Latest Post
Showing posts with label လှုပ်ရှားမှု. Show all posts
7:49 AM
10-12-2017 (ထားဝယ်)
လူ့အခွင့်အရေးထွန်းကားဖို့ တာဝန်ကိုယ်စီယူကြစို့
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့တွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ထားဝယ်အမျိုးသမီးသမဂ္ဂ နဲ့ Equality Myanmar တို့ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ထားဝယ်တိုင်းရင်းသားများပါတီကလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား
Written By Live100 on Tuesday, December 12, 2017 | 7:49 AM
10-12-2017 (ထားဝယ်)
လူ့အခွင့်အရေးထွန်းကားဖို့ တာဝန်ကိုယ်စီယူကြစို့
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့တွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ထားဝယ်အမျိုးသမီးသမဂ္ဂ နဲ့ Equality Myanmar တို့ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ထားဝယ်တိုင်းရင်းသားများပါတီကလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သည်။
ပူးပေါင်းပါဝင်သူများသည် စောမိညိုကျောင်း မုခ်ဦးရှေ့မှ မြို့တော် ခန်းမကို
လူ့အခွင့်အရေးဆိုင်ရာ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ
လမ်းလျှောက်ချီတက်ခဲ့ကြသည်။ ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်း၊
လူမှုဝန်ထမ်းကယ်ဆယ်ရေး ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး
ဒေါ်ခင်စန်းရီ နှင့် Colour Rainbow (Dawei) မှ ဒေါ်အေးအေးမွန်တို့က
လမ်းလျှောက်ချီတက်ပွဲ အခမ်းအနား ကိုဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းအပြင် မြို့တော် ခန်းမတွင်လည်း လူ့အခွင့်အရေးထွန်းကားဖို့ တာဝန်ကိုယ်စီယူကြစို့ ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီ အတွင်းရေးမှူး (၁) ဦးကျော်မင်းထိုက်က ဦးဆောင်ဆွေးနွေးမေးခွန်းထုတ်သူ အဖြစ် တာဝန်ယူခဲ့ပြီး ဦးဟိန်းထက် (အထွေထွေအတွင်းရေးမှူး - ထားဝယ်တိုင်းရင်းသားများပါတီ)၊ ဦးသန်းဝင်း (လူ့အခွင့်အရေး လှုပ်ရှားသူ)၊ ဒေါ်အေးအေးမွန် (Colour Rainbow)၊ ဦးတင့်လွင် (သတင်းစာဆရာ) တို့ ပါဝင်ဆွေးနွေးခဲ့သည်။
“လူ့အခွင့်အရေး ရဲ့ အခြေခံ အချက်ဖြစ်တဲ့ အသက်ရှင်ခွင့် လုံခြုံခွင့်အတွက် အဓိကစိန်ခေါ်မူဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး အားနည်းချက်ရှိတာတွေ ထောက်ပြဆွေးနွေးခဲ့တယ်”ဟု ထားဝယ်တိုင်းရင်းသားများပါတီ အထွေထွေ အတွင်းရေးမှူး ဦးဟိန်းထက်က ပြောသည်။
တနင်္သာရီတိုင်းတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများကို အချက်သုံးချက်ဖြင့် ထောက်ပြဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။
“လယ်သမား ပြဿနာ၊ မီဒီယာတွေ တရားစွဲဆိုခံနေရမှုတွေ၊ သက်ငယ်မုဒိန်းမှုဖြစ်ပွားနှုန်းမှာ တစ်နိုင်ငံလုံး အဆင့် ငါးချိတ်တာတွေ မီးမောင်းထိုးပြခဲ့ပါတယ်”
Photo by. Credit
Labels:
လှုပ်ရှားမှု,
သတင်း
11:01 PM
ထားဝယ်တိုင်းရင်းသားများပါတီ ၏ ဦးဆောင်မူ
ထားဝယ် အရပ်ဖက် အဖွဲ့ စည်းများ၏ ပူးပေါင်းပါဝင်မူဖြင့်
ဗိုလ်မူးကြီး ဗထူး (၁၀၁)နှစ်ပြည့် မွေးနေ့  အထိမ်းအမှတ် ပွဲများ ကျင်းပခဲ့သည်။
ဗိုလ်မှူးကြီး ဗထူး မွေးနေ့ အထိမ်းမှတ်ဘောလုံးပွဲ
Written By Live100 on Friday, August 18, 2017 | 11:01 PM
ထားဝယ်တိုင်းရင်းသားများပါတီ ၏ ဦးဆောင်မူ
ထားဝယ် အရပ်ဖက် အဖွဲ့ စည်းများ၏ ပူးပေါင်းပါဝင်မူဖြင့်
ဗိုလ်မူးကြီး ဗထူး (၁၀၁)နှစ်ပြည့် မွေးနေ့  အထိမ်းအမှတ် ပွဲများ ကျင်းပခဲ့သည်။
#ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ
ဇူလိုင်လ ၁၁ ရက်နေ့ မနက် 10နာရီအချိန်တွင် ထားဝယ်မြို့
တိုင်းအာကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
ဘောလုံးပွဲ စပွန်ဆာမှာ
Shwe Thandar Tun Co.,Ltd.၊ စိမ်းလန်းစိုပြည် ဆောက်လုပ်ရေလုပ်ငန်း နှင့် ရဟှယ်ရှင် ခရီးသွားလုပ်ငန်း တို့ ဖြစ်ပါသည်။
လှုပ်ရှားမှု
10:48 PM
မီးသင့် ယော ဘုန်းတော်ကြီးကျောင်း သန့်ရှင်းရေး
ထားဝယ်တိုင်းရင်းသားများပါတီ ဗဟိုအလုပ်မူဆောင်အဖွဲ့ဝင် ကိုရှိန်းမောင်မောင်သက်(ကိုမောင်) ဦးဆောင်သော
လုပ်အားပေးအဖွဲ့ သည်
မီးလောင်ကျွမ်းခဲ့သော ယောဘုန်တော်ကြီးကျောင်းဆောင် သန့်ရှင်းရေးအတွက် ဇွန်လ ၂၀ ရက်နေ့က လုပ်အားပေး ဆောင်ရွက်ခဲ့ကြသည်
ထိုသို့ ဆောင်ရွက်ရာတွင် ထားဝယ်တိုင်းရင်းသားပါတီဝင်များ၊
ပါတီအားပေးထောက်ခံသူများ၊
တိုင်းအတွင်း ဟာသလူရွှင်တော်များအပါအဝင် အင်အား ၃၀ နီးပါးခန့် ပါဝင်ခဲ့သည်။
ပါတီအားပေးထောက်ခံသူများ၊
တိုင်းအတွင်း ဟာသလူရွှင်တော်များအပါအဝင် အင်အား ၃၀ နီးပါးခန့် ပါဝင်ခဲ့သည်။
Labels:
လှုပ်ရှားမှု
6:49 AM
ထားဝယ်တိုင်းရင်းသားများ ပါတီ မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် ဗဟို အောင်နိုင်ရေး ကော်မတီ တို့ တွေ့ဆုံ၍ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ သင်တန်းပေးခြင်း စသည်တို့ လုပ်ဆောင်လျက်ရှိသည်။
ထားဝယ်တိုင်းရင်းသားများပါတီ၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြေညာ စာတမ်း နှင့်
ရွေးကောက်ပွဲ မူဝါဒ ကို ယင်းအစည်းအဝေးတွင် အတည်ပြုခဲ့ပြီး
မကြာမီ အသေးစိတ် ထုတ်ပြန်သွားမည်ဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ မူဝါဒကို ပထမအဆင့် အနေနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ငါးမြို့နယ်မှ ပြည်သူများအပြင် နိုင်ငံရပ်ခြားသို့ ရောက်ရှိသော ထားဝယ်တိုင်းရင်းသားများ ထံသို့ စစ်တမ်းများ ပေးပို့ကောက်ယူ၍ လည်းကောင်း၊ အဆင့် နှစ် အနေနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် စီးပွားရေးအသင်းအဖွဲ့ တို့နှင့် တွေ့ဆုံမေးမြန်း အကြံဥာဏ်ရယူ၍ လည်းကောင်း အဆင့်ဆင့်လုပ်ဆောင်၍ ရေးဆွဲခဲ့ပါသည်။
ထားဝယ်တိုင်းရင်းသားများပါတီ၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြေညာ စာတမ်း နှင့် ရွေးကောက်ပွဲ မူဝါဒrsားရေးဆွဲ
Written By Live100 on Saturday, September 5, 2015 | 6:49 AM
ထားဝယ်တိုင်းရင်းသားများ ပါတီ မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် ဗဟို အောင်နိုင်ရေး ကော်မတီ တို့ တွေ့ဆုံ၍ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ သင်တန်းပေးခြင်း စသည်တို့ လုပ်ဆောင်လျက်ရှိသည်။
ထားဝယ်တိုင်းရင်းသားများပါတီ၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြေညာ စာတမ်း နှင့်
ရွေးကောက်ပွဲ မူဝါဒ ကို ယင်းအစည်းအဝေးတွင် အတည်ပြုခဲ့ပြီး
မကြာမီ အသေးစိတ် ထုတ်ပြန်သွားမည်ဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ မူဝါဒကို ပထမအဆင့် အနေနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ငါးမြို့နယ်မှ ပြည်သူများအပြင် နိုင်ငံရပ်ခြားသို့ ရောက်ရှိသော ထားဝယ်တိုင်းရင်းသားများ ထံသို့ စစ်တမ်းများ ပေးပို့ကောက်ယူ၍ လည်းကောင်း၊ အဆင့် နှစ် အနေနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် စီးပွားရေးအသင်းအဖွဲ့ တို့နှင့် တွေ့ဆုံမေးမြန်း အကြံဥာဏ်ရယူ၍ လည်းကောင်း အဆင့်ဆင့်လုပ်ဆောင်၍ ရေးဆွဲခဲ့ပါသည်။
Labels:
လှုပ်ရှားမှု,
သတင်း
11:00 AM
2-7-2014 ၊ နေပြည်တော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးပွဲကို
၂-၇-၂၀၁၄ရက်နံနက်၁၀နာရီတွင်စကင်ကျင်းပသည်။အဆိုပါဆွေးနွေးပွဲသည်ညနေ၇နာရီ
တွင်ပြီးဆုံးသည်။
ဤဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးနှင့်အဖွဲ့ဝင်များ
၊နိုင်ငံရေးပါတီ၆၅ပါတီမှ ဥက္ကဋ္ဌ၊ခေါင်းဆောင်များ၊တသီးပုဂ္ဂလအမတ်များတက်ရောက်ဆွေးနွေးကြသည်။
ကော်မရှင်ဥက္ကဋ္ဌမှလွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း
အကြိမ်ကြိမ်ကတိပြုခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီမှ ပါတီဥက္ကဋ္ဌ ဦးအေးမင်း
အကြံပြုဆွေးနွေးခဲ့သော အကြောင်းအရာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေး
Written By Live100 on Thursday, July 9, 2015 | 11:00 AM
2-7-2014 ၊ နေပြည်တော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးပွဲကို
၂-၇-၂၀၁၄ရက်နံနက်၁၀နာရီတွင်စကင်ကျင်းပသည်။အဆိုပါဆွေးနွေးပွဲသည်ညနေ၇နာရီ
တွင်ပြီးဆုံးသည်။
ဤဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးနှင့်အဖွဲ့ဝင်များ
၊နိုင်ငံရေးပါတီ၆၅ပါတီမှ ဥက္ကဋ္ဌ၊ခေါင်းဆောင်များ၊တသီးပုဂ္ဂလအမတ်များတက်ရောက်ဆွေးနွေးကြသည်။
ကော်မရှင်ဥက္ကဋ္ဌမှလွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း
အကြိမ်ကြိမ်ကတိပြုခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီမှ ပါတီဥက္ကဋ္ဌ ဦးအေးမင်း
အကြံပြုဆွေးနွေးခဲ့သော အကြောင်းအရာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
“-မင်္ဂလာပါခင်ဗျား။”
-ယနေ့ကြွရောက်လာကြသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှင့်
အဖွဲ့ဝင်များ၊နိုင်ငံရေးပါတီအသီးသီး၏ ဥက္ကဋ္ဌ ၊ခေါင်းဆောင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူအားလုံးမင်္ဂလာအပေါင်းခညောင်း ချမ်းမြေ့မှုအပေါင်းပြည့်စုံကြပါစေလို့ ပဏာမအနေနဲ့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား။
-ကျနော်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့တွင်အခြေစိုက်သော ထားဝယ်တိုင်းရင်းသားများပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးအေးမင်း ဖြစ်ပါတယ်။
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအနေဖြင့် လာမည့်ရွေးကောက်ပွဲများကို လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် မဟာဗျူဟာ၊နည်းဗျူဟာများ
ချမှတ်၍ စံနစ်တကျ အားသွန်ခွန်စိုက် ဆောင်ရွက်နေတာသိရလို့ များစွာနှစ်ထောင်းအားရကြေနပ်မိပါတယ်။ အထူးကျေးဇူးတင်ရှိပါကြောင်းလည်းပြောကြားလိုပါတယ်။
-ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းအပေါင်းတို့ ခင်ဗျား..
-လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဟု မှတ်ကျောက်တင်နိုင်ဖို့ရာ ...
(၁)ရွေးကောက်ပွဲအကြိုကာလ ၊(၂) ရွေးကောက်ပွဲကျင်းပနေချိန်ကာလ၊(၃)ရွေးကောက်ပွဲအလွန် မဲရေတွက်မှုနည်းစံနစ် (၄) လွှတ်တော်ကိုယ်စားလှယ်များ၏အမည်စာရင်းအတည်ပြုခြင်း
စသော အဆင့်တိုင်းတွင် လွတ်လပ်၍တရားမျှတမှုရှိရန်လိုအပ်သည်ဟု သုံးသပ်မိပါသည်။
ကျနော့အနေနဲ့ အမှတ်(၁)ရွေးကောက်ပွဲအကြိုကာလ နှင့် အမှတ်(၄) လွှတ်တော်ကိုယ်စားလှယ်များ၏အမည်စာရင်းအတည်ပြုခြင်း ကိုသာဆွေးနွေးပါမည်။
-လေးစားရပါသောပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး ခင်ဗျား..
ယခုအခါ အရပ်ဘက်ဝန်ကြီးဌာနအသီးသီး၏လက်အောက်ရှိ နိုင်ငံဝန်ထမ်းများအား နိုင်ငံရေးကင်းရှင်းရမည်ဆိုသော ကန့်သန့်ချုပ်ချယ်မှုကို ဖြေလျှော့ပေးသင့်ပါပြီဟုအကြံပြုလိုပါသည်။
အရပ်ဘက်နိုင်ငံဝန်ထမ်းများကိုလည်း တပ်မတော်သားနိုင်ငံဝန်ထမ်းများနည်းတူ အခွင့်အရေးတန်းတူပေးသင့်ပါသည်။
-ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စည်းရုံးရေးဟောပြောပွဲများနှင့်ပတ်သက်၍လည်း မဲဆန္ဒရှင်များဖြစ်ကြသောအရပ်ဘက် နိုင်ငံဝန်ထမ်းများမှာ အာဏာရပါတီ၏ မဲဆွယ်စည်းရုံးဟောပြောပွဲ
များသို့သာ တက်ရောက်နားထောင်ခွင့်ရကြ၍ ။ ကျန်သောပါတီများ၏ မဲဆွယ်စည်းရုံးဟောပြောပွဲများသို့တက်ရောက်နားထောင်လျှင် အရေးယူအပစ်ပေးခံရမည်စိုးသဖြင့် အနားတောင်မသီရဲ
မကပ်ရဲဖြစ်နေရပါသည်။ ဤသည်ပင်လျှင် ကျနော်တို့မျှော်မှန်းနေသော လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ကျင်းပနိုင်ရေး နှင့်ဆန့်ကျင်ဖီလာဖြစ်နေသည်ဟု သုံးသပ်မိပါသည်။
-သို့အတွက် အရပ်ဘက်နိုင်ငံဝန်ထမ်းများအနေဖြင့် မိမိတာဝန်မပျက်ကွက်လျှင် မိမိနှစ်သက်ရာပါတီများ၏မဲဆွယ်စည်းရုံးဟောပြောပွဲများသို့တက်ရောက်နိုင်ကြောင်းကို
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ ကြေငြာချက်ထုတ်ပြန်ပေးသင့်ပါကြောင်း အကြံပြုဆွေးနွေးတင်ပြလိုပါသည်။
သို့မှသာ လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ဟူသောအဓိပ္ပာယ်ပိုမိုပေါ်လွင်လျက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၏ ဂုဏ်သိက္ခာလည်းပိုမိုကြီးမြင့်လာမှာဖြစ်ပါကြောင်းတင်ပြလိုတယ်ခင်ဗျား။
--------------------------------------------------------------------------------------
ရွေးကောက်ပွဲ၏ နောက်ဆုံးအဆင့်ဖြစ်သော အမှတ် (၄) လွှတ်တော်ကိုယ်စားလှယ်များ၏အမည်စာရင်းအတည်ပြုခြင်းနှင့်ပတ်သက်၍
ဆွေးနွေးအကြံပြုလိုသည်မှာ...
-ရွေးကောက်ပွဲ၏ရလဒ်ဖြစ်သော လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းအတည်ပြုခြင်းသည်အရေးကြီးဆုံးဖြစ်ပေရာ ..လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ကိုအောင်မြင်စွာကျင်းပပြီးဆုံးအောင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တကွ တိုင်းဒေသကြီး၊ပြည်နယ်၊ခရိုင်၊မြို့နယ်၊ရပ်ကျေး ကော်မရှင်ဖွဲ့ အသီးသိးအနေဖြင့် မည်သို့ပင်အစွမ်းကုန်ကြိုးစားအားထုတ်စေကာမူ
နောက်ဆုံးရလဒ်သည်ကား လွတ်လပ်သော်လည်း တရားမမျှတသော ရလဒ်များဆီသို့သာ ဦးတည်နေသည်ကိုတွေ့ရှိရပေမည်။
-အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းက အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅% က
လွှတ်တော်အရပ်ရပ်၏ အစည်းအဝေးခန်းမ၌ အခန့်သားစောင့်ဆိုင်းနေကြသောကြောင့်ဖြစ်ပါတယ်ခင်ဗျား။
-တစ်ခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်သားများအားလုံး က အရပ်ဘက်လွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒမဲပေးရွေးချယ်ခွင့်ရကြ၍ လွတ်တော်အရပ်ရပ်တွင် တပ်မတော်၏
ပါဝင်ပတ်သက်မှုသည် ၂၅% ထက်များစွာကျော်လွန်နေတာကို ပကတိအမြင်အတိုင်းရှူမြင်မိပါသည်။
- နိုင်ငံတော်အတွက် အလွန်အရေးကြိးသော မူဝါဒများ ချမှတ် အဆုံးဖြတ်ပြုနေသော လွှတ်အရပ်ရပ်အတွက် ပုဂ္ဂိုလ်တစ်ဦးတည်းကို ၂၅% ပုံအပ်ထားသည်မှာ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက်
လွန်စွာမှအန္တရာယ်ရှိသည်ဟုလည်း သုံးသပ်မိပါသည်။
သို့အတွက် တရားမျှတသောရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့ရာ လွှတ်တော်အရပ်ရပ်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏အရေအတွက်ကို လျှော့ချနိုင်သမျှ လျှော့ချပေးဖို့
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ သက်ဆိုင်ရာပုဒ်မများကို ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ အချိန်မီပြင်ဆင်ပေးဖို့ရန်
ကျနော်တို့၏ကိုယ်စား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြိးမှ
နိုင်ငံတော်သမ္မတကြီး၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့ထံတင်ပြပေးပါရန်
လေးစားစွာ အကူအညီတောင်းခံအပ်ပါတယ်ခင်ဗျား။
--------------------------------------------------------------------------------------
အကယ်၍ .. လောလောဆယ်မြန်မာ့နိုင်ငံရေးအခြေအနေအရသော်လည်းကောင်း၊
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း ၊
လွှတ်တော်အရပ်ရပ်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၂၅% ပါဝင်မှကို ရမည်ဟုဆိုလျှင်လည်း...
“တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ” ဟူသော ဝေါဟာရ အရသော်လည်းကောင်း၊
-ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြဌာန်းထားသော ပြည်သူ့လွှတ်တော်နည်းဥပဒေများစာအုပ်မှ အခန်း(၁) ၊ပုဒ်မ ၂ (ခ)အရ တပ်မတော်သား ဟု အဓိပ္ပာယ်ဖွင့်ဆိုချက်အရလည်းကောင်း
၊လွှတ်တော်အရပ်ရပ်၏ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၂၅%အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းက ရွေးချယ်စေလွှတ်ခြင်းမဟုတ်ပဲ ၊ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများကို
ဆန္ဒမဲပေးစေ၍ ရွေးကောက်တင်မြှောက်မှသာ သင့်လျှော်မည်ဖြစ်ပါကြောင်း အကြံပြုအပ်ပါသည်ခင်ဗျား။
- နိုင်ငံသားတစ်ဦးလျှင် မဲတစ်ပြားသာ ပေးပိုင်ခွင့်ရှိသည့်အတွက်
အရပ်ဘက်လွှတ်တော်ကိုယ်စားလှယ်များရွေးကောက်တင်မြှောက်ရာတွင်မူ တပ်မတော်သားများကိုမဲဆန္ဒရှင်များအဖြစ်မှ ပယ်ဖျက်သင့်ပါကြောင်း။
-တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ လွှတ်တော်အမတ်သက်တမ်းသည်လည်း အခြားလွှတ်တော်အမတ်များနည်းတူဖြစ်သင့်ပါကြောင်း။အကြံပြုတင်ပြအပ်ပါသည်ခင်ဗျား။
----------------------------------------------------------------------------
သို့မှသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမျှော်မှန်းနေသော၊
ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တနေသော
နိုင်ငံတကာစံချိန်မီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပပြီးစီးနိုင်မည်ဖြစ်ပါကြောင်းတင်ပြရင်း နိဂုန်းချုပ်လိုက်ပါတယ်ခင်ဗျား။
အားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေကြောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျား။
အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျား။”
ဦးအေးမင်း
ဥက္ကဋ္ဌ
ထားဝယ်မြို့
Labels:
Video Category,
လှုပ်ရှားမှု
10:31 AM
ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ယနေ့ မတ်လ ၂၉ ရက်နေ့ က ကျင်းပသည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ ထားဝယ်တိုင်းရင်းသားများပါတီ
ဥက္ကဋ္ဌ ဦးအေးမင်း ၊ ဦးရာဇာစိုး နှင့် ဦးသူရိန်လှိုင် တို့ တက်ရောက်ခဲ့သည်။
-----------------------------------------------------------------------
၂၉. ၃. ၂၀၁၄ ရက် စနေနေ့ ညနေ တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ အပြီး ထားဝယ်တိုင်းရင်းသားများပါတီနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တို့ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံစဉ် တောင်းဆိုဆွေးနွေးခဲ့သည့် အနှစ်ချုပ် အချက်များ -
၁။ နိုင်ငံသား စိစစ်ရေးကတ်ပြားတွင် ဗမာ ဟု မှတ်ပုံတင်ခံထားရပြီး တိုင်းရင်းသားလူမျိုးတစ်မျိုး၏ ရပိုင်ခွင့်များ ဆုံးရှုံးလျက်ရှိခြင်းကြောင့် ထားဝယ်လူမျိုးများ၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် ထားဝယ်လူမျိုး ဟု ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် အုပ်ချုပ်ရေးအာဏာအသုံးပြု၍ ဆောင်ရွက်ပေးပါရန်၊
၂။ အစိုးရက တိုင်းအတွင်း သဘာဝဓါတ်ငွေ့မှ လျပ်စစ်မီးရရှိရေးနှင့် မဟာဓါတ်အားလိုင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ကြားကာလအတွင်း အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် အစိုးရမှ သတ်မှတ်ထားသည့် လျှပ်စစ်တစ်ယူနစ်ဈေးနှုန်းဖြင့် သုံစွဲခွင့်ရရှိရေး နိုင်ငံတော် အစိုးရက လောင်စာဆီပံ့ပိုးပေးပါရန်၊
၃။ တနင်္သာရီတိုင်းဒေသကြီး အတွင်း တပ်မတော်မှ ပြန်လည်စွန့်လွှတ်ထားသော မြေယာ ၂၃၅၁.၅၄ ဧက ကို မူရင်ပိုင်ရှင်များအား ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ပွင့်လင်းမြင်သာမှု မရှိဘဲ ဆောင်ရွက်နေမှုကြောင့် မူရင်းပိုင်ရှင်များမှာ ယခုအချိန်အထိ မည်သည့်သတင်းစကားမျှ မရသေးပါ။ ယင်းကိစ္စနှင့် ပတ်သက်၍လည်း အုပ်ချုပ်ရေး အာဏာသုံး၍ ဖြေရှင်းပေးပါရန်၊
၎။ ဒေသအတွင်း ဖော်ဆောင်နေသော စီမံကိန်း အသီးသီးသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဒေသခံ တိုင်းရင်းသားပြည်သူများကို ကြိုတင်အသိပေး သဘောတူညီမှု ရယူခြင်း မရှိဘဲ အကောင်အထည်ဖော်နေခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ နှင့် အကျင့်ပျက်လာဘ်စားမှုရှိသည့် အထောက်အထားများကိုပါ တွေ့ရှိရပါသည်။ ထိုသို့သော အကြောင်းများကြောင့် ယင်းစီမံကိန်းများမှာ လူထု ထောက်ခံမှုမရရှိဘဲ ကန့်ကွက်ဆန့်ကျင်မှုများနှင့် ကြုံတွေ့နေရပါသည်။
အထက်ပါ ကိစ္စရပ်များပြေလည်စေရန် သမ္မတ အနှေနှင့် ထိရောက်စွာ စစ်ဆေးအရေးယူကြီးကြပ်ပေးရန် လိုအပ်ပြီး ဒေသခံများ လက်လှမ်းမှီ တိုင်ကြားနိုင်သော စနစ်တစ်ရပ်ထူထောင်ပေးရန်၊
၅။ စစ်ဘေးကြောင့် ဌာနေစွန့်ခွာ ထွက်ပြေးသွားရသော တိုင်းရင်းသားများ၏ မူရင်းနေရာများတွင် ယခင်အစိုးရ၏ အစီအမံဖြင့် အခြားသော ဒေသခံတိုင်းရင်းသားများ ဝင်ရောက်နေထိုင်မှုကြောင့် ယင်းတိုင်းရင်းသားများအကြား ပဋိပက္ခအသွင်ဆောင်မည့် အနေအထားများ ပေါ်ပေါက်လာနိုင်ပါသည်။
ထိုအပြင် ယင်းဒေသများတွင် သယံဇာတထုတ်ယူလျက်ရှိသော စီးပွားရေး လုပ်ငန်းကြီးများသည်လည်း အခြေမကျ သေးသော တိုင်းရင်းသားဒေသခံများအကြား ပဋိပက္ခဖြစ်ပွားစေရန် တွန်းအားပေးသည့် အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်လျက်ရှိပါသည်။
နိုင်ငံတော် အစိုးရအနေနှင့် ငြိမ်းချမ်းရေးတည်ဆောက်ဆဲ ဒေသများတွင် မြေယာအငြင်းပွားမှု ပြဿနာများကို အမြန်ဆုံး ညှိနှိုင်းဖြေရှင်းပေးပါရန်နှင့် ထိုဒေသများတွင် စီးပွားရေး စီမံကိန်းများ ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားပေးပါရန်။
စသည့်အချက်များကို ထားဝယ်တိုင်းရင်းသားများပါတီမှ တောင်းဆိုဆွေးနွေးခဲ့ပါသည်။
ယင်းကိစ္စတို့နှင့် ပတ်သက်၍ သမ္မတကြီး အပါအ၀င် သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးများမှ တဆင့် ဖြေရှင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြန်လည် ဆွေးနွေးခဲ့ပါသည်။
=======================================
နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ -၂၉. ၃. ၂၀၁၄ ရက် စနေနေ့
10:07 AM
ထားဝယ် Feb 21, 2014
Unicode : ထားဝယ်တိုင်းရင်သားများပါတီ(ဗဟို) Dawei Nationalities Party ရုံးဖွင့်ပွဲ
ထားဝယ် Feb 21, 2014
ထားဝယ်တိုင်းရင်သားများပါတီ(ဗဟို) Dawei Nationalities Party ရုံးဖွင့်ပွဲကို
၂၁.၂.၂၀၁၄ သောကြာနေ့ နံနက် ၈ နာရီတွင် ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ ပါတီရုံးခန်းတွင်ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ "ထားဝယ်တိုင်းရင်းသားများ ပါတီ" ရဲ့ ဌာနချုပ်ရုံးခန်း ဖွင့်ပွဲအခမ်းအနားကို ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
Written By Live100 on Friday, July 3, 2015 | 10:07 AM
ထားဝယ် Feb 21, 2014
Unicode : ထားဝယ်တိုင်းရင်သားများပါတီ(ဗဟို) Dawei Nationalities Party ရုံးဖွင့်ပွဲ
ထားဝယ် Feb 21, 2014
ထားဝယ်တိုင်းရင်သားများပါတီ(ဗဟို) Dawei Nationalities Party ရုံးဖွင့်ပွဲကို
၂၁.၂.၂၀၁၄ သောကြာနေ့ နံနက် ၈ နာရီတွင် ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ ပါတီရုံးခန်းတွင်ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ "ထားဝယ်တိုင်းရင်းသားများ ပါတီ" ရဲ့ ဌာနချုပ်ရုံးခန်း ဖွင့်ပွဲအခမ်းအနားကို ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
Labels:
Video Category,
လှုပ်ရှားမှု
11:52 AM
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီ တည်ထောင်ခွင့်ပြုပြီးနောက် ထားဝယ်တိုင်းရင်းသားများပါတီ (Dawei Nationalities Party) ကို
နိုဝင်ဘာ ၂၀ ရက်နေ့တွင် ပါတီ မူဝါဒ သဘောထား၊ ဖွဲ့စည်းပုံ၊ အလံ၊ တံဆိပ်တို့နှင့် တကွ
ပါတီ ခေါင်းဆောင်နှစ်ဦး(ဦးမောင်မောင်အေးနှင့် ဦးသန်းဆွေ) တို့ သွားရောက် မှတ်ပုံတင်သည်။
၂၀၁၃ ခု ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထားဝယ်တိုင်းရင်းသားများပါတီကို
မှတ်ပုံတင်အမှတ်(၇၀)ဖြင့် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သည်။
ဤအချိန်မှစ ထားဝယ်ဒေသအတွက် နိုင်ငံရေးမျက်နှာစာ စတင်ဖွင့်လိုက်ပါပြီ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ထားဝယ်တိုင်းရင်းသားများပါတီ ကိုတည်ထောင်ခြင်း(၂)
Written By Live100 on Thursday, July 2, 2015 | 11:52 AM
ထားဝယ်တိုင်းရင်းသားများ ပါတီ တည်ထောင်ခွင့်ပြု
![]() |
| ပါတီ မူဝါဒ သဘောထား၊ ဖွဲ့စည်းပုံ၊ အလံ၊ တံဆိပ်တို့နှင့်ပတ်သက်၍ပါတီတည်ထောင်သူများအစည်းအဝေးကျင်းပနေစဉ် |
နိုဝင်ဘာ ၂၀ ရက်နေ့တွင် ပါတီ မူဝါဒ သဘောထား၊ ဖွဲ့စည်းပုံ၊ အလံ၊ တံဆိပ်တို့နှင့် တကွ
ပါတီ ခေါင်းဆောင်နှစ်ဦး(ဦးမောင်မောင်အေးနှင့် ဦးသန်းဆွေ) တို့ သွားရောက် မှတ်ပုံတင်သည်။
ထားဝယ်တိုင်းရင်းသားများပါတီ မှတ်ပုံတင်ခွင့်ပြု
၂၀၁၃ ခု ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထားဝယ်တိုင်းရင်းသားများပါတီကို
မှတ်ပုံတင်အမှတ်(၇၀)ဖြင့် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သည်။
ဤအချိန်မှစ ထားဝယ်ဒေသအတွက် နိုင်ငံရေးမျက်နှာစာ စတင်ဖွင့်လိုက်ပါပြီ။
11:03 AM
ထားဝယ်တိုင်းရင်းသားများပါတီ ကိုတည်ထောင်ခြင်း
၂ ။ဦးဇော်ဦး (ရန်ကုန်)၊
၃ ။ဦးအေးမင်း (ထားဝယ်)
၎ ။ဦးလူအေး (ကော့သောင်း)
၆ ။စောကဲဒို (မေတ္တာ)
၈ ။ဒေါ်သက်သက်အေး (ထားဝယ်)၊
၉ ။ဒေါ်သက်သက်ဇင် (ထားဝယ်)၊
၁၁။ဦးစိုးသိန်း (ထားဝယ်)၊
၁၂။ဦးသန်းဝင်း (ထားဝယ်)၊
၁၃။ဦးရာဇာစိုး (ထားဝယ်)၊
၁၅။ဦးသန့်ဇင် (ထားဝယ်)၊
၁၇။ဦးလေးလွင် (နဘုလယ်)၊
@@@@@@@@@@@@@@@@@@@@@@@@@@@
ထားဝယ်ဒေသအတွင်း စီမံကိန်းကြီးများကြောင့် ဒေသခံပြည်သူများ၏အဖက်ဖက်က
ဆုံးရှုံးနစ်နာနေမှုများ ကို ပါဝင်ကူညီလုပ်ဆောင်ပေးရင်း ဒေသခံပြည်သူလူထုဖက်မှ မားမားမတ်မတ်
ရပ်တည်၍ထိရောက်စွာ ဆောင်ရွက်ပေးမည့် နိုင်ငံရေးပါတီတစ်ခု လိုအပ်နေပြီ ဟုဆုံးဖြတ်ကြ၍
ထားဝယ်တိုင်းရင်းသားများပါတီကို ၂၀၁၃ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးတွင်ပါတီတည်ထောင်သူများ၏
ကိုယ်စားလှယ်များသွားရောက်လျှောက်ထားခဲ့သည်။
ထားဝယ်တိုင်းရင်းသားများ ပါတီ တည်ထောင်ရန်လျှောက်ထားသူ(၁၉)ဦးမှာ
၁ ။ဦးမောင်မောင်အေး (လောင်းလုံး)၊
၂ ။ဦးဇော်ဦး (ရန်ကုန်)၊
၃ ။ဦးအေးမင်း (ထားဝယ်)
၄ ။ဦးလူအေး (ကော့သောင်း)
၅ ။ဦးအောင်လင်း (ကော့သောင်း)၊
၆ ။စောကဲဒို (မေတ္တာ)
၇ ။ဒေါ်နွယ်နီသိန်း (ထားဝယ်)၊
၈ ။ဒေါ်သက်သက်အေး (ထားဝယ်)၊
၉ ။ဒေါ်သက်သက်ဇင် (ထားဝယ်)၊
၁၀။ဦးသန်းဆွေ (သရက်ချောင်း)၊
၁၁။ဦးစိုးသိန်း (ထားဝယ်)၊
၁၂။ဦးသန်းဝင်း (ထားဝယ်)၊
၁၃။ဦးရာဇာစိုး (ထားဝယ်)၊
၁၄။ဦးရဲလင်းမြင့် (ရန်ကုန်)၊
၁၅။ဦးသန့်ဇင် (ထားဝယ်)၊
၁၆။ဒေါ်သန္တာစိုး (ရန်ကုန်)၊
၁၇။ဦးလေးလွင် (နဘုလယ်)၊
၁၈။ဦးသူရိန်လှိုင် (ရန်ကုန်)
၁၉။ဦးဘိုဘိုအောင် (ရန်ကုန်) တို့ဖြစ်သည်။
Unicode Version