Latest Post
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

ထားဝယ်တိုင်းရင်းသားများပါတီဗဟိုဌာနချုပ်ရုံးခန်းအသစ်ဖွင့်ပွဲ အလှူတော်မင်္ဂလာ

Written By Live100 on Tuesday, December 12, 2017 | 8:01 AM






ရုံးခန်းအသစ်မှ ကုသိုလ်တော်
======== ===========
ထားဝယ်တိုင်းရင်းသားများပါတီ၏ ရုံးခန်းအသစ် ဖွင့်ပွဲနှင့် အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
သံဃာတော်ငါးပါးကို ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ကြွရောက်လာသော ဧည့်သည်တော်များကို ထားဝယ်မုန့်ဟင်းခါးဖြင့် ကျွေးမွေး ဧည့်ခံခဲ့ကြသည်။
ဖွင့်ပွဲ အခမ်းအနားသို့ ဖိတ်ကြားထားသော နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။
ထားဝယ်တိုင်းရင်းသားများပါတီ၏ ရုံးခန်းအသစ်၏ လိပ်စာ မှာ  ဗဟိုလမ်း၊ပုံကျွန်းရပ်၊ထားဝယ်မြို့ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား




10-12-2017 (ထားဝယ်)
လူ့အခွင့်အရေးထွန်းကားဖို့ တာဝန်ကိုယ်စီယူကြစို့

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့တွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ထားဝယ်အမျိုးသမီးသမဂ္ဂ နဲ့ Equality Myanmar တို့ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ထားဝယ်တိုင်းရင်းသားများပါတီကလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သည်။
ပူးပေါင်းပါဝင်သူများသည် စောမိညိုကျောင်း မုခ်ဦးရှေ့မှ မြို့တော် ခန်းမကို လူ့အခွင့်အရေးဆိုင်ရာ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လမ်းလျှောက်ချီတက်ခဲ့ကြသည်။ ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေး ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ခင်စန်းရီ နှင့် Colour Rainbow (Dawei) မှ ဒေါ်အေးအေးမွန်တို့က လမ်းလျှောက်ချီတက်ပွဲ အခမ်းအနား ကိုဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းအပြင် မြို့တော် ခန်းမတွင်လည်း လူ့အခွင့်အရေးထွန်းကားဖို့ တာဝန်ကိုယ်စီယူကြစို့ ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီ အတွင်းရေးမှူး (၁) ဦးကျော်မင်းထိုက်က ဦးဆောင်ဆွေးနွေးမေးခွန်းထုတ်သူ အဖြစ် တာဝန်ယူခဲ့ပြီး ဦးဟိန်းထက် (အထွေထွေအတွင်းရေးမှူး - ထားဝယ်တိုင်းရင်းသားများပါတီ)၊ ဦးသန်းဝင်း (လူ့အခွင့်အရေး လှုပ်ရှားသူ)၊ ဒေါ်အေးအေးမွန် (Colour Rainbow)၊ ဦးတင့်လွင် (သတင်းစာဆရာ) တို့ ပါဝင်ဆွေးနွေးခဲ့သည်။
“လူ့အခွင့်အရေး ရဲ့ အခြေခံ အချက်ဖြစ်တဲ့ အသက်ရှင်ခွင့် လုံခြုံခွင့်အတွက် အဓိကစိန်ခေါ်မူဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး အားနည်းချက်ရှိတာတွေ ထောက်ပြဆွေးနွေးခဲ့တယ်”ဟု ထားဝယ်တိုင်းရင်းသားများပါတီ အထွေထွေ အတွင်းရေးမှူး ဦးဟိန်းထက်က ပြောသည်။
တနင်္သာရီတိုင်းတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများကို အချက်သုံးချက်ဖြင့် ထောက်ပြဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။
“လယ်သမား ပြဿနာ၊ မီဒီယာတွေ တရားစွဲဆိုခံနေရမှုတွေ၊ သက်ငယ်မုဒိန်းမှုဖြစ်ပွားနှုန်းမှာ တစ်နိုင်ငံလုံး အဆင့် ငါးချိတ်တာတွေ မီးမောင်းထိုးပြခဲ့ပါတယ်”
Photo by. Credit

ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်း ကော့သောင်းမြို့သို့ရောက်ရှိ

Written By Live100 on Monday, September 14, 2015 | 6:50 AM



ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်း ကော့သောင်းမြို့သို့
၁၂ - ၉ - ၂၀၁၅ နေ့ နံနက် ၁၁နာရီ အချိန် တွင်ရောက်ရှိလာပြီး ၎င်းနှင့်အတူ ဗဟိုအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သူရ ၊ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးရာဇာစိုး တို့ လိုက်ပါလာသည်။
ဥက္ကဋ္ဌ ဦးအေးမင်းနှင့်အဖွဲ့ကို ထားဝယ်တိုင်းရင်းသားများပါတီကော့သောင် မြို့နယ်ဥက္ကဋ္ဌဦးတင်ရှိန်၊ကိုယ်စားလှယ်လောင်းများ နှင့် ပါတီဝင်များကြိုဆိုခဲ့ကြသည် ။


မွန်းလွဲ ၂နာရီတွင် ပါတီ၏မြို့နယ်ရုံးတွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်မဲဆွယ်စည်းရုံး ရေးနှင့်ပတ်သက်၍
 ဆွေးနွေး၊လမ်းညွှန်မှုပေး ခဲ့သည်။

ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) ရွှေ့ပြောင်းအလုပ်သမားအရေး ဆွေးနွေး(ဓာတ်ပုံ)

Written By Live100 on Saturday, September 5, 2015 | 7:20 PM




ဓာတ်ပုံ - ရာဇာစိုး
ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) တွင် အကို ကိုထူးချစ်နဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆွေးနွေးကြစဉ်
၃.၉.၂၀၁၅

ထားဝယ်တိုင်းရင်းသားများပါတီ၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြေညာ စာတမ်း နှင့် ရွေးကောက်ပွဲ မူဝါဒrsားရေးဆွဲ





ထားဝယ်တိုင်းရင်းသားများ ပါတီ မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် ဗဟို အောင်နိုင်ရေး ကော်မတီ တို့ တွေ့ဆုံ၍ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ သင်တန်းပေးခြင်း စသည်တို့ လုပ်ဆောင်လျက်ရှိသည်။

ထားဝယ်တိုင်းရင်းသားများပါတီ၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြေညာ စာတမ်း နှင့်
 ရွေးကောက်ပွဲ မူဝါဒ ကို ယင်းအစည်းအဝေးတွင် အတည်ပြုခဲ့ပြီး
မကြာမီ အသေးစိတ် ထုတ်ပြန်သွားမည်ဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာ မူဝါဒကို ပထမအဆင့် အနေနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ငါးမြို့နယ်မှ ပြည်သူများအပြင် နိုင်ငံရပ်ခြားသို့ ရောက်ရှိသော ထားဝယ်တိုင်းရင်းသားများ ထံသို့ စစ်တမ်းများ ပေးပို့ကောက်ယူ၍ လည်းကောင်း၊ အဆင့် နှစ် အနေနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် စီးပွားရေးအသင်းအဖွဲ့ တို့နှင့် တွေ့ဆုံမေးမြန်း အကြံဥာဏ်ရယူ၍ လည်းကောင်း အဆင့်ဆင့်လုပ်ဆောင်၍ ရေးဆွဲခဲ့ပါသည်။

ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအင်အားစာရင်းချုပ်

Written By Live100 on Saturday, August 15, 2015 | 9:38 AM

ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအင်အားစာရင်းချုပ်



http://uecmyanmar.org/index.php/2014-02-11-08-31-43/642-14-8-2015-candidate

၂၀၁၅ ရွေးကောက်ပွဲ အတွက် ထားဝယ်တိုင်းရင်းသားများပါတီ မိတ်ဆက်

Written By Live100 on Wednesday, August 5, 2015 | 11:13 AM


ထားဝယ်တိုင်းရင်းသားများပါတီ(DNP)

ပါတီဥက္ကဋ္ဌ       -   ဦးအေးမင်း

ပါတီအမည်                     -  ထားဝယ်တိုင်းရင်းသားများပါတီ (Dawei Nationalities Party)
ပါတီအမျိုးအစား                     - တနင်္သာရီတိုင်းဒေသကြီး တွင်သာ ကိုယ်စားပြုယှဉ်ပြိုင်မည်။
ပါတီစတင်တည်ထောင်သည့်နှစ် - ၂၀၁၃ ခုနှစ်
ပါတီမှတ်ပုံတင်အမှတ်              -  ၇၀
ဝင်ရောက်ယှဉ်ပြိုင်မည့်နယ်မြေ   - ထားဝယ်မြို့နယ်၊လောင်းလုံးမြို့နယ်၊ရေဖြူမြို့နယ်၊သရက်ချောင်းမြို့နယ်၊
                                            ကော့သောင်းမြို့နယ်။
ပါတီဝင်                                - ၃၀၀၀ကျော်


ပါတီအလံ
ပါတီအမှတ်တံဆိပ်


ထားဝယ်တိုင်းရင်းသားများပါတီ၏ ရည်ရွယ်ချက်
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူဖြင့် စစ်မှန်သောပြည်ထောင်စုစနစ်ထူထောင်ရေး။
(ခ)  တိုင်းရင်းသားလူမျိုးများ၏ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များဖော်ထုတ၊်ထိန်းသိမ်း၊မြှင့်တင်ရေး နှင့် လူမှုရေးဆိုင်ရာ တရားမျှတမှုရှိရေး။
(ဂ) ဒေသအတွင်းရှိ သဘာဝသယံဇာတအရင်းအမြစ်များကို ဒေသခံများအကျိုးအတွက် ပါဝင်စီမံခန့်ခွဲနိုင်ရေး။
ပါတီမူဝါဒများ   
နိုင်ငံရေးမူဝါဒ - (က) ပါတီစုံဒီမိုကရေစီစနစ်ဖြင့် တိုင်းရင်းသားလူမျိုးများအားလုံး မိမိတို့၏ဂုဏ်သိက္ခာနှင့်အညီ  
          ငြိမ်းချမ်းစွာ အတူတကွနေထိုင်ပြီး လွတ်လပ်၍ဟန်ချက်ညီနေပျော်သော ပြည်ထောင်စုမြန်မာနိုင်ငံကို  
          ထူထောင်မည်။
      (ခ) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပေါင်းစုံ၏ ငြိမ်းချမ်းရေး၊လွတ်လပ်မှု ၊တရားမျှတမှု ၊  ရပိုင်ခွင့်တို့ကို အလေးထားဆောင်ရွက်မည့် သန့်ရှင်းပြီး စွမ်းဆောင်ရည်ပြည့်ဝသော ဒေသန္တရအစိုးရအဖြစ် ဖော်ဆောင်မည်။
  (ဂ) ဒေသန္တရအစိုးရ၏ စီမံပြဌာန်းခွင့်အခန်းကဏ္ဍကို မြှင့်တင်ပြီး ပြည်သူ့ဗဟိုပြုစနစ်ကို ဖော်ဆောင်မည်။
 စီးပွားရေးမူဝါဒ   - (က) ဒေသအတွင်းရှိ သဘာဝသယံဇာတများကို စီမံခန့်ခွဲ၍ ဒေသစီးပွားရေး
                               ၊ဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် အကောင်ထည်ဖော် ဆောင်ရွက်မည်။
                         (ခ) ထိုသို့ဖော်ဆောင်ရာတွင် လူသားအရင်းမြစ်ကိုအခြေခံသည့် စီးပွားရေးပုံစံ
                             ကိုဆောင်ရွက်မည်။
                         (ဂ) ရေရှည်ဖွံ့ဖြိုးတိုးတက်သောစီးပွားရေးစနစ်ကိုအာမခံနိုင်သည့်  
                               ဈေးကွက်စီးပွားရေးစနစ်ကိုအခြေခံမည်။
               (ဃ) ဒေသထွက်ကုန်ကြမ်းပစ္စည်းများကိုအခြေပြု၍ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်နိုင်ရေး
                    ၊ ဈေးကွက်ရှာဖွေရေးများကိုအားပေးလုပ်ဆောင်မည် ။
ပညာရေးမူဝါဒ    - (က)ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေး ဆောင်ရွက်မည်။
                         (ခ)တိုင်းရင်းသားတိုင်း၏ ဘာသာစကား၊ ပညာရေး မြှင့်တင်နိုင်ရေး၊            
                             ဒေသဆိုင်ရာပညာရေး မြှင့်တင်နိုင်ရေး မှုဝါဒ ချမှတ်ဆောင်ရွက်မည်။
ကျန်းမာရေးမူဝါဒ-  တိုင်းရင်းသားများ၏ ကျန်းမာရေးအတွက် ကျေးလက်နှင့် ဒေသန္တရ ကျန်းမာရေးဌာနများ၊
                       လူ့အရင်းအမြစ်များ ဖြစ်ထွန်းရန် ဆောင်ရွက်မည်။      
ပါတီဆောင်ပုဒ - တို့ဒေသ ၊တို့ပါတီ၊တို့ယုံကြည်

ရွေးကောက်ပွဲ အောင်နိုင်ရေးဆောင်ပုဒ် - ငါတို့ဒေသဖွံ့ဖြိုးဖို့ ၊ ထားဝယ်ပါတီကိုမဲပေးစို့ ။
ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများ -
၁။ တနင်္သာရီတိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုရန်ချပေးသော နိုင်ငံတော်ဘတ်ဂျက်များကို   အလေလွင့်မရှိစေရန်အထူးကြပ်မတ် ကြီးကြပ်မည်။
၂။ ထားဝယ်စာပေနှင့်  ယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းမည်။

ပါတီဥက္ကဋ္ဌမှတ်ချက် - ရွေးကောက်ပွဲတစ်ရပ်ကျင်းပပြုလုပ်ခြင်း၏ရည်ရွယ်ချက်သည်    လွှတ်တော်အရပ်ရပ်အတွက်  ပြည်သူ့ကိုယ်စားလှယ်အမတ်များရွေးချယ်ရန်အတွက် ဖြစ်ပေရာ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တကွ တိုင်းဒေသကြီး၊ပြည်နယ်၊ခရိုင်၊မြို့နယ်၊ရပ်ကျေး ကော်မရှင်ဖွဲ့ များနှင့် အရပ်ဖက်အဖွဲ့စည်းများ၊နိုင်ငံတကာအဖွဲ့စည်းတို့အနေဖြင့် မည်သို့ပင် ပူးပေါင်း၍ အစွမ်းကုန်ကြိုးစားအားထုတ်စေကာမူနောက်ဆုံးရလဒ်သည်ကား
 လွတ်လပ်သော်လည်း တရားမမျှတသော ရလဒ်များ” ဆီသို့သာ ဦးတည်နေသည်ကိုတွေ့ရှိရပေမည်။ 
-အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းက အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅% က
လွှတ်တော်အရပ်ရပ်၏ အစည်းအဝေးခန်းမ၌ အခန့်သားစောင့်ဆိုင်းနေကြသောကြောင့်ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ဟူသော ဝေါဟာရ အရသော်လည်းကောင်း၊
-ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြဌာန်းထားသော ပြည်သူ့လွှတ်တော်နည်းဥပဒေများစာအုပ်မှ အခန်း(၁) ၊ပုဒ်မ ၂ (ခ)အရ တပ်မတော်သား ဟု အဓိပ္ပာယ်ဖွင့်ဆိုချက်အရလည်းကောင်း
၊လွှတ်တော်အရပ်ရပ်၏ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၂၅%အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းက ရွေးချယ်စေလွှတ်ခြင်းမဟုတ်ပဲ ၊ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများကိုဆန္ဒမဲပေးစေ၍ ရွေးကောက်တင်မြှောက်မှသာ သင့်လျှော်မည်ဖြစ်ပါသည်။ 
နိုင်ငံသားတစ်ဦးလျှင်မဲတစ်ပြားသာပေးပိုင်ခွင့်ရှိသည့်အတွက်အရပ်ဘက်လွှတ်တော်ကိုယ်စားလှယ်များ
ရွေးကောက်တင်မြှောက်ရာတွင်မူ တပ်မတော်သားများကိုမဲဆန္ဒရှင်များအဖြစ်မှ ပယ်ဖျက်သင့်ပါသည်။ 
သို့မှသာ  ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တနေသောနိုင်ငံတကာစံချိန်မီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပပြီးစီးနိုင်မည်ဖြစ်ပါကြောင်း ။
ပါတီဥက္ကဋ္ဌ   -    ဦးအေးမင်း
ဆက်သွယ်ရန် - အမှတ်(၁၀၅) နတ်စင်လမ်း၊ ဆန်းချီရပ်၊ထားဝယ်မြို့
                     ဖုန်း -၀၉၄၁၀၀၄၄၄၃ ၊
                     ayeminn251260@gmail.com
                           
ပါတီ၏မူဝါဒအသေးစိတ်ကို - http://dnpparty.blogspot.com တွင် ကြည့်ရှုနိုင်သည်။

ရွေးကောက်ပွဲ မူဝါဒအတွက် ဆန္ဒသဘောထား တောင်းခံခြင်း

Written By Live100 on Wednesday, July 29, 2015 | 10:34 AM



ရွေးကောက်ပွဲ မူဝါဒအတွက် ဆန္ဒသဘောထား တောင်းခံခြင်း
ထားဝယ်တိုင်းရင်းသားများ ပါတီ(ဗဟို)                                          ထားဝယ်မြို့၊ ထားဝယ်ဒေသ။ 

တူညီသော တရား၊ တူညီသော အခွင့်အရေး၊ တူညီသော အဆင့်အတန်း တို့ အတွက် ထားဝယ်တိုင်းရင်းသားများ ပါတီကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ထားဝယ်အပါအ၀င် ဒေသတွင်းနေ တိုင်းရင်းသားတို့၏ အခွင့်အရေး ရပိုင်ခွင့်များ ဖော်ဆောင်ရန် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီက ၀င်ရောက် ယှဉ်ပြိုင်သွားပါမည်။
ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ မဲပေးရွေးချယ်မှုနှင့် အညီ ဒေသခံများ၏ အခြေခံ လိုအပ်ချက်များဖြစ်သော လမ်း၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေး စသော လိုအပ်ချက်များကို ဖြည့်ဆည်းသွားမည်ဖြစ်သည်။ ယင်းအပြင် ဒေသခံ တိုင်းရင်းသားတို့ ‘အထူးလိုအပ်သော ကိစ္စရပ်များကို ဦးစားပေး အကောင်အထည်ဖော်ရန်’ ရွေးကောက်ပွဲ အလွန်ကာလများတွင် အကောင်အထည်ဖော်မည့် မူဝါဒများ ရေးဆွဲလျက်ရှိသည်။ ယင်းသို့ ရေးဆွဲရာတွင် ပြည်သူ ဗဟိုပြု လုပ်ငန်းစဉ် တစ်ရပ်အနေနှင့် ပါတီဝင်များနှင့် ပြည်သူလူထု၏ အဘောထားကို အောက်ပါအတိုင်း တောင်းခံအပ်ပါသည်။
၁။ ပါတီမှ ဆောင်ရွက်သင့်သည့် ဦးစားပေးလုပ်ငန်းများ
လုပ်ငန်းအမည်များ
ဦးစားပေးအမှတ်စဉ် (ကြိုက်နှစ်သက်ရာ လုပ်ငန်း ၃ ခု ကိုဦးစားပေးအမှတ်စဉ် (၁၊၂၊၃) တပ်ပေးရန်)
ကမ်းနီးရေငန်ငါးဖမ်းလုပ်ငန်း

ဆန်စပါးထုတ်လုပ်ရေးလုပ်ငန်း

ရာဘာစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း

စည်ပင်သာယာရေးလုပ်ငန်း

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး

ရိုးရာအစားအသောက်နှင့်လက်မှုပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ

နှစ်ရှည်သီးနှံ(ကွမ်းသီး၊ အုန်း၊ သီဟို ..စသည် )တင်ပို့ရောင်းချသည့်လုပ်ငန်း

အခြားလုပ်ငန်းများ (မိမိကြိုက်နှစ်သက်ရာဖော်ပြရန်)


၂။ နောက်ဆက်တွဲဇယား(အမှတ်စဉ် တွင် မိမိရွေးချယ်လိုက်သည့် လုပ်ငန်း ၃ ခုအတွက် မည်သည့်လုပ်ငန်းစဉ်များ လုပ်ဆောင်သင့်သည်ကို အတန်ငယ် အသေးစိတ် အကြံပြုရေးသားရန်)
လုပ်ငန်းအမည်
လုပ်ဆောင်စေလိုသည့် အကြံပြုချက်
ဥပမာ။ ။ စည်ပင်သာယာရေးလုပ်ငန်း
ဈေးများကိုအဆင့်မြှင့်တင်ရန်၊ ပွင့်လင်းမြင်သာ မျှတမှုရှိသော ဈေးပြိုင်လေလံစနစ်ဖော်ဆောင်ပေးရန်၊
အမှိုက်သိမ်းစနစ်ကို အစိုးရမှ စနစ်တကျ တာဝန်ယူလုပ်ဆောင်ရန်
၁။ …………………………………………………..


၂။ ……………………………………………………


၃။ …………………………………………………….



၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လွှတ်တော် ကိုယ်စားလှယ် နေရာ ၂၀ ၀င်ပြိုင်မည်

Written By Live100 on Saturday, July 18, 2015 | 10:55 AM

    လာမည့် နိုင်ဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ထားဝယ်တိုင်းရင်းသားများ ပါတီက တနင်္သာရီတိုင်းအတွင်း ကိုယ်စားလှယ်လောင်း နေရာ ၂၀ ကို ၀င်ပြိုင်မည်ဖြစ်မည်ဖြစ်သည်။
ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းနှင့် ကော့သောင်းမြို့နယ် ငါးခုတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၅ နေရာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ နေရာနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၁၀ နေရာ တို့ကို ၀င်ပြိုင်မည်ဖြစ်သည်။

                                                                        ဗဟိုအလုပ်အမှုဆောင်ကော်မတီ
                                                                                   ထားဝယ်မြို့
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထားဝယ်တိုင်းရင်းသားများပါတီ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger