ထားဝယ်တိုင်းရင်းသားများပါတီ(DNP)
ပါတီဥက္ကဋ္ဌ - ဦးအေးမင်း
ပါတီအမည် - ထားဝယ်တိုင်းရင်းသားများပါတီ (Dawei Nationalities Party)
ပါတီအမျိုးအစား - တနင်္သာရီတိုင်းဒေသကြီး တွင်သာ
ကိုယ်စားပြုယှဉ်ပြိုင်မည်။
ပါတီစတင်တည်ထောင်သည့်နှစ် - ၂၀၁၃ ခုနှစ်
ပါတီမှတ်ပုံတင်အမှတ် -
၇၀
ဝင်ရောက်ယှဉ်ပြိုင်မည့်နယ်မြေ
- ထားဝယ်မြို့နယ်၊လောင်းလုံးမြို့နယ်၊ရေဖြူမြို့နယ်၊သရက်ချောင်းမြို့နယ်၊
ကော့သောင်းမြို့နယ်။
ပါတီဝင် - ၃၀၀၀ကျော်
ထားဝယ်တိုင်းရင်းသားများပါတီ၏ ရည်ရွယ်ချက်
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ
တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူဖြင့် စစ်မှန်သောပြည်ထောင်စုစနစ်ထူထောင်ရေး။
(ခ) တိုင်းရင်းသားလူမျိုးများ၏ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များဖော်ထုတ၊်ထိန်းသိမ်း၊မြှင့်တင်ရေး
နှင့် လူမှုရေးဆိုင်ရာ တရားမျှတမှုရှိရေး။
(ဂ) ဒေသအတွင်းရှိ
သဘာဝသယံဇာတအရင်းအမြစ်များကို ဒေသခံများအကျိုးအတွက် ပါဝင်စီမံခန့်ခွဲနိုင်ရေး။
ပါတီမူဝါဒများ ၊
နိုင်ငံရေးမူဝါဒ - (က) ပါတီစုံဒီမိုကရေစီစနစ်ဖြင့်
တိုင်းရင်းသားလူမျိုးများအားလုံး မိမိတို့၏ဂုဏ်သိက္ခာနှင့်အညီ
ငြိမ်းချမ်းစွာ
အတူတကွနေထိုင်ပြီး လွတ်လပ်၍ဟန်ချက်ညီနေပျော်သော ပြည်ထောင်စုမြန်မာနိုင်ငံကို
ထူထောင်မည်။
(ခ) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပေါင်းစုံ၏
ငြိမ်းချမ်းရေး၊လွတ်လပ်မှု ၊တရားမျှတမှု ၊ ရပိုင်ခွင့်တို့ကို
အလေးထားဆောင်ရွက်မည့် သန့်ရှင်းပြီး စွမ်းဆောင်ရည်ပြည့်ဝသော ဒေသန္တရအစိုးရအဖြစ် ဖော်ဆောင်မည်။
(ဂ) ဒေသန္တရအစိုးရ၏ စီမံပြဌာန်းခွင့်အခန်းကဏ္ဍကို
မြှင့်တင်ပြီး ပြည်သူ့ဗဟိုပြုစနစ်ကို ဖော်ဆောင်မည်။
စီးပွားရေးမူဝါဒ - (က) ဒေသအတွင်းရှိ သဘာဝသယံဇာတများကို စီမံခန့်ခွဲ၍
ဒေသစီးပွားရေး
၊ဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် အကောင်ထည်ဖော် ဆောင်ရွက်မည်။
(ခ) ထိုသို့ဖော်ဆောင်ရာတွင် လူသားအရင်းမြစ်ကိုအခြေခံသည့်
စီးပွားရေးပုံစံ
ကိုဆောင်ရွက်မည်။
(ဂ) ရေရှည်ဖွံ့ဖြိုးတိုးတက်သောစီးပွားရေးစနစ်ကိုအာမခံနိုင်သည့်
ဈေးကွက်စီးပွားရေးစနစ်ကိုအခြေခံမည်။
(ဃ) ဒေသထွက်ကုန်ကြမ်းပစ္စည်းများကိုအခြေပြု၍ တန်ဖိုးမြင့်ထုတ်ကုန်များ
ထုတ်နိုင်ရေး
၊ ဈေးကွက်ရှာဖွေရေးများကိုအားပေးလုပ်ဆောင်မည်
။
ပညာရေးမူဝါဒ - (က)ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေး
ဆောင်ရွက်မည်။
(ခ)တိုင်းရင်းသားတိုင်း၏ ဘာသာစကား၊ ပညာရေး မြှင့်တင်နိုင်ရေး၊
ဒေသဆိုင်ရာပညာရေး မြှင့်တင်နိုင်ရေး မှုဝါဒ ချမှတ်ဆောင်ရွက်မည်။
ကျန်းမာရေးမူဝါဒ- တိုင်းရင်းသားများ၏ ကျန်းမာရေးအတွက် ကျေးလက်နှင့်
ဒေသန္တရ ကျန်းမာရေးဌာနများ၊
လူ့အရင်းအမြစ်များ
ဖြစ်ထွန်းရန် ဆောင်ရွက်မည်။
ပါတီဆောင်ပုဒ် - တို့ဒေသ ၊တို့ပါတီ၊တို့ယုံကြည်
ရွေးကောက်ပွဲ
အောင်နိုင်ရေးဆောင်ပုဒ် - ငါတို့ဒေသဖွံ့ဖြိုးဖို့ ၊ ထားဝယ်ပါတီကိုမဲပေးစို့
။
ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများ
-
၁။ တနင်္သာရီတိုင်းအတွင်း
ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုရန်ချပေးသော နိုင်ငံတော်ဘတ်ဂျက်များကို အလေလွင့်မရှိစေရန်အထူးကြပ်မတ် ကြီးကြပ်မည်။
၂။ ထားဝယ်စာပေနှင့် ယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းမည်။
ပါတီဥက္ကဋ္ဌမှတ်ချက် - ရွေးကောက်ပွဲတစ်ရပ်ကျင်းပပြုလုပ်ခြင်း၏ရည်ရွယ်ချက်သည်
လွှတ်တော်အရပ်ရပ်အတွက် ပြည်သူ့ကိုယ်စားလှယ်အမတ်များရွေးချယ်ရန်အတွက် ဖြစ်ပေရာ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်
တကွ တိုင်းဒေသကြီး၊ပြည်နယ်၊ခရိုင်၊မြို့နယ်၊ရပ်ကျေး ကော်မရှင်ဖွဲ့ များနှင့် အရပ်ဖက်အဖွဲ့စည်းများ၊နိုင်ငံတကာအဖွဲ့စည်းတို့အနေဖြင့်
မည်သို့ပင် ပူးပေါင်း၍ အစွမ်းကုန်ကြိုးစားအားထုတ်စေကာမူနောက်ဆုံးရလဒ်သည်ကား
“လွတ်လပ်သော်လည်း တရားမမျှတသော ရလဒ်များ” ဆီသို့သာ ဦးတည်နေသည်ကိုတွေ့ရှိရပေမည်။
-အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းက
အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅% က
လွှတ်တော်အရပ်ရပ်၏ အစည်းအဝေးခန်းမ၌ အခန့်သားစောင့်ဆိုင်းနေကြသောကြောင့်ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ” ဟူသော ဝေါဟာရ အရသော်လည်းကောင်း၊
-ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြဌာန်းထားသော ပြည်သူ့လွှတ်တော်နည်းဥပဒေများစာအုပ်မှ
အခန်း(၁) ၊ပုဒ်မ ၂ (ခ)အရ တပ်မတော်သား ဟု အဓိပ္ပာယ်ဖွင့်ဆိုချက်အရလည်းကောင်း
၊လွှတ်တော်အရပ်ရပ်၏ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၂၅%အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းက
ရွေးချယ်စေလွှတ်ခြင်းမဟုတ်ပဲ ၊ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများကိုဆန္ဒမဲပေးစေ၍
ရွေးကောက်တင်မြှောက်မှသာ သင့်လျှော်မည်ဖြစ်ပါသည်။
နိုင်ငံသားတစ်ဦးလျှင်မဲတစ်ပြားသာပေးပိုင်ခွင့်ရှိသည့်အတွက်အရပ်ဘက်လွှတ်တော်ကိုယ်စားလှယ်များ
ရွေးကောက်တင်မြှောက်ရာတွင်မူ တပ်မတော်သားများကိုမဲဆန္ဒရှင်များအဖြစ်မှ
ပယ်ဖျက်သင့်ပါသည်။
သို့မှသာ ပြည်သူလူထုတစ်ရပ်လုံးက
လိုလားတောင့်တနေသောနိုင်ငံတကာစံချိန်မီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပပြီးစီးနိုင်မည်ဖြစ်ပါကြောင်း
။
ပါတီဥက္ကဋ္ဌ - ဦးအေးမင်း
ဆက်သွယ်ရန် - အမှတ်(၁၀၅) နတ်စင်လမ်း၊ ဆန်းချီရပ်၊ထားဝယ်မြို့
ဖုန်း
-၀၉၄၁၀၀၄၄၄၃ ၊
ayeminn251260@gmail.com

Post a Comment