Latest Post
Showing posts with label ရွေးကောက်ပွဲဆိုင်ရာ. Show all posts
Showing posts with label ရွေးကောက်ပွဲဆိုင်ရာ. Show all posts

ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအင်အားစာရင်းချုပ်

Written By Live100 on Saturday, August 15, 2015 | 9:38 AM

ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအင်အားစာရင်းချုပ်



http://uecmyanmar.org/index.php/2014-02-11-08-31-43/642-14-8-2015-candidate

ရွေးကောက်ပွဲ မူဝါဒအတွက် ဆန္ဒသဘောထား တောင်းခံခြင်း

Written By Live100 on Wednesday, July 29, 2015 | 10:34 AM



ရွေးကောက်ပွဲ မူဝါဒအတွက် ဆန္ဒသဘောထား တောင်းခံခြင်း
ထားဝယ်တိုင်းရင်းသားများ ပါတီ(ဗဟို)                                          ထားဝယ်မြို့၊ ထားဝယ်ဒေသ။ 

တူညီသော တရား၊ တူညီသော အခွင့်အရေး၊ တူညီသော အဆင့်အတန်း တို့ အတွက် ထားဝယ်တိုင်းရင်းသားများ ပါတီကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ထားဝယ်အပါအ၀င် ဒေသတွင်းနေ တိုင်းရင်းသားတို့၏ အခွင့်အရေး ရပိုင်ခွင့်များ ဖော်ဆောင်ရန် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီက ၀င်ရောက် ယှဉ်ပြိုင်သွားပါမည်။
ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ မဲပေးရွေးချယ်မှုနှင့် အညီ ဒေသခံများ၏ အခြေခံ လိုအပ်ချက်များဖြစ်သော လမ်း၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေး စသော လိုအပ်ချက်များကို ဖြည့်ဆည်းသွားမည်ဖြစ်သည်။ ယင်းအပြင် ဒေသခံ တိုင်းရင်းသားတို့ ‘အထူးလိုအပ်သော ကိစ္စရပ်များကို ဦးစားပေး အကောင်အထည်ဖော်ရန်’ ရွေးကောက်ပွဲ အလွန်ကာလများတွင် အကောင်အထည်ဖော်မည့် မူဝါဒများ ရေးဆွဲလျက်ရှိသည်။ ယင်းသို့ ရေးဆွဲရာတွင် ပြည်သူ ဗဟိုပြု လုပ်ငန်းစဉ် တစ်ရပ်အနေနှင့် ပါတီဝင်များနှင့် ပြည်သူလူထု၏ အဘောထားကို အောက်ပါအတိုင်း တောင်းခံအပ်ပါသည်။
၁။ ပါတီမှ ဆောင်ရွက်သင့်သည့် ဦးစားပေးလုပ်ငန်းများ
လုပ်ငန်းအမည်များ
ဦးစားပေးအမှတ်စဉ် (ကြိုက်နှစ်သက်ရာ လုပ်ငန်း ၃ ခု ကိုဦးစားပေးအမှတ်စဉ် (၁၊၂၊၃) တပ်ပေးရန်)
ကမ်းနီးရေငန်ငါးဖမ်းလုပ်ငန်း

ဆန်စပါးထုတ်လုပ်ရေးလုပ်ငန်း

ရာဘာစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း

စည်ပင်သာယာရေးလုပ်ငန်း

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး

ရိုးရာအစားအသောက်နှင့်လက်မှုပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ

နှစ်ရှည်သီးနှံ(ကွမ်းသီး၊ အုန်း၊ သီဟို ..စသည် )တင်ပို့ရောင်းချသည့်လုပ်ငန်း

အခြားလုပ်ငန်းများ (မိမိကြိုက်နှစ်သက်ရာဖော်ပြရန်)


၂။ နောက်ဆက်တွဲဇယား(အမှတ်စဉ် တွင် မိမိရွေးချယ်လိုက်သည့် လုပ်ငန်း ၃ ခုအတွက် မည်သည့်လုပ်ငန်းစဉ်များ လုပ်ဆောင်သင့်သည်ကို အတန်ငယ် အသေးစိတ် အကြံပြုရေးသားရန်)
လုပ်ငန်းအမည်
လုပ်ဆောင်စေလိုသည့် အကြံပြုချက်
ဥပမာ။ ။ စည်ပင်သာယာရေးလုပ်ငန်း
ဈေးများကိုအဆင့်မြှင့်တင်ရန်၊ ပွင့်လင်းမြင်သာ မျှတမှုရှိသော ဈေးပြိုင်လေလံစနစ်ဖော်ဆောင်ပေးရန်၊
အမှိုက်သိမ်းစနစ်ကို အစိုးရမှ စနစ်တကျ တာဝန်ယူလုပ်ဆောင်ရန်
၁။ …………………………………………………..


၂။ ……………………………………………………


၃။ …………………………………………………….



၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လွှတ်တော် ကိုယ်စားလှယ် နေရာ ၂၀ ၀င်ပြိုင်မည်

Written By Live100 on Saturday, July 18, 2015 | 10:55 AM

    လာမည့် နိုင်ဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ထားဝယ်တိုင်းရင်းသားများ ပါတီက တနင်္သာရီတိုင်းအတွင်း ကိုယ်စားလှယ်လောင်း နေရာ ၂၀ ကို ၀င်ပြိုင်မည်ဖြစ်မည်ဖြစ်သည်။
ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းနှင့် ကော့သောင်းမြို့နယ် ငါးခုတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၅ နေရာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ နေရာနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၁၀ နေရာ တို့ကို ၀င်ပြိုင်မည်ဖြစ်သည်။

                                                                        ဗဟိုအလုပ်အမှုဆောင်ကော်မတီ
                                                                                   ထားဝယ်မြို့

၂ဝ၁၅ ရွေးကောက်ပွဲ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည်

Written By Live100 on Wednesday, July 8, 2015 | 5:15 AM



၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ရက် တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကော်မရှင်အဖွဲ့ခွဲတွေထံကို အကြောင်းကြား လိုက်ပါတယ်။

ဒီနေ့မနက်က နှုတ်နဲ့အကြောင်းကြားတာဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသန်းစိန်က ပြောပါတယ်။

"နိုဝင်ဘာ ၈ ရက်နေ့ လုပ်မယ်လို့ပြောတယ်၊ နှုတ်နဲ့တော့ တယ်လီဖုန်းဆက်ထားတာရှိတယ်၊ စာနဲ့တော့မရောက်သေးဘူး"

တစ်နိုင်ငံလုံးအနှံ့ မဲဆန္ဒနယ်မြေ တစ်ထောင့်တစ်ရာခုနှစ်ဆယ့်တစ် (၁၁၇၁) ခုရှိပါတယ်။ အဲဒီမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ် ၂၉ ခုရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီလဆန်းပိုင်းမှာ ကြေညာထားပါတယ်။

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၈၃ခုရှိပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီတွေဟာ အနည်းဆုံး မဲဆန္ဒနယ်မြေ ၃နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

RFA Burmese
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထားဝယ်တိုင်းရင်းသားများပါတီ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger