
မျှော်မြင်ချက် (Vision)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ပေါ်ရေးသည် အမျိုးသားရေးရည်မှန်းချက် ဖြစ်ပါသည်။
ဤသို့ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုဖြစ်ထွန်းစေရေးအတွက် အုပ်ချုပ်ရေးအာဏာသက်ရောက်မှုရှိရေးသည် အမျိုးသားလုံခြုံရေး ရည်မှန်းချက် ဖြစ်ပါသည်။
ထိုသို့ဖြစ်စေရန်အတွက် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး ရည်မှန်းချက်များထားရှိပါသည်။
နိုင်ငံတစ်နိုင်ငံတည်ငြိမ်မှုမရှိပါက စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး အဖက်ဖက်မှ ယုတ်လျော့ လာသည့် အပြင် အခြားနိုင်ငံများ၏ အထင်အမြင်သေးမှု၊ စော်ကားမှု၊ စွက်ဖက်မှုများကိုခံရကာ အချုပ်အခြာ အာဏာထိပါးခံရပြီး၊ အမျိုးသားရေးလုံခြုံရေးစည်းကျိုးပေါက်ကာ နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွါး ဖော်ဆောင်နိုင်သည့်စွမ်းရည် တစ်နည်းအားဖြင့် နိုင်ငံစွမ်းအားသည်လည်း ကျဆင်း ယုတ်လျော့လာပါမည်။
မျက်မှောက်ခေတ် နိုင်ငံတကာအခြေအနေတွင် ကမ္ဘာ့နိုင်ငံများ၌ ပြည်ပကျူးကျော်မှုအန္တရာယ်ထက် ပြည်တွင်းရေးရာပြသနာများကသာ လုံခြုံရေးကို ပိုမိုထိပါးခြိမ်းခြောက်လာနိုင်ပါသည်။ ပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ ဆင်းရဲတွင်းနက်မှု၊ အလုပ်လက်မဲ့ပြဿနာများ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လူမှောင်ခိုကူးမှုနှင့် သဘာဝဘေးအန္တရာယ်များသည် နိုင်ငံတော်လုံခြုံရေးကို အဓိကခြိမ်းခြောက်နေ ပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ပြည်ထောင်စုတပ်မတော်အင်အားတောင့်တင်း ခိုင်မာစေရန်အတွက် အစိုးရ၊ လွှတ်တော်များနှင့် တိုင်းရင်းသား ပြည်သူများအားလုံးနှင့် တစ်စိတ် တစ်ဝမ်းတည်း ပူးပေါင်းလာရန် ဆောင်ရွက်သွားသင့်သည်။
မျှော်လင့်ချက် (Expectation)
နိုင်ငံတော်လုံခြုံရေးအတွက် လူသားလုံခြုံရေးဗဟိုပြုသည့် နယ်ပယ် (၇) ရပ် (Human Security) ဖြစ်သော စီးပွါးရေးလုံခြုံမှု၊ စားနပ်ရိက္ခာလုံခြုံမှု၊ ကျန်းမာရေးလုံခြုံမှု၊ ပတ်ဝန်းကျင်လုံခြုံမှု၊ လူပုဂ္ဂိုလ်လုံခြုံမှု၊ အဖွဲ့အစည်းဆိုင်ရာလုံခြုံမှု၊ နိုင်ငံရေးလုံခြုံမှု မှသည် အမျိုးသားအကျိုးစီးပွါး လုံခြုံမှုအထိ အမျိုးသားလုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များချမှတ်ပြီး ဘက်စုံကဏ္ဍစုံမှ ဖြည့်ဆည်း တည်ဆောက် စီမံဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာ အခြေခံသင့်သည့် မူများအား ဆွေးနွေးဖော်ထုတ်ရန် အခြေခံသင့်သည့်မူများ
(က) ကာကွယ်ရေးဆိုင်ရာ ဖွဲ့စည်းမှုနှင့် လုပ်ငန်းစဉ်ဆိုင်ရာ အခြေခံမူများ။
နိုင်ငံတော်ရှိ တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရစီရင်စုများ စသည့် နိုင်ငံတော်၏နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့် အခါမျှ ခွဲမထွက်ရ။
တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မှီသည့် တစ်ခု တည်းသော ပြည်ထောင်စုတပ်မတော်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး အတွက် အဓိကအကျဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး၊ ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် ဦးဆောင်ရမည်။
ပြည်ထောင်စုတပ်မတော်သည် တိုင်းရင်းသားလူမျိုးများအားလုံးဖြင့် ပါဝင်ဖွဲ့စည်းသော တပ်မတော်လည်းဖြစ်သည်။ မိမိနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအားလုံး၏ တပ်မတော်များကဲ့သို့ တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်ကို Standard Army ဖြစ်အောင် တည်ဆောက် ရမည်။
နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှု အောက်တွင်ရှိရမည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်။
တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေး အတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်။
နိုင်ငံတော်အတွင်း လူမျိုးရေးနှင့် ဘာသာရေးမတူကွဲပြား၊ အစွဲအလမ်းများကြောင့် ခွဲထွက်လိုမှု နှင့်ပဋိပက္ခများမဖြစ်အောင် ကာကွယ်ရေး၊လုံခြုံရေးအမြင်များဖြင့် ထိန်းသိမ်းဆောင်ရွက်ရမည်။
ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို တမျိုးသား လုံး စောင့်ကြည့်ကာကွယ်သွားရမည်။
နယ်စပ်ဖြတ်ကျော်ဂိုဏ်းဖွဲ့ ပြစ်မှုကျူးလွန်မှုများနှင့် တရားမဝင်လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်ခဲယမ်းမှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုများကို တားဆီး ရမည်။
သတင်းအချက်အလက်နည်းပညာ တဟုန်ထိုးတိုးတက်လာမှုကြောင့် မီဒီယာအမျိုးမျိုးကို လက်နက်အဖြစ် အသုံးချလာမှုများအား တားဆီးထိန်းချုပ်နိုင်ရမည်။
ထာဝရငြိမ်းချမ်းရေး သဘောတူညီချက်ရပြီးလျှင် ပြည်ထောင်စုတပ်မတော်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းတာဝန်ထမ်းလိုပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် ပေးမည်။
နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား အသက်အပိုင်းအခြားအလိုက် တပ်မတော်သားများအဖြစ် လုပ်ထုံးလုပ်နည်းနှင့်အညီ တာဝန်ထမ်းဆောင်စေသင့်ပါသည်။
နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာပါက လိုအပ်ချိန်တွင် တပ်မတော်မှ ပူးပေါင်းတာဝန်ယူဆောင်ရွက်ပေးရမည်။
နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေကျရောက်လာပါက ဥပဒေနှင့်အညီ အေးချမ်း တည်ငြိမ်မှုရရှိရေး တပ်မတော်က တာဝန်ယူဆောင်ရွက်ရမည်။
(ခ) လုံခြုံရေးဆိုင်ရာ ဖွဲ့စည်းမှု နှင့် လုပ်ငန်းစဉ်ဆိုင်ရာ အခြေခံမူများ
တည်ရှိပြီးအဖွဲ့အစည်းများမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန် ဦးစီးဌာနစသော ဥပဒေထိန်းသိမ်းရေးအဖွဲ့များ ဖြစ်သည်။
တည်ဆဲဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဖြစ်စေရေးအတွက် ဆောင်ရွက်သွားရမည်။
လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ လိုအပ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။
တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးမှုရှိရန် တရားဥပဒေစိုးမိုးရေးအတွက် အုပ်ချုပ်ရေးအာဏာသက်ရောက်မှု ရှိစေရန် ခိုင်မာကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို တည်ဆောက်ရမည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်ရာတွင် လူမျိုးရေး၊ ဘာသာရေး ဆိုင်ရာ ခွဲခြားမှုမရှိဘဲ တန်းတူရည်တူအခွင့်အရေး ရရှိစေရေးအတွက် အလေးထား ဆောင်ရွက် သွားသင့်ပါသည်။
စီးပွားရေး နှင့် လူမှုရေးနယ်ပယ်များတွင် တိုင်းတစ်ပါး လူမျိုးခြားများ ဥပဒေမဲ့ စိမ့်ဝင် ထိုးဖောက် ဝင်ရောက်လာမှုများကို ကြိုတင်ကာကွယ် ဖော်ထုတ်တားဆီးရမည်။
တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအား နိုင်ငံတကာ စံချိန်စံညွှန်း နှင့်အညီ Standard Law Enforcement ဖြစ်စေရေးအတွက် တိုးမြှင့်ဖွဲ့စည်း ဆောင်ရွက် သွားသင့်ပါသည်။
---------------------

(၃) လွှတ်တော်အစုအဖွဲ့၏ တင်ပြချက် -
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် - ဦးအောင်ဆန်း (အမျိုးသားဒီမိုကရေစီပါတီ)
၁။ နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးဆိုသည်မှာ လက်တွေ့ကျကျ၊ သဘာဝကျကျ တတ်သိသူများနှင့်သေသေချာချာ နက်နက်နဲနဲလုပ်ရမည်ဖြစ်သည်။
၂။ တပ်မတော်အင်အားကြီးစေရန် နည်းပညာ (IT) နှင့် လက်နက်အင်အားလိုအပ်ပါသည်။
၃။ တပ်မတော်နှင့်ရဲတပ်ဖွဲ့သည် တိုင်းပြည်လုံခြုံရေးနှင့်ကာကွယ်ရေးမှာအဓိကကျပါသည်။
၎။ အမျိုးသားနှင့်ပြည်ထောင်စုအဖွဲ့နှင့်ပတ်သက်ပြီး “ထောက်လှမ်းရေးအဖွဲ့” လိုအပ်ပါသည်။
၅။ လက်နက်ကိုင်တပ်ဖွဲ့များပေါင်းစည်းသွားလျှင် တိုင်းရင်းသားချစ်ကြည်ရေးကျောင်း တည် ဆောက်မည်။

စစ်ကိုင်းတိုင်းဒေသကြီး အမှတ် (၁၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် - ဦးမြတ်ကို
၆။ နိုင်ငံတော်ကာကွယ်ဖို့လုံခြုံဖို့ တိုင်းရင်းသားအားလုံးပါဝင်သော တစ်ခုတည်းသော တပ်မတော် အဖြစ်ဖွဲ့စည်းရန်။
၇။ လက်မှတ်မထိုးသေးသည့် အဖွဲ့များဖြင့်လည်း အဆက်မပြတ် ဆွေးနွေးနေရန်လိုအပ်ပြီး အဆင့်လိုက်အကောင်အထည် ဖော်ရန်လိုအပ်သည်။
ဦးခွန်လိန် (ချင်းတိုးတက်ရေးပါတီ) -
၈။ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးဟာ အဓိက ဖြစ်ပြီး တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော် လိုအပ်သည်။
၉။ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် လုပ်ဆောင်ရန်နှင့် DDR/SSR ဖေါ်ဆောင်ရာတွင် တောင်အာဖရိက နိုင်ငံကဲ့သို့ အချိန်ယူပြီးဆက်လက် ဆွေးနွေးကြမည်ဆိုလျှင် အားလုံးအတွက်အဖြေကိုရရှိမည်။
ဦးတင်စိုး (ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) -
၁၀။ စီးပွားရေး၊ စစ်ရေးနှင့် နည်းပညာပါဖွံ့ဖြိုးတိုးတက်လာသည့် ကမ္ဘာ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာသည့် တရုတ်၏စိတ်ဝင်စားမှု မြင့်မားလာမှု။
၁၁။ သယံဇာတပေါကြွယ်ဝမှုကို မိမိတို့ထိထိရောက်ရောက်မသုံးနိုင်ပါက နည်းပညာ၊ လူ့စွမ်းအား အရင်းအနှီးမြင့်မားသော အင်အားကြီးသူတို့ မက်မောစရာဖြစ်နေမှု။
၁၂။ နိုင်ငံတော်တွင် ပြည်ထောင်စုတပ်မတော်တစ်ရပ်သာရှိသင့်သည်။
၁၃။ လက်ရှိတပ်မတော်တွင် တိုင်းရင်းသားများအားလုံး ပါဝင်နိုင်ရေး စီမံဆောင်ရွက်သင့်သည်။
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် - ဦးသာညွှန့် -
၁၄။ လုံခြုံရေးနှင့်ပတ်သက်ပြီး အာဏာခွဲဝေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအား အတိုင်းအတာတစ်ခု ပေးထားသင့်သည်။

(၃) တပ်မတော်အစုအဖွဲ့၏ တင်ပြချက်
အမျိုးသားအကျိုးစီးပွား (National Interest)
၁။ အမျိုးသားအကျိုးစီးပွား (National Interest) ဆိုသည်မှာ နိုင်ငံတော်၏လိုအပ်ချက်၊ နိုင်ငံတော် အတွင်းမှီတင်းနေထိုင်ကြသော နိုင်ငံသားတို့၏လိုအပ်ချက်ပင်ဖြစ်သည်။
အမျိုးသားရေးမူဝါဒ (National Policy)
၂။ ဒို့တာဝန်အရေးသုံးပါးသည် အမျိုးသားရေးမူဝါဒဖြစ်သည်။
အမျိုးသားရေးရည်မှန်းချက်များ (National Goals)
၃။ အမျိုးသားရေးရည်မှန်းချက်မှာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးပင်ဖြစ်ပါသည်။
နိုင်ငံတော်၏ အမျိုးသားကာကွယ်ရေးမူဝါဒ
၎။ မြန်မာ့တပ်မတော်သည် အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေး(၃)ပါးကို အစဉ် ဦးထိပ်ထား၍ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို အမြဲတစေထမ်းဆောင်လျက်ရှိ ပါသည်။ မြန်မာနိုင်ငံကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀ဝ၈ ခုနှစ်၊ အခန်း(၁) နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၂၀၊ ပုဒ်မ ၄၂ နှင့် အခန်း(၇) တပ်မတော်ကဏ္ဍ ပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၃၉၊ ၃၄၀၊ ၃၄၁ ဖြင့် အတိအလင်း ပြဋ္ဌာန်းထားရှိပါသည်။
၅။ အမျိုးသားကာကွယ်ရေးမူဝါဒကို အောက်ပါအတိုင်း ချမှတ်ထားပါသည်-
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး(၃)ပါးကို ထိပါးနှောင့်ယှက်မည့် အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန်။
(ခ) တပ်မတော်ကိုမဏ္ဍိုင်ပြု၍ တိုင်းရင်းသားပြည်သူများ၏ ပြည်တွင်းစွမ်းအားစုများအပေါ် အခြေတည်ကာ ပြည်သူ့စစ်မဟာဗျူဟာဖြင့် နိုင်ငံတော်ကာကွယ်ရေးတည်ဆောက်ရန်။
(ဂ) အခြားနိုင်ငံများ၏ ပြည်တွင်းရေးများကို စွက်ဖက်ခြင်းမပြုသကဲ့သို့ ပြည်ပနိုင်ငံများ၏ ကျူးကျော်တိုက်ခိုက်မှု၊ ပြည်တွင်းရေးကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံအသုံးပြု၍ ဝင်ရောက် စွက်ဖက်မှုတို့အား ရဲဝံ့ထိရောက်စွာကာကွယ်ရန်။
(ဃ) ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ အခြားနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကိုရှေးရှုသည့် ကာကွယ်ရေးစနစ်ကျင့်သုံးရန်။
(င) အခြားနိုင်ငံများနှင့် စစ်ရေးမဟာမိတ်ဖွဲ့ခြင်း၊ နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံကိုမျှ တပ်ချထားခြင်းကို ခွင့်မပြုရန်။
(စ) သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာကိစ္စများ၊ အကြမ်းဖက်မှုဆန့်ကျင်ရေး ကိစ္စများတွင် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံ၏သဘာဝဘေးအန္တရာယ် များကို ကူညီဆောင်ရွက်ရန်။

နိုင်ငံတော်၏ လုံခြုံရေးမူဝါဒ
၆။ နိုင်ငံလုံခြုံရေးဆိုသည်မှာ “ နိုင်ငံတစ်ခု၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် နည်းပညာရေးရာ၊ သဘာဝပတ်ဝန်းကျင်ရေးရာ၊ နိုင်ငံတကာဆက်ဆံရေးနှင့်သံတမန်ရေးရာ စသည့် ဘက်စုံကဏ္ဍရပ်( Multi - Dimensional Sector) များတွင် ပြည်ပမှလည်းကောင်း၊ ပြည်တွင်းမှ လည်းကောင်း၊ ပြည်တွင်း/ပြည်ပမှဆက်သွယ်ခြယ်လှယ်၍လည်းကောင်း ခြိမ်းခြောက်အန္တရာယ်ပြု နေမှုများမှ ကင်းဝေးစွာ ရှောင်ကွင်း၊ ဟန့်တား၊ ထိန်းချုပ်ဖြေရှင်း၍ နိုင်ငံတော်၏အမျိုးသား အကျိုး စီးပွားကို အလေးထားဖော်ဆောင်ပေးမည့် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားတိုင်း လိုက်နာဆောင်ရွက်ကြရမည့်နိုင်ငံတော်၏ မူဝါဒတစ်ရပ်ပင်ဖြစ်သည်” ဟုဆိုနိုင်ပါသည်။

တစ်ခုတည်းသောတပ်မတော်ထားရှိရေးမူဝါဒ
၇။ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ မျိုးချစ်စိတ်ဓာတ်ကို အခြေခံပြီး ပြည်သူကြားက ပေါက်ဖွားလာသည့် တစ်ခုတည်းသော ပြည်သူ့တပ်မတော်၊ တစ်နည်းအားဖြင့် ပြည်ထောင်စုတပ်မတော်ပင် ဖြစ်ပါသည်။
၈။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၃၈)ပါ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံး သည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင်ရှိသည်ဟု ပြဋ္ဌာန်းထားခြင်းသည် တစ်ခုတည်းသော တပ်မတော်ထားရှိရေးမူဝါဒပင် ဖြစ်ပါသည်။

နိုင်ငံရေးလမ်းပြမြေပုံ
၉။ မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် NCA လက်မှတ်ရေးထိုးရုံဖြင့်မပြီးသေးဘဲ နိုင်ငံရေး လမ်းပြမြေပုံပါ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကျန်ရှိနေပါသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းများဖြစ်သော (SSR/DDR) လုပ်ငန်းစဉ်များကို လမ်းပြမြေပုံပါအတိုင်း အမျိုးသားရေးအသွင်ဖြင့် ဆက်လက်အ ကောင်အထည်ဖော်ရမည် ဖြစ်ပါသည်။

လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲခြင်း (SSR) လုပ်ငန်းစဉ်များ
၁၀။ မြန်မာနိုင်ငံနှင့် SSR ။ နိုင်ငံတကာတွင် SSR ဖော်ဆောင်ခဲ့ရသည့် အကြောင်းရင်းကို လေ့လာ ကြည့်ပါက အဆိုပါနိုင်ငံများတွင် လုံခြုံရေးဆိုင်ရာအရင်းအမြစ်များနည်းပါးပြီး လုံခြုံရေးကဏ္ဍ အားနည်းသောကြောင့် နိုင်ငံနှင့်နိုင်ငံသားလုံခြုံရေးအား ထိရောက်စွာ ကာကွယ်မှုမပြုနိုင်ခြင်း၊ အုပ်ချုပ်သူအစိုးရအနေဖြင့်လည်း ကောင်းမွန်သောအုပ်ချုပ်မှုစနစ်(Good Governance) ဖော်ဆောင် နိုင်မှု မရှိခြင်းတို့ကြောင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲခြင်း (Security Sector Reform - SSR) ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲခြင်း (SSR) ဖော်ဆောင်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရန် မလိုအပ်ဘဲ အချို့နယ်မြေများ တွင်သာ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲခြင်း (Localized SSR) ကို ဖော်ဆောင်သွားရမည် ဖြစ်ပါသည်။

DDR လုပ်ငန်းစဉ်များ
၁၁။ DDR လုပ်ငန်းစဉ်အား ပဋိပက္ခအလွန်တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဖော်ဆောင်ရာတွင် ဆက်လက်ဆောင်ရွက်ရပါမည်။ အုပ်ချုပ်သူအစိုးရ (Government) ၊ တပ်မတော် (Military)၊ လက်နက်ကိုင်အဖွဲ့အစည်းများ (Armed Groups) တို့ ညှိနှိုင်းဆောင်ရွက်ရသည်။

တပ်မတော်အား Standard Army အဖြစ် တည်ဆောက်ရေး
၁၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ခေတ်မီလက်နက်များ တပ်ဆင်ရန်လိုအပ်၍ လည်းကောင်း၊ ပထဝီအနေအထားအရ အရေးပါသည့်နေရာ၌ တည်ရှိနေ၍ လည်းကောင်း၊ မျက်မှောက်ခေတ် ခေတ်မီသိပ္ပံနှင့် နည်းပညာ၊ စစ်မှုရေးရာအတတ်ပညာများ တိုးတက်ပြောင်းလဲ လာ၍လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ လူဦးရေနှင့် စစ်အင်အားအရလည်းကောင်း၊ မြန်မာ့တပ်မတော်အား အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီတပ်မတော် ဖြစ်လာ စေရန် Standard Army အဖြစ်သို့ တည်ဆောက်သွားရမည် ဖြစ်ပါသည်။

ထပ်မံစဉ်းစားသင့်သည့် အချက်များ
၁၃။ အိမ်နီးချင်းနိုင်ငံအချို့၏ လူဦးရေတိုးတက်မှုနှုန်း များပြားလွန်းသဖြင့် မိမိနိုင်ငံအတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်အခြေချနေထိုင်မှုများကို ကာကွယ်တားဆီးရေးဆောင်ရွက်ရမည်။
၁၄။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတွင် တစ်ခုတည်းသော တပ်မတော်ထားရှိရေးနှင့် ဦးဆောင်မှု ရယူဆောင်ရွက်ရပါမည်။
၁၅။ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးများအားလုံးဖြင့် ပါဝင်ဖွဲ့စည်းထားသော တပ်မတော်ဖြစ်သည့်အားလျော်စွာ ပြည်ထောင်စုတပ်မတော်ပင် ဖြစ်သည်။ တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်ကို Standard Army ဖြစ်အောင် တည်ဆောက်ရမည်။
၁၆။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်၏ စစ်မှုထမ်းစည်းမျဉ်းဥပဒေနှင့် အညီ တာဝန်ထမ်းဆောင်နိုင်ရေး တပ်မတော်က အမြဲကြိုဆို ဖိတ်ခေါ်လျက် ရှိပါသည်။

သုံးသပ်တင်ပြချက်
၁၇။ ပြည်ထောင်စုအတွင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားလုံးသည် မည်သည့်အကြောင်းနှင့်မျှ ပြည်ထောင်စုမှခွဲထွက်ခြင်းမပြုရန် လိုအပ်ပါသည်။
၁၈။ လုံခြုံရေးကဏ္ဍပြန်လည်ပေါင်းစည်းခြင်း (SSR/DDR) လုပ်ငန်းစဉ်ကို အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးညီလာခံများကို (၃) နှစ်မှ (၅) နှစ်အတွင်း ပြီးပြတ်အောင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။


(၄) တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့၏ တင်ပြချက်
ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအခြေခံမူများ
၁။ ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့များသည် ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးနှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမည်။
၂။ ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့များသည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရမည်။
၃။ ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့များသည် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရမည်။
၎။ ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မည်သည့်နိုင်ငံရေးပါတီ၏ ပါတီဝင်မျှ မဖြစ်စေရ။ မည်သည့်နိုင်ငံရေးပါတီ (သို့) လူပုဂ္ဂ္ဂိုလ်တို့၏ သြဇာခံမဖြစ်စေရ။
၅။ ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့ဝင်များ ဖွဲ့စည်း တာဝန်ပေးအပ်မှုတွင် ဖက်ဒရယ် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များအားလုံး၏ အချိုးကျကိုယ်စားပြုမှုရှိရမည်။
၆။ ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးဆိုင်ရာတပ်ဖွဲ့ဝင်များအတွင်း လူမျိုး၊ ဘာသာ၊ အသား အရောင်၊ လိင်နှင့် လိင်သဘောထားခံယူမှုတို့အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်းမရှိစေရ။
၇။ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် နိုင်ငံရေးသဘောတူညီချက်များ အပေါ် အခြေခံရမည်။
၈။ တိုင်းရင်းသားလူမျိုးများသည် လုံခြုံရေးဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ရာတွင်ပါဝင်ရမည်။
၉။ ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့များသည် အရပ်ဘက်ကွပ်ကဲမှုနှင့် အုပ်ချုပ်မှုအောက်တွင် ရှိရမည်။
၁၀။ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ရေး (တပ်မတော်) ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တစ်ခုတည်းသာ မဟုတ်ဘဲ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးတို့ အပါအဝင် လုံခြုံရေးနှင့် သက်ဆိုင်သော ကဏ္ဍများအားလုံးကို ပြုပြင်ပြောင်းလဲရမည်။

မှတ်ချက်။ ။ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ မှ ၁၅ ရက်နေ့ အထိပြုလုပ်သော ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာမူဝါဒဆွေးနွေးပွဲတွင် မူပိုင်းဆိုင်ရာ အချက်အလက်များကိုသာ တင်ပြဆွေးနွေးရန် သတ်မှတ်ထားသောကြောင့် မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအစုအဖွဲ့မှ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ “မူ” များကိုသာ တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။
-------------------
(၅) နိုင်ငံရေးပါတီများ အစုအဖွဲ့၏ တင်ပြချက်များ

ဦးခင်မောင်ကြည်
အတွင်းရေးမှူး၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ
၁။ NCA လက်မှတ်ထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်သင့်သည်။
၂။ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရာတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း) ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် တပ်များဖွဲ့စည်း နေရာချသွားသင့်သည်။
၃။ ပြည်ထောင်စုတပ်မတော်တွင် တိုင်းရင်းသားပေါင်းစုံလက်နက်ကိုင်အဖွဲ့အစည်းမှ စစ်သည်များ ကို ဖွဲ့စည်းနိုင်သည့် တပ်အင်အားကို သတ်မှတ်ရမည်။
၎။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ စစ်သည်များအား တပ်တွင်းရာထူး/အဆင့်များ သတ်မှတ်ရာတွင် မည်သည့်အဆင့်ထိသတ်မှတ်နိုင်ကြောင်းနှင့် ရပိုင်ခွင့်များတန်းတူရေး တိကျစွာဖော်ပြရမည်။
၅။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တပ်မတော်တပ်ရင်းများ တို့ချဲ့ဖွင့်လှစ်ရမည်။

စောဒယ်နီယယ်
ဥက္ကဌ၊ ကယားလူမျိုးစုပါတီ
၆။ ပြည်ထောင်စုတပ်မတော်သည် လူမျိုးတစ်မျိုး၊လူအုပ်စု၊ ပါတီတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦး၏ သြဇာခံ မဖြစ်စေရ။ ပြည်ထောင်စု၏အကျိုးစီးပွားကိုသာ ကာကွယ်သင့်သည်။
၇။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သည် အရပ်ဘက်ကွပ်ကဲမှုနှင့် အုပ်ချုပ်မှုအောက်တွင် ထားရှိ သွားနိုင်ရန် ပြန်လည်သုံးသပ်သင့်သည်။

မန်းအောင်ပြည်စိုး
ဒုဥက္ကဌ - ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ
၈။ တိုင်းရင်းသားတပ်မတော်သားများ၏ ရာထူးသတ်မှတ်ချက်များနှင့် ပတ်သက်၍ တပြေးညီ သတ်မှတ်ရန်။
၉။ အရေးပေါ်ကာလသတ်မှတ်ခြင်း၊ စစ်ပြုခြင်း စစ်ပြေငြိမ်းခြင်းများနှင့် ပတ်သက်၍ ကာ/လုံ၏ တင်ပြချက် အပေါ် သမ္မတမှ မိမိဆန္ဒနှင့်အညီ အမိန့်ထုတ်ပြန်ရန်။

ဦးမင်းမင်းထွန်း
ဥက္ကဌ - ပြည်သူ့အကျိုးပြုကျောင်းသားများဒီမိုကရေစီပါတီ
၁၀။ နိုင်ငံတော်ကာကွယ်ရေးအတွက် ခေတ်မီဖွဲ့ဖြိုးတိုးတက်ပြီး အင်အားကြီးမားသော တိုင်းရင်းသား အားလုံး ပါဝင်သည့် တပ်မတော်တစ်ရပ်ရှိ သင့်ပြီးလက်နက်ကိုင်အဖွဲ့ အစည်းများအားလုံးသည် တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာရှိရမည်။ (၂၀၀၈ ဖွဲ့/ဥပဒေ အခန်း(၇) ပုဒ်မ ၃၃၈ အရ)
၁၁။ မြန်မာနိုင်ငံနှင့် နယ်နမိတ်ဆက်စပ်လျှက်ရှိသော ပြည်ပနိုင်ငံများရဲ့အနေအထားအရ နယ်စပ် ကာကွယ်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်မှ တိုက်ရိုက်တာဝန်ယူရမည်။
၁၂။ ပြည်တွင်းလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိရဲတပ်ဖွဲ့မှ တာဝန်ယူဆောင် ရွက်ရမည်။ ရဲတပ်ဖွဲ့ဖြင့် မလုံလောက်ပါက တပ်မတော်က တာဝန်ယူဆောင်ရွက်ရပါမည်။

Daw Angela Thaung
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ကယန်းအမျိုးသားပါတီ
၁၃။ အမျိုးသမီးများကို အကြမ်းဖက်ခြင်းကိစ္စများတွင် တပ်မတော်မှ အပြစ်ကျူးလွန်သူများအနေဖြင့် ပစ်ဒဏ်ကျခံခြင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၉ အရ စစ်ဘက်ဆိုင်ရာ တရားရုံးများမှ စစ်ဆေးရမည်ဖြစ်သော်လည်း ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ပြစ်ဒဏ်ချမှတ်ခြင်းမှ ကင်းလွတ် ခြင်းမရှိစေရန် စစ်ခုံရုံးမှစစ်ဆေးခြင်းအပြင် အရပ်ဘက်ခုံရုံးမှလည်း စစ်ဆေးသင့်ပါသည်။
၁၄။ အမျိုးသမီးရဲမေဝန်ထမ်းများကို မြို့ငယ်များနှင့် ရွာများတွင် တိုးချဲ့ခန့်ထားသင့်သည်။

ဦးကျော်
ဒုဥက္ကဌ၊ အမျိုးသားဒီမိုကရေစီပါတီ
၁၅။ နိုင်ငံတော်၏တည်နေရာအနေအထားအရ အင်အားတောင့်တင်းသောခေတ်မီသည့်တပ်မတော် တစ်ရပ် မွေးထုတ်ပေးရမည်။
၁၆။ ပြည်တွင်းငြိမ်းချမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေရသလို ဒီမိုကရေစီ စနစ်နှင့်အညီ သဟဇာတဖြစ်သောအခြေခံမူများ ချမှတ်ရမည်။
၁၇။ လုံခြုံရေးပြန်လည်ပေါင်းစည်းရာတွင် ဖွဲ့စည်းမည့်ပုံစံ၊ တာဝန်၊ ခံစားခွင့်များ အစရှိသည်တို့ကို ကြိုတင် ပြင်ဆင်ထားရမည်ဖြစ်သကဲ့သို့ တာဝန်ပေးရာ၌ တန်းတူအခွင့်အရေးပေးရမည်။
၁၈။ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန်အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ထိ အဆင့်မီအောင် ပြုစု ပျိုးထောင် ပေးရမည်ဖြစ်သည်။
၁၉။ ဒေသတွင်းစစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းဖလှယ်ခြင်းများနှင့် ခေတ်မီသတင်းအချက် အလက် နည်းပညာများဖြင့် အသုံးချရမည်။

ခွန်ထွန်းရွှေ
တွဲဘက်အတွင်းရေးမှူး (၂) - ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် ပါတီ
၂၀။ တိုင်းရင်းသားအားလုံးပါဝင်သော အနှောင်အဖွဲ့ကင်းသော ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ဆောက်ရမည်။
၂၁။ ဒေသဆိုင်ရာ မိဘပြည်သူများပါဝင်သော မိဘပြည်သများ၏ လူမှုဘ၀လုံခြုံရေးကို တာဝန်ယူ နိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်ရမည်။

ဦးအောင်သန်းတင့်
ဥက္ကဌ - ဗမာပြည်သူ့ပါတီ
၂၂။ လုံခြုံရေးကဏ္ဍအနေနှင့် ဖက်ဒရယ်စနစ်ဖြစ်သဖြင့် စစ်မှန်သည့်ပြည်ထောင်စုစနစ် ဖြစ်သော ကြောင့် နိုင်ငံတကာအဆင့်မှီတဲ့ ပြည်ထောင်စုတပ်မတော်တစ်ရပ်ရှိရမည်။
၂၃။ ပြည်တွင်းတရားဥပဒေစိုးမိုးပြီး လုံခြုံမှုရှိရန်အတွက် ပြည်သူ့ရဲကို ခေတ်မီပြီးနိုင်ငံတကာအဆင့်မီ ရဲတပ်ဖွဲ့ဖြစ်ရန် အထူးလိုအပ်သည်။
၂၄။ နိုင်ငံရေးပြဿနာသည် တိုင်းရင်းသားအရေးဖြစ်သောကြောင့် တိုင်းရင်းသားများ၏အခွင့် အရေးကို တန်းတူညီမျှဖြစ်ရေးအတွက် မူချမှတ်သင့်သည်။

ပူ ကမ်လမ်ခုပ်
ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ
၂၅။ ပြည်ထောင်စုတပ်မတော်သည် ပြည်ပစစ်ကို ကာကွယ်ရန်ဖြစ်သည်။
၂၆။ နိုင်ငံတော် သမ္မတသည် စစ်သေနာပတိချုပ်ဖြစ်သင့်သည်။
၂၇။ စစ်ဦးစီးအဖွဲ့သည် ပြည်ထောင်စုတပ်မတော်နှင့် ပြည်နယ်တပ်မတော်အားလုံးပါဝင်သောအဖွဲ့ ဖြစ်သင့်သည်။ ယင်းအဖွဲ့မှ အလှည့်ကျစနစ်နှင့် စစ်ဦးစီးချုပ်အား ခန့်အပ်ရမည်။
၂၈။ လုံခြုံရေးတွင် ပြည်ထောင်စုတပ်မတော်၊ ပြည်နယ်တပ်မတော်နှင့် ရဲတပ်ဖွဲ့များရှိရမည်။ ပြည်နယ်တပ်မတော်နှင့် ရဲတပ်ဖွဲ့များသည် ပြည်နယ်အစိုးရ၏ ကွပ်ကဲမှုအောက်တွင်ရှိရပါမည်။ မိမိတို့ဒေသတွင် အရေးပေါ်အခြေအနေဖြစ်ပေါ်လာလျှင် ပြည်ထောင်စုတပ်မတော်၏အမိန့်ကို နာခံလိုက်နာရမည်။

ဦး မောင်စံအောင်
ဒု-ဥက္ကဌ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ
၃၀။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရမူ နှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံပူးပေါင်းပါဝင်သော ပြည်ထောင်စု တပ်မတော် တစ်ရပ်ရှိရမည်။
၃၁။ အရည်အချင်းပြည့်ဝတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်စေရမည်။
၃၂။ လက်နက်မပါကျူးကျော်ဝင်ရောက်နေထိုင်ကြသည့် ပြည်ပတရားမဝင် နိုင်ငံသားများကို ကာကွယ်ရမည့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန စသည်တို့ကို နည်းပညာ မြှင့်တင်ပေးရမည်။

တာလှဖေ
ဗဟိုကော်မတီအဖွဲ့ဝင် - တအာင်း(ပလောင်) အမျိုးသားပါတီ
၃၃။ NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် ထာဝရ ငြိမ်းချမ်းရေးမရမီစပ်ကြား JMC လွှမ်းခြုံနိုင်မှုမရှိသေးမီစပ်ကြား စစ်ရှိန်လျော့ချရန်၊ စစ်ဘေး စစ်ဒါဏ်သင့်ပြည်သူလူထုများအား ကူညီကယ်ဆယ်ပေးရန် ကိစ္စများကို မူတစ်ခုချမှတ်သွားရန်၊ ပြည်သူလူထုကို လက်နက်အားကိုး အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးမှုမရှိစေရေးမူချမှတ်သွားရန်။
၃၄။ တိုင်းရင်းသားလူမျိုးများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားစေခြင်းနှင့် ပဋိပက္ခ မုန်းတီးမှုကို ဖြစ်ပေါ်စေမည့် အတင်းအဓမ္မ တပ်သားစုဆောင်းခြင်း၊ စားနပ်ရိက္ခာကောက်ခံခြင်း၊ ငွေကြေးကောက်ခံခြင်းနှင့် ကြီးနိုင်ငယ်ညှင်းကိစ္စအထူးရှောင်ရှားရန်။
၃၅။ လုံခြုံရေးနှင့် ကာကွယ်ရေးအခန်းကဏ္ဍတွင် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရေးမူ ချမှတ်ပေးရန်။

--------------

(၆) တိုင်းရင်းသားကိုယ်စားလှယ် အစုအဖွဲ့၏ တင်ပြချက်
၁။ နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်၍ -
(၁-၁) မြန်မာနိုင်ငံ၏ ဒေသတွင်း ပထ၀ီနိုင်ငံရေးနှင့် လုံခြုံရေးအရ ထူးခြားသည့်ဝိသေသကို အခြေခံ၍ ဒေသတွင်းလုံခြုံရေးကို မြှင့်တင်နိုင်သည့် နိုင်ငံတော်လုံခြုံရေးမူဝါဒ (National Security Policy) ကို ချမှတ်ရမည်။
(၁-၂) ပြည်နယ်များတွင် ပြည်နယ်လုံခြုံရေးတပ်/ ပြည်နယ်စောင့်တပ်များကို ထားရှိရမည်။
(၁-၃) ပြည်နယ်နယ်နမိတ်များကို လက်ရှိတည်ဆဲနယ်နိမိတ်များအတိုင်း ဆက်လက်ထား ရှိရမည်။
(၁-၄) ပြည်သူ့စစ်အဖွဲ့အစည်းများကို လိုအပ်သလို စနစ်တကျ ဖွဲ့စည်းနိုင်သည်။
နိုင်ငံတော်လုံခြုံရေးဆိုင်ရာမူဝါဒ ချမှတ်ရာတွင် လက်နက်အင်အား/စစ်အင်အားဖြင့် ကာကွယ် စောင့်ရှောက်သည့် မဟာဗျူဟာမျိုးထက် ဒေသတွင်းတွင်ငြိမ်းချမ်းရေးကို ဖော်ဆောင်၍ သံတမန်နည်းဖြင့် လွှမ်းမိုးနိုင်သည့် နည်းလမ်းကိုလည်း ထည့်သွင်းစဉ်းစားရန် အကြံပြုအပ်ပါသည်။ စစ်ရေးကိုအခြေမခံဘဲ နိုင်ငံကိုပြည်ပရန်မှကာကွယ်နိုင်ခဲ့သည့် တိုင်းပြည်များ၏အတွေ့အကြုံများကို နမူနာယူ၍ မိမိတို့၏အမျိုးသားလုံခြုံရေးမူဝါဒကို ချမှတ်သင့်သည်။
မိမိတို့ အနေနှင့် တရုတ်၊ အိန္ဒိယ စသည့် အိမ်နီးချင်းများနှင့် စစ်ရေးအင်အားယှဉ်ပြိုင်နိုင်ရန် မလွယ်ကူပါ။ ထို့ကြောင့် ဒေသတွင်းငြိမ်းချမ်းရေးကိုရှေးရှုသည့် လုံခြုံရေးမူဝါဒမျိုး စဉ်းစားရန်နှင့် အရှေ့တောင်အာရှကိုသာမဟုတ်ဘဲ တောင်အာရှကိုပါ အာရုံစိုက်ရန်လိုအပ်ပါသည်။
၂။ ပြည်ထောင်စုတပ်မတော်နှင့်ပတ်သက်၍ -
(၂-၁) ပြည်ထောင်စုတပ်မတော်သည် အစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး၊ ပြည်နယ်စောင့် တပ်ဖွဲ့များသည် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိရမည်။
(၂-၂) ပြည်ထောင်စုတပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ပြည်ပရန်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိပြီး၊ ပြည်နယ်စောင့်တပ်ဖွဲ့များသည် သက်ဆိုင်ရာပြည်နယ်များ၏ လုံခြုံရေး အတွက် အဓိကတာဝန်ရှိသည်။
(၂-၃) ပြည်ထောင်စုတပ်မတော်ကို ပြည်နယ်များမှ အချိုးကျစေလွှတ်သောအရေအတွက်ဖြင့် ဖွဲ့စည်းရမည်။
(၂-၄) ပြည်ထောင်စုတပ်မတော်တွင် တိုင်းရင်းသားများအား ကြည်း၊ ရေ၊ လေ တပ်မတော်များ အားလုံးတွင် လုပ်သက်နှင့် အရည်အချင်းတို့ကို အခြေခံ၍ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှ တာဝန်ပေးအပ်ရမည်။
ပြည်ထောင်စုတပ်မတော်ဟုဆိုရာ၌ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ အခု ချက်ချင်းဖြစ်ရမည်ဟု မဆိုလို။ NCA စာချုပ်၏ ဖြစ်စဉ်အရ လာမည့် ၁၀ နှစ်-အနှစ် ၂၀ ခန့်အတွင်း ဖြစ်ပေါ်လာမည့် အချက်များကို စဉ်းစားပေးကြရန် ဖြစ်ပါသည်။
၃။ လုံခြုံရေးကဏ္ဍပြန်လည်ပေါင်းစည်းရေးနှင့်ပတ်သက်၍ -
(၃-၁) မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ နှစ်ဦး နှစ်ဘက်လက်ခံနိုင်သည့် ဘက်စုံပါဝင်သည့် လုံခြုံရေးကဏ္ဍပြန်လည်ပေါင်းစည်းရေး လမ်းပြမြေပုံနှင့်အညီ ဆောင်ရွက်ရမည်။
ငြိမ်းချမ်းရေးဆွေးနွေးရာ၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြောင်း ဆွေးနွေးကြသော်လည်း ပြည်သူ့စစ်များ၏အခန်းကဏ္ဍကို ဆွေးနွေးမှု နည်းပါးသေးသည်။ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် ပြည်သူ့စစ်များသည် တြိဂံ၏ ထောင့်သုံးထောင့်အဖြစ် သတ်မှတ်ပြီး ဤအင်စတီကျူးရှင်းသုံးရပ်အား လုံခြုံရေးကဏ္ဍ ပြန်လည်ပေါင်းစည်းရေးတွင် ထည့်သွင်းစဉ်းစားစေလိုပါသည်။
--------------

(၇) ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့၏ တင်ပြချက်
၁။ နိုင်ငံတကာတွင် ကျင့်သုံးနေသော ကာကွယ်ရေးဖွဲ့စည်းထားမှု စနစ်များကို လေ့လာလက်ခံ ကျင့်သုံးပြီး၊ တခုတည်းသော ထိရောက်သည့် ကွပ်ကွဲမှုရှိသည့် ပြည်ထောင်စုတပ်မတော် ထူထောင်ရန် လိုအပ်သည်။
၂။ ပြည်ထောင်စုတပ်မတော်တည်ဆောက်ရေး ဆွေးနွေးကြရာတွင် တစ်ဖွဲ့ချင်း၏အကျိုးစီးပွား များကို လေ့လာစဉ်းစား၍ သဘောတူညီချက်ရသည်အထိ ဆွေးနွေးဆောင်ရွက်သွားရန် လိုအပ်သည်။
၃။ တိုင်းပြည်၏ တပ်မတော်ဖွဲ့စည်းမှုတွင် အမြဲတမ်းတပ်မတော် (Standing Army)၊ Military Reserve Forces နှင့် paramilitary forces များ ထားရှိမှုအားလုံးသည် ဥပဒေအရ ဖွဲ့စည်းထားမှု ဖြစ်သင့်သည်။
၎။ ပြည်ထောင်စုတပ်မတော်နှင့် ပတ်သက်၍ အပြန်အလှန်ထိန်းညှိမှုအတွက် ပြည်နယ်များတွင် လက်နက်ကိုင်အစုအဖွဲ့များ အာဏာဖြန့်ခွဲပြီး ထိန်းညှိခြင်းမဟုတ်ပဲ၊ ဒီမိုကရေစီလုပ်ဟန်နှင့် အင်စတီကျူရှင်းများကို အခြေခံ၍ ထိန်းကျောင်းသွားရမည်။
၅။ အမျိုးသားလုံခြုံရေး မဟာဗျူဟာ (National Security Strategy) ရေးဆွဲသင့်ပြီး၊ ရေးဆွဲရာတွင် အန္တရာယ်ကင်းရှင်းရေး (Safety)၊ ပြည်ပသြဇာလွှမ်းမိုးမှုမှ ကင်းရှင်းသော ကိုယ်ပိုင်ပြဌာန်းခွင့် (National Autonomy)၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး (National Development) နှင့် ဒီမိုကရက်တစ်အုပ်ချုပ်မှု (Democratic Rule) စသည့်မူများကို အခြေခံသင့်သည်။
၆။ အမျိုးသားကာကွယ်ရေးမူဝါဒ (National Defense Policy) သည် နိုင်ငံရေးကင်းရှင်းမှု (Apolitical)၊ တာဝန်ခံမှု (Accountability)၊ စစ်ရေးနှင့် စီးပွားရေးအင်အား ချိန်ဆမှု (Affordability)၊ စွမ်းရည်ပြည့်ဝမှု (Capability) စသည့် မူများအပေါ်တွင် အခြေခံသင့်သည်။
၇။ အမျိုးသားလုံခြုံရေးဆိုင်ရာအခြေခံမူဝါဒများကို အဓိကအင်အားစုများ လက်ခံခြင်းဖြင့် မည်သည့် အစိုးရအုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်မူဝါဒအဖြစ် အကောင်အထည်ဖော်သွားနိုင်သည့် အခြေခံမူဝါဒဖြစ်ရမည်။
၈။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးအဖြေရှာမှုများတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ စွမ်းရည်ကို ထိခိုက်ခြင်း မရှိစေရ။
၉။ အမျိုးသားကာကွယ်ရေး မဟာဗျူဟာ (National Defense Strategy) ၏ Strategic Doctrine သည် ပြည်သူ့စစ်မဟာဗျူဟာ (People’s War Strategic Doctrine) မှ Active Defense Strategic Doctrine သို့ ပြောင်းလဲပြီး၊ ကြည်းတပ်ကို Total Force, ရေတပ်ကို Green Water Navy Status, လေတပ်ကို Air Defense Assets များ ပိုင်ဆိုင်သောတပ်အဖြစ် တည်ဆောက်ခြင်းပြုလုပ်သင့်ပြီး၊ Joint Theatre Missile Defence (JTMD) ကို တိုးမြှင့် တည်ဆောက်သင့်သည်။
၁၀။ မြန်မာနိုင်ငံပထ၀ီနယ်နိမိတ်အခြေခံသော ဆက်စပ်ဧရိယာတွင်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုလည်းကောင်း၊ အခြားသောလက်နက်ကိုင်အဖွဲ့များ(တဖက်နိုင်ငံနယ်စပ်အပါအ၀င်) ကိုလည်းကောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့် လုပ်ငန်းစဉ်များ အသေးစိတ်ညှိနှိုင်းစဉ်းစားရန် လိုအပ်သည်။
၁၁။ မြန်မာနိုင်ငံ ပြည်နယ်/ တိုင်းဒေသကြီးများတွင် တိုင်းရင်းသားလူမျိုးစုများ ရောနှောနေထိုင်ရာ ဒေသနယ်မြေကိုအခြေခံသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် NCA လက်မှတ် ရေးထိုးပြီးသည့်အဖွဲ့နှင့်လည်းကောင်း၊ NCA လက်မှတ်မထိုးရသေးသောအဖွဲ့နှင့် လည်း ကောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်လုပ်ငန်းစဉ်များကို အသေးစိတ်ညှိနှိုင်းစဉ်းစားရန် လိုအပ်ပါသည်။
၁၂။ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲခြင်း (Security Sector Reform) သည် အမျိုးသား လုံခြုံရေး ဆိုင်ရာအခြေခံမူဝါဒများ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ မဟာဗျူဟာနှင့် ပြည်ထောင်စု တပ်မတော် ဆိုင်ရာအခြေခံမူတို့အပေါ် အခြေခံရမည်။
၁၃။ ပြည်ထောင်စုတပ်မတော်၏ ဘတ်ဂျက်၊ လူအင်အား၊ လက်နက်တပ်ဆင်မှုနှင့် အခြားလုံခြုံရေး ဌာနများ စုဖွဲ့မှုတို့သည် အမျိုးသားလုံခြုံရေးဆိုင်ရာ အခြေခံမူများနှင့် အမျိုးသားလုံခြုံရေး ဆိုင်ရာမဟာဗျူဟာတို့အပေါ် အခြေခံရမည်။
၁၄။ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲခြင်း (Security Sector Reform) သည် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို အထောက်အကူပြုသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် integration လုပ်သင့်သည်။
၁၅။ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲသည့် DDR/SSR လုပ်ငန်းများ လုပ်ဆောင်ရာတွင် အချိန်ယူ၍ တဖြည်းဖြည်း လုပ်ဆောင်သင့်သည်။ တိုင်းရင်းသားများ၏ Identity ကို အလေးထား ထည့်သွင်းစဉ်းစားသင့်သည်။
၁၆။ လုံခြုံရေးကဏ္ဍဆိုင်ရာဆွေးနွေးချက်များ ချောမွေ့စေရန် ဖြစ်နိုင်ချေရှိသော ဆန်းစစ်ချက် (Realistic Assessments)၊ ဘုံနားလည်မှု သဘောတရား (Common Understanding of SSR) နှင့် ဘုံသုံးစကားလုံးများ (Common Terminologies of SSR) ပေါ်ထွက်လာစေရေး အတွက် ကြိုတင်ပြင်ဆင်မှုများ (pre-negotiation activities) များ ထားရှိရန်လိုအပ်သည်။
၁၇။ Multi-stakeholders များနှင့် ပညာရှင်များပါဝင်သော SSR-DDR Studies Group ထားရှိသင့် သည်။ ထိုလေ့လာမှုများမှတဆင့် နှစ်ဘက်လက်ခံသော SSR-DDR လုပ်ငန်းစဉ်များ ပေါ်ထွက် လာစေရန် အကြံပြုမှုများ လုပ်ဆောင်သင့်သည်။
၁၈။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် လုံခြုံရေးကိစ္စများကို ဆွေးနွေးရာတွင် ကျယ်ပြန့်သော နည်းပညာအခြေခံ လုံခြုံရေးဆိုင်ရာ
     အကြောင်းအရာများထက် လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းရန် အဓိကကျသော အခြေခံမူဆိုင်ရာ အချက်များကို ဆွေးနွေးသင့်သည်။
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထားဝယ်တိုင်းရင်းသားများပါတီ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger