Home » » ထားဝယ်တိုင်းရင်းသားများပါတီ သတင်းထုတ်ပြန်ချက်

ထားဝယ်တိုင်းရင်းသားများပါတီ သတင်းထုတ်ပြန်ချက်

Written By Live100 on Friday, September 11, 2015 | 8:53 AM

ထားဝယ်တိုင်းရင်းသားများပါတီသတင်းထုတ်ပြန်ချက်

နေ့စွဲ  ၁၀-၉-၂၀၁၅
 

၁။ တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်း’ တို့ အတွက် ထားဝယ်တိုင်းရင်းသားများ ပါတီကိုထူထောင်ခဲ့ခြင်း ဖြစ်သည်။ ထားဝယ် တိုင်းရင်းသားတို့ အပါအ၀င် ဒေသတွင်းနေတိုင်းရင်းသားတို့၏ အခွင့်အရေး၊ ရပိုင်ခွင့်များဖော်ဆောင်ရန် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ထားဝယ်တိုင်းရင်းသားများ ပါတီက ၀င်ရောက် ယှဉ်ပြိုင်သွားပါမည်။

ယင်းသို့ ၀င်ရောက်ယှဉ်ပြိုင်ရာ၌ ထားဝယ်တိုင်းရင်းသားများပါတီကရွေးကောက်ပွဲအလွန်တွင် လုပ်ဆောင်မည့် မူဝါဒများ၊ ကတိက၀တ်များပါဝင်သည့်၂၀၁၅ အထွေထွေရွေးကောက်ပွဲကြေညာစာတမ်းကိုထုတ်ပြန်လိုက်ပါသည်။

၂။ယင်းကြေညာစာတမ်းတွင် ထားဝယ်တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေး၊ တရားဥပဒေစိုးမိုးရေးအရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းမီဒီယာလွတ်လပ်ခွင့်၊ လူမှုစီးပွားရေးဖွံ့ဖြိုးရေးလုပ်ငန်းတို့ပါရှိသည်။

၃။ လုပ်ငန်းမည့် လုပ်ငန်းခွဲ ၁၂ ခု ပါဝင်သော လူမှုစီးပွားဖွံ့ဖြိုးရေး မူဝါဒရေးဆွဲရန် ပထမအဆင့်အနေနှင့် ပါတီဝင်များနှင့် ဒေသခံမဲဆန္ဒရှင်များထံစစ်တမ်းများပေးပို့၍ လည်းကောင်း၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့တို့နှင့် တွေ့ဆုံ၍လည်းကောင်းအခြေခံရေးဆွဲခဲ့သည်။ ယင်းနောက် ဦးစားပေးလုပ်ငန်းလေးရပ် အဖြစ် ၁)ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေးဖွံ့ဖြိုးရန်  ၂)ရေလုပ်ငန်း ၃)ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်၊ အုန်းသီးစသောဥယျာဉ်ခြံလုပ်ငန်းများပိုမိုဖွံ့ဖြိုးလာပြီးတန်ဖိုးမြှင့် ပစ္စည်းများထုတ်လုပ်လာနိုင်ရန် ၄)စည်ပင်သာယာရေး နှင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရန် တို့ကိုရွေးချယ်ခဲ့သည်။

၎။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပင်မ ကတိက၀တ်သုံးရပ်မှာ

၁) ထားဝယ် တိုင်းရင်းသားများအတွက် အာမခံချက်ရှိသော နိုင်ငံရေးဂုဏ်သိက္ခာ၊ အဆင့်အတန်းရရှိရေး။
၂)ကောင်းမွန်သန့်ရှင်း၍ ထိရောက်သောတိုင်းဒေသကြီးအစိုးရဖြစ်ရေး။
၃)ဒေသထွက်ကုန်အခြေပြု လူမှုစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရန် ရေခံမြေခံများဖွံ့ဖြိုးရေးတို့ ဖြစ်သည်။ 
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထားဝယ်တိုင်းရင်းသားများပါတီ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger