Latest Post
Showing posts with label Video Category. Show all posts
Showing posts with label Video Category. Show all posts

ရွေးကောက်ပွဲ ပညာပေးအစီအစဉ်

Written By Live100 on Sunday, August 9, 2020 | 10:09 AM


ံ ၂၁ ရာစုပင်လုံ သို့ ထားဝယ်တိုင်းရင်းသားများ ပါတီ မှ တင်သွင်းသောစာတမ်း(ရုပ်-သံ) အပြည့်အစုံ

Written By Live100 on Thursday, September 8, 2016 | 9:47 PM


၂၁ ရာစု ပင်လုံ သို့ တင်သွင်းသော ထားဝယ်တိုင်းသားများပါတီ ၏
သဘောထားစာတမ်းကို
ထားဝယ်တိုင်းသားများပါတီ ၏ ဥက္ကဋ္ဌ ဦးအေးမင်း ဖတ်ကြား တင်သွင်းသည်။သည်။
  ၃-၈-၂၀၁၆ (နေပြည်တော်)



ထားဝယ်ပါတီသီချင်းများ

Written By Live100 on Saturday, October 31, 2015 | 9:25 AM



ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်း ၏ ဟောပြောချက်(ရုပ်- သံ)

Written By Live100 on Tuesday, September 29, 2015 | 6:09 AM




ဒွယ်သူ ဒွယ်သား အား..လောင်းမင်္ဂလာပါခံဗျား။
ကျနော့လော အယ်မျိုးထားဝယ်လိုန မ္လီမ္လီရွှံ့ရွှံ့ဒွယ်လိုနပြောရှင်ဟှယ်ခံ။အယ်ဘေမဲ့
အားလောင်းနားလယ်အောန် ဂံလိုန၀ဲ့ပြောမယ်ခံဗျား။
-လေးစားချစ်ခင်ရပါသောမြန်မာနိုင်ငံသူ၊ နိုင်ငံသားများ စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း နဲ့ ပြည့်စုံပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်လိုက်ပါတယ်။
ကျွန်တော်ကတော့ ထားဝယ်တိုင်းရင်းသားများပါတီရဲ့ ဥက္ကဋ္ဌ အေးမင်း ပါ။
ကျွန်တော်တို့ပါတီဟာ ထားဝယ်တိုင်းရင်းသားတို့ရဲ့ တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းတို့အတွက် လာမဲ့၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒီလို ၀င်ရောက်ယှဉ်ဖို့အတွက် ဒီနေရာကနေပါတီကိုယ်စား ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ်များကိုတင်ပြသွားမှာ ဖြစ်ပါတယ်။
ဒီလို မူဝါဒ သဘောထားတွေ ရှင်းလင်းမတင်ပြခင်မှာ ကျွန်တော်တို့ ပါတီရဲ့ သမိုင်းကြောင်းကိုဦးစွာရှင်းပြလိုပါတယ်။
- လေးစားချစ်ခင်ရပါသောမြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ခင်ဗျား
ကျွန်တော်တို့ ထားဝယ်တိုင်းရင်းသားတွေဟာ ကိုလိုနီခေတ် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရေးအတွက်စတင်လှုပ်ရှားစဉ်ကတည်းကရှေ့တန်းကရွံ့ရွံ့ချွန်ချွန် ပါဝင်လာခဲ့ကြသူတွေပါ။ အဲဒီနောက် ခေတ်အဆက်ဆက် အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေးတို့မှာအခြားတိုင်းရင်းသားတွေနဲ့ အတူတကွလက်တွဲ တိုက်ပွဲဝင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။
ဘယ်လောက်ထိလဲဆိုရင် ကိုယ့်လူမျိုးအရေးကိုတောင် နောက်ချန်ထားကာတိုင်းပြည်တစ်ပြည်လုံးကောင်းစားရေးကိုသာ
ဦးစားပေးခဲ့သူတွေ ဖြစ်ပါတယ်။ အခုထိလည်းဒီမိုကရေစီရရှိရေးအတွက် ဒီလိုပဲဆက်လက် တိုက်ပွဲ ၀င်နေဆဲ ဖြစ်ပါတယ်။
ဒီနေ့လိုအချိန် ဒီမိုကရေစီစနစ် နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နေတဲ့ ကာလမှာ တိုင်းပြည်တစ်ခုလုံးအရေးကိုလည်းဆောင်ရွက်ရင်း၊ ကိုယ့်တိုင်းရင်းသားအရေးကိုလည်းနောက်ကျမကျန်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ထားဝယ်တိုင်းရင်းသားများပါတီကို ၂၀၁၃ ခုနှစ်မှာစတင်ထူထောင်ခဲ့ပါတယ်။
တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဖက်ဒရယ်စနစ်သည်သာလျှင် အသင့်တော်ဆုံးစနစ်ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
ဒါကြောင့် တဖက်က ဒီမိုကရေစီရရှိရေးကို ကြိုးပမ်းရင်း၊ အခြားတဖက်ကလည်းတိုင်းရင်းသားတို့ရဲ့ တန်းတူညီမျှမှု၊ အဆင့်အတန်းတူညီမှု တို့ဟာ တပါတည်းပါလာရမယ်လို့ ယုံကြည်ပါတယ်။
ခေတ်အဆက်ဆက် မြန်မာတစ်နိုင်ငံလုံးအတွက် အမြဲတစေစဉ်းစားကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ ကျွန်တော်တို့ ဒေသကတိုင်းရင်းသားတွေဟာယခုအချိန်မှာနောက်ကျကျန်နေခဲ့ရတာကို စိတ်မကောင်းစွာပဲ တွေ့ရပါတယ်။
ဥပမာအားဖြင့် ရန်ကုန်ု၊ မန္တလေး၊ နေပြည်တော်လိုနေရာတွေ အပြင် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် မြို့ကြီးတော်တော်များများမှာ အိမ်သုံးလျှပ်စစ်မီးတစ်ယူနစ် ၃၅ ကျပ်နဲ့ ရရှိနေချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေကတော့ အခုထိတစ်ယူနစ် ကျပ် ၃၀၀ ပေးနေရဆဲ ဖြစ်ပါတယ်။
ဒီလိုမျိုးအခြားတိုင်းရင်းသားလူမျိုးတွေနဲ့ တန်းတူအခွင့်အရေးမရလေတော့ ကျွန်တော်တို့ လူမျိုးဟာမြန်မာနိုင်ငံထဲမှာပါ ပါသေးရဲ့လားဆိုပြီးယုံမှားသံသယနဲ့ မေးခွန်းထုတ်ရတဲ့ အထိပါ။
ကျနော်တို့ဟာ ဒုတိယတန်းစား၊ ဒါမှ မဟုတ် တတိယတန်းစားလူမျိုးတွေလားလို့ မေးခွန်းထုတ်ရမလိုဖြစ်နေရပါပြီ။
ဒါ့အပြင် မှတ်ပုံတင်လို့ အလွယ်ခေါ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ ထားဝယ်လူမျိုး အဖြစ် မှတ်ပုံတင်ခြင်းမခံရဘဲဗမာအဖြစ် မှတ်ပုံတင်ခံထားရပါတယ်။ ဒါဟာသမိုင်းအစဉ်အလာရှိတဲ့၊ ဂုဏ်သိက္ခာ မြင့်မားတဲ့ လူမျိုးတစ်မျိုးအတွက် များစွာနစ်နာရပါတယ်။
ဘယ်လောက်ထိလဲဆိုရင် ယမန်နှစ်သန်းကောင်စာရင်းကောက်တုန်းက ခရိုင်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ထားဝယ်လူမျိုးဆိုတာမရှိဘူးဆိုပြီး မှတ်ချက်ပေးခံခဲ့ရတဲ့အထိပါပဲ။
ဒီအကျိုးဆက်ဟာ  တနင်္သာရီတိုင်းဒေသကြီးအတွင်း လူဦးရေအများဆုံးဖြစ်တဲ့ ထားဝယ်တိုင်းရင်းသားများအတွက် တာဝန်ခံပေးမဲ့  တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ထားဝယ်တိုင်းရင်းသားရေးရာ ၀န်ကြီးတစ်ယောက် ဆုံးရှုံးနေခြင်းပါပဲ။
ဒီလိုမျိုး နိုင်ငံရေးအရအောက်ကျနောက်ကျဖြစ်နေရတာ၊ နေရာတိုင်းမှာ လျှပ်စစ်မီးတစ်ယူနစ် ၃၅ ကျပ်ဆိုပေမဲ့ ကျွန်တော်တို့ ဆီမှာတော့ တစ်ယူနစ် ၃၀၀ ဖြစ်နေရတာ၊ ဒီလိုမျိုးခွဲခြားဆက်ဆံခံနေရတာတွေကြောင့် ကျွန်တော်တို့ ဒေသ၊ ကျွန်တော်တို့ လူမျိုးဟာတိုးတက်သင့်သလောက် မတိုးတက်တာ၊ အစစအရာရာနောက်ကျကျန်နေခဲ့ရတာတွေ့ရပါတယ်။လူနေမှုအဆင့်အတန်းလည်းနိမ့်ပါးနေတာကိုတွေ့ရပါတယ်။
ကျနော်တို့ဒေသက များစွာသောကျနော်တို့ သားသမီး ရင်သွေးများ ဆွေမျိုးများ တဖက်နိုင်ငံမှာ အောက်ကျခံ ဆင်းရဲပင်ပန်းစွာအလုပ်သွားလုပ်နေကြရတာဟာ မျက်မြင်သက်သေတွေပါ။ဒါတွေဟာကျွန်တော်တို့ ပါတီထူထောင်ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ဟာ မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းပါအတိုင်း တူညီသောတရား၊ တူညီသောအခွင့်အရေးနဲ့ တူညီသောအဆင့်အတန်းတို့အတွက် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
လေးစားချစ်ခင်ရပါသော မဲဆန္ဒရှင်မိဘပြည်သူအပေါင်းတို့ခင်ဗျား
ဒီလိုမျိုးရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရာမှာဦးစားပေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ့် အကြောင်းတင်ပြလိုပါတယ်။
ပထမဦးစားပေးအနေနဲ့ ထားဝယ်တိုင်းရင်းသားတို့ အတွက် အာမခံချက်ရှိတဲ့ နိုင်ငံရေးသိက္ခာ၊ နိုင်ငံရေးအဆင့်အတန်းရရှိရေးအတွက် ဆောင်ရွက်သွားပါမယ်။
ဒီလိုဆောင်ရွက်တဲ့ နေရာမှာမှတ်ပုံတင်မှာ ထားဝယ်လူမျိုး အဖြစ် တရားဝင်မှတ်ပုံတင်ခွင့် ရရှိရေးကနေပြီး လူမျိုးတစ်မျိုးအဖြစ် တန်းတူရည်တူနေထိုင်နိုင်ရေး ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိသည်အထိလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒုတိယဦးစားပေးအနေနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ အဓိကနေထိုင်တဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ ကောင်းမွန်သန့်ရှင်းပြီး ထိရောက်တဲ့ အစိုးရကောင်းတစ်ရပ်ဖြစ်ဖို့ တွန်းအားပေးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
အစိုးရဆိုတာတိုင်းရင်းသား ပြည်သူတွေရဲ့ ကံ၊ ဥာဏ်၊ ၀ိရိယ အားလျော်စွာရေခံမြေခံများကို ဖန်တီးပေးရသောပံ့ပိုးကူညီသူသာ ဖြစ်တယ်လို့ ကျွန်တော်တို့ ပါတီကယုံကြည်ပါတယ်။ ဒီလိုယုံကြည်တဲ့ အတိုင်းလည်းလုပ်ဆောင်သွားမှာပါ။
အကျင့်ပျက်ချစားမှု ကင်းစင်တဲ့ အစိုးရဖြစ်ဖို့၊ ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်တဲ့ အစိုးရဖြစ်ဖို့၊ တရားသောဥပဒေတွေ စိုးမိုးဖို့၊ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေ လိုလားနေကြပါတယ်။ ဒီလိုမျိုးအစိုးရကပဲ ဒီမိုကရေစီစနစ်ရဲ့အနစ်သာရကို ပြည်သူတွေ ခံစားနိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒီလိုမျိုးအစိုးရ ဖြစ်အောင် ကျွန်တော်တို့ အင်အားရှိသလောက် လုပ်ဆောင်သွားမယ်လို့ ဒီနေရာကနေပြီးကတိပြု ပြောကြားလိုပါတယ်။
တတိယဦးစားပေးအနေနဲ့ကတော့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘ၀ ပိုမိုတိုးတက်ကောင်းမွန်လာဖို့ပါ။ ဒီလိုလူမှုစီးပွားဘ၀တိုးတက်လာမှသာ နိုင်ငံရပ်ခြားမှာအောက်ကျခံပြီးတရားမ၀င်သွားရောက်လုပ်ကိုင်စားသောက်နေရတဲ့ ကျနော်တို့ဒေသကအလုပ်သမားများမိမိဒေသနေရပ်မှာပြန်လာလုပ်ကိုင်နိုင်ကြမှာဖြစ်ပါတယ်။
ဒီလိုတိုးတက်ကောင်းမွန်လာဖို့ဆိုရင် အခြေခံအဆောက်အဦ အုတ်မြစ်ကောင်းတွေ လိုပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းနေဖို့၊ အုပ်ချုပ်ရေး ယန္တရားတည်ငြိမ်ထိရောက်နေဖို့၊ လျှပ်စစ်စွမ်းအင်ကိုဈေးနှုန်းသင့်တင့်မျှတစွာနဲ့ အသုံးပြုနိုင်ဖို့၊ ကျန်းမာပြီးပညာတတ်၊ စွမ်းဆောင်ရည် ကောင်းတဲ့ ပြည်သူပြည်သားတွေ ရှိနေဖို့ လိုကိုလိုအပ်ပါတယ်။
တိုင်းပြည်တစ်ခုကိုတည်ဆောက်တဲ့ နေရာမှာ ‘လူ’ သာ လျှင် အဓိကပါ။ ဒါကြောင့် သဘာဝသယံဇာတ အစား လူ့စွမ်းအားအရင်းအမြစ်အပေါ်မှာအခြေခံတဲ့ ဒေသဖြစ်အောင် ကျွန်တော်တို့ ပါတီကတည်ဆောက်သွားမှာ ဖြစ်ပါတယ်။
ဒါကိုအခြေခံပြီးတော့ ဒေသထွက်ပစ္စည်းတွေ တန်ဖိုးမြှင့်ရရှိဖို့၊ ကုန်ထုတ်စွမ်းအားတက်လာဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒီလိုလူမှုစီးပွားရေးဆိုင်ရာလုပ်ငန်းတွေ လုပ်ဆောင်ရာမှာဦးစားပေးလေးရပ် ချမှတ်ထားပါတယ်။
၁) ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်ရန်၊
၂) ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်၊
၃) ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်၊ အုန်းသီးစတဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီးတန်ဖိုးမြှင့် ပစ္စည်းများထုတ်လုပ်လာနိုင်ရန်၊
၎) စည်ပင်သာယာရေးနဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးရန် တို့ ဖြစ်ပါတယ်။
ဒီလိုလုပ်ငန်းတွေ လုပ်ဆောင်တဲ့ နေရာမှာ သဘာဝ ပတ်ဝန်းကျင် မပျက်စီးရေးဟာအထူးအရေးကြီးပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ကံ၊ ဥတု၊ စိတ်၊ အာဟာရနဲ့ အညီနေထိုင်နိုင်ဖို့ သဘာဝပတ်ဝန်းကျင်ဟာ အထူးအရေးကြီးပါတယ်။
သဘာဝပတ်ဝန်းကျင်ဟာ လူ့ကျန်းမာရေးအတွက် ရေသန့်သန့်၊ လေသန့်သန့်တွေ ရဖို့ အရေးပါပါတယ်။ အဲဒီ သဘာဝပတ်ဝန်းကျင်ဟာ အာဟာရပြည့်တဲ့ အစားအစာတွေ ရဖို့ အရေးပါပါတယ်။ အဲဒီ သဘာဝပတ်ဝန်းကျင်ဟာ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ဖို့ အရေးပါပါတယ်။
သဘာဝပတ်ဝန်းကျင်ကို အရေးမထားဘဲငွေကြေး ရုပ်ဝတ္ထု ပစ္စည်းနောက်ကိုပဲတကောက်ကောက် လိုက်နေတဲ့ အကျိုးဆက်က ကြီးမားလှပါတယ်။ အခုအားလုံးသိကြတဲ့အတိုင်း ကပ်ဆိုး၊ ဘေးဆိုးတွေ ကြုံနေရပြီ ဖြစ်ပါတယ်။
ဒါကြောင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်တဲ့ နေရာမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်းအချိုးညီစွာဆောင်ရွက်သွားပါ့မယ်။
ဒီလိုလုပ်ငန်းတွေ လုပ်ဆောင်တဲ့ နေရာမှာဒေသအတွင်းမှာရော၊ တစ်နိုင်ငံလုံးမှာရောတည်ရှိလှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော် ဒီနေရာကနေတင်ပြလိုတာကတော့ ထားဝယ်တိုင်းရင်းသားများပါတီဟာ ဒီရွေးကောက်ပွဲတစ်ခုတည်းပဲ ကြည့်ပြီးအလုပ်လုပ်တဲ့ ပါတီမဟုတ်ပါဘူး။ နောက်မျိုးဆက်တွေ အထိ ကြည့်ပြီးအလုပ်လုပ်မဲ့ ပါတီ ဖြစ်ပါတယ်။
ချစ်ခင်လေးစားရပါသော တနင်္သာရီတိုင်းအတွင်းက မဲဆန္ဒရှင်မိဘပြည်သူအပေါင်းတို့ခင်ဗျား
ကျွန်တော်တို့ ရွေးကောက်ပွဲ ၀င်ရာမှာ အသုံးပြုမဲ့ တံဆိပ်ကတော့ ‘တ၀ဲ’ လို့ ခတ်နှိပ်ထားတဲ့ ဒင်္ဂါးပြား နဲ့ ဒင်္ဂါးပြားအောက်ဖက်မှာထားဝယ်တိုင်းရင်းသားများပါတီလို့ရေးထိုးထားပါတယ်။ဒီဒင်္ဂါပြားအမှတ်တံဆိပ်နံဘေးမှာတုံးထုပြီးမဲပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ရွေးကောက်ပွဲအောင်နိုင်ပြီးတဲ့ နောက်မှာအခြားတိုင်းရင်းသားမဟာမိတ်တွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီးဖက်ဒရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီစနစ်တည်ဆောက်ရေးလုပ်ဆောင်သွားမယ်။
အဲဒီအချိန်မှာကိုယ့်ကိစ္စကိုတော့ ကိုယ်လုပ်မှ ကိုယ်ရမယ် ဆိုတာလေးလေးနက်နက် ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ထားဝယ်တိုင်းရင်းသားတွေအရေးအတွက် ဘယ်သူ့ကိုမျှ မျှော်ကိုးနေလို့ အားကိုးနေလို့မရဘူးဆို ဒါကိုသမိုင်းကသက်သေပြပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကိုယ့်ကိစ္စ၊ ကိုယ်လုပ်ကြစို့ပါ။ ကျွန်တော်တို့ ကိုယ့်ကိစ္စ၊ ကိုယ်လုပ်ကြစို့ပါ။( ကျနော်တို့ ထားဝယ်လိုနပြောရမယ်ဆိုဝါ ဖွားရှင်မရူးပြောမျိုး ကိုယ်လိုဟှာ ကိုယ်လောက် ခံ ။ကိုယ်လောက်မှကိုယ်ရဟှယ်ဆိုဇာလောဝါ စွဲစွဲမြဲမြဲ မှတ်ထားဂေ့ ဟှို့ပြောရှင်ဟှယ်ခံ။)
ကျွန်တော်တို့ ထားဝယ်တိုင်းရင်းသားများပါတီရဲ့ အောင်ပွဲသည် ထားဝယ်လူမျိုးများရဲ့ အောင်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထားဝယ်တိုင်းရင်းသားများပါတီရဲ့ အောင်ပွဲသည် ထားဝယ်လူမျိုးများရဲ့ ဂုဏ်သိက္ခာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထားဝယ်တိုင်းရင်းသားများပါတီရဲ့ အောင်ပွဲသည် ထားဝယ်လူမျိုးများရဲ့ သမိုင်း ဖြစ်ပါတယ်။
ဒါကြောင့် ဒို့လူမျိုး၊ ဒို့ဒေသ၊ ဒို့ပါတီ၊ ဒို့ယုံကြည်ပါ။
“တို့ဒေသတိုးတက်ဖို့ ထားဝယ်ပါတီကို မဲပေးစို့” လို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာကြပါစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။

ထားဝယ်ပါတီကို မဲပေးကြမယ်

Written By Live100 on Thursday, September 24, 2015 | 11:10 PM




ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေး

Written By Live100 on Thursday, July 9, 2015 | 11:00 AM





2-7-2014 ၊ နေပြည်တော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးပွဲကို
၂-၇-၂၀၁၄ရက်နံနက်၁၀နာရီတွင်စကင်ကျင်းပသည်။အဆိုပါဆွေးနွေးပွဲသည်ညနေ၇နာရီ
တွင်ပြီးဆုံးသည်။

ဤဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးနှင့်အဖွဲ့ဝင်များ
၊နိုင်ငံရေးပါတီ၆၅ပါတီမှ ဥက္ကဋ္ဌ၊ခေါင်းဆောင်များ၊တသီးပုဂ္ဂလအမတ်များတက်ရောက်ဆွေးနွေးကြသည်။
ကော်မရှင်ဥက္ကဋ္ဌမှလွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း
အကြိမ်ကြိမ်ကတိပြုခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီမှ ပါတီဥက္ကဋ္ဌ ဦးအေးမင်း
အကြံပြုဆွေးနွေးခဲ့သော အကြောင်းအရာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“-မင်္ဂလာပါခင်ဗျား။”
-ယနေ့ကြွရောက်လာကြသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှင့်
အဖွဲ့ဝင်များ၊နိုင်ငံရေးပါတီအသီးသီး၏ ဥက္ကဋ္ဌ ၊ခေါင်းဆောင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူအားလုံးမင်္ဂလာအပေါင်းခညောင်း ချမ်းမြေ့မှုအပေါင်းပြည့်စုံကြပါစေလို့ ပဏာမအနေနဲ့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား။

-ကျနော်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့တွင်အခြေစိုက်သော ထားဝယ်တိုင်းရင်းသားများပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးအေးမင်း ဖြစ်ပါတယ်။

- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအနေဖြင့် လာမည့်ရွေးကောက်ပွဲများကို လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် မဟာဗျူဟာ၊နည်းဗျူဟာများ
ချမှတ်၍ စံနစ်တကျ အားသွန်ခွန်စိုက် ဆောင်ရွက်နေတာသိရလို့ များစွာနှစ်ထောင်းအားရကြေနပ်မိပါတယ်။ အထူးကျေးဇူးတင်ရှိပါကြောင်းလည်းပြောကြားလိုပါတယ်။

-ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းအပေါင်းတို့ ခင်ဗျား..

-လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဟု မှတ်ကျောက်တင်နိုင်ဖို့ရာ ...
(၁)ရွေးကောက်ပွဲအကြိုကာလ ၊(၂) ရွေးကောက်ပွဲကျင်းပနေချိန်ကာလ၊(၃)ရွေးကောက်ပွဲအလွန် မဲရေတွက်မှုနည်းစံနစ် (၄) လွှတ်တော်ကိုယ်စားလှယ်များ၏အမည်စာရင်းအတည်ပြုခြင်း
စသော အဆင့်တိုင်းတွင် လွတ်လပ်၍တရားမျှတမှုရှိရန်လိုအပ်သည်ဟု သုံးသပ်မိပါသည်။

ကျနော့အနေနဲ့ အမှတ်(၁)ရွေးကောက်ပွဲအကြိုကာလ နှင့် အမှတ်(၄) လွှတ်တော်ကိုယ်စားလှယ်များ၏အမည်စာရင်းအတည်ပြုခြင်း ကိုသာဆွေးနွေးပါမည်။

-လေးစားရပါသောပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး ခင်ဗျား..
ယခုအခါ အရပ်ဘက်ဝန်ကြီးဌာနအသီးသီး၏လက်အောက်ရှိ နိုင်ငံဝန်ထမ်းများအား နိုင်ငံရေးကင်းရှင်းရမည်ဆိုသော ကန့်သန့်ချုပ်ချယ်မှုကို ဖြေလျှော့ပေးသင့်ပါပြီဟုအကြံပြုလိုပါသည်။
အရပ်ဘက်နိုင်ငံဝန်ထမ်းများကိုလည်း တပ်မတော်သားနိုင်ငံဝန်ထမ်းများနည်းတူ အခွင့်အရေးတန်းတူပေးသင့်ပါသည်။
-ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စည်းရုံးရေးဟောပြောပွဲများနှင့်ပတ်သက်၍လည်း မဲဆန္ဒရှင်များဖြစ်ကြသောအရပ်ဘက် နိုင်ငံဝန်ထမ်းများမှာ အာဏာရပါတီ၏ မဲဆွယ်စည်းရုံးဟောပြောပွဲ
များသို့သာ တက်ရောက်နားထောင်ခွင့်ရကြ၍ ။ ကျန်သောပါတီများ၏ မဲဆွယ်စည်းရုံးဟောပြောပွဲများသို့တက်ရောက်နားထောင်လျှင် အရေးယူအပစ်ပေးခံရမည်စိုးသဖြင့် အနားတောင်မသီရဲ
မကပ်ရဲဖြစ်နေရပါသည်။ ဤသည်ပင်လျှင် ကျနော်တို့မျှော်မှန်းနေသော လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ကျင်းပနိုင်ရေး နှင့်ဆန့်ကျင်ဖီလာဖြစ်နေသည်ဟု သုံးသပ်မိပါသည်။

-သို့အတွက် အရပ်ဘက်နိုင်ငံဝန်ထမ်းများအနေဖြင့် မိမိတာဝန်မပျက်ကွက်လျှင် မိမိနှစ်သက်ရာပါတီများ၏မဲဆွယ်စည်းရုံးဟောပြောပွဲများသို့တက်ရောက်နိုင်ကြောင်းကို
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ ကြေငြာချက်ထုတ်ပြန်ပေးသင့်ပါကြောင်း အကြံပြုဆွေးနွေးတင်ပြလိုပါသည်။
သို့မှသာ လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ဟူသောအဓိပ္ပာယ်ပိုမိုပေါ်လွင်လျက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၏ ဂုဏ်သိက္ခာလည်းပိုမိုကြီးမြင့်လာမှာဖြစ်ပါကြောင်းတင်ပြလိုတယ်ခင်ဗျား။

--------------------------------------------------------------------------------------

ရွေးကောက်ပွဲ၏ နောက်ဆုံးအဆင့်ဖြစ်သော အမှတ် (၄) လွှတ်တော်ကိုယ်စားလှယ်များ၏အမည်စာရင်းအတည်ပြုခြင်းနှင့်ပတ်သက်၍
 ဆွေးနွေးအကြံပြုလိုသည်မှာ...

-ရွေးကောက်ပွဲ၏ရလဒ်ဖြစ်သော လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းအတည်ပြုခြင်းသည်အရေးကြီးဆုံးဖြစ်ပေရာ ..လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ကိုအောင်မြင်စွာကျင်းပပြီးဆုံးအောင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တကွ တိုင်းဒေသကြီး၊ပြည်နယ်၊ခရိုင်၊မြို့နယ်၊ရပ်ကျေး ကော်မရှင်ဖွဲ့ အသီးသိးအနေဖြင့် မည်သို့ပင်အစွမ်းကုန်ကြိုးစားအားထုတ်စေကာမူ
နောက်ဆုံးရလဒ်သည်ကား လွတ်လပ်သော်လည်း တရားမမျှတသော ရလဒ်များဆီသို့သာ ဦးတည်နေသည်ကိုတွေ့ရှိရပေမည်။
-အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းက အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅% က
လွှတ်တော်အရပ်ရပ်၏ အစည်းအဝေးခန်းမ၌ အခန့်သားစောင့်ဆိုင်းနေကြသောကြောင့်ဖြစ်ပါတယ်ခင်ဗျား။

-တစ်ခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်သားများအားလုံး က အရပ်ဘက်လွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒမဲပေးရွေးချယ်ခွင့်ရကြ၍ လွတ်တော်အရပ်ရပ်တွင် တပ်မတော်၏
ပါဝင်ပတ်သက်မှုသည် ၂၅% ထက်များစွာကျော်လွန်နေတာကို ပကတိအမြင်အတိုင်းရှူမြင်မိပါသည်။

- နိုင်ငံတော်အတွက် အလွန်အရေးကြိးသော မူဝါဒများ ချမှတ် အဆုံးဖြတ်ပြုနေသော လွှတ်အရပ်ရပ်အတွက် ပုဂ္ဂိုလ်တစ်ဦးတည်းကို ၂၅% ပုံအပ်ထားသည်မှာ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက်
လွန်စွာမှအန္တရာယ်ရှိသည်ဟုလည်း သုံးသပ်မိပါသည်။
သို့အတွက် တရားမျှတသောရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့ရာ လွှတ်တော်အရပ်ရပ်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏အရေအတွက်ကို လျှော့ချနိုင်သမျှ လျှော့ချပေးဖို့
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ သက်ဆိုင်ရာပုဒ်မများကို ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ အချိန်မီပြင်ဆင်ပေးဖို့ရန်
ကျနော်တို့၏ကိုယ်စား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြိးမှ
 နိုင်ငံတော်သမ္မတကြီး၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့ထံတင်ပြပေးပါရန်
လေးစားစွာ အကူအညီတောင်းခံအပ်ပါတယ်ခင်ဗျား။
--------------------------------------------------------------------------------------
အကယ်၍ .. လောလောဆယ်မြန်မာ့နိုင်ငံရေးအခြေအနေအရသော်လည်းကောင်း၊
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း ၊

လွှတ်တော်အရပ်ရပ်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၂၅% ပါဝင်မှကို ရမည်ဟုဆိုလျှင်လည်း...

“တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ” ဟူသော ဝေါဟာရ အရသော်လည်းကောင်း၊
-ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြဌာန်းထားသော ပြည်သူ့လွှတ်တော်နည်းဥပဒေများစာအုပ်မှ အခန်း(၁) ၊ပုဒ်မ ၂ (ခ)အရ တပ်မတော်သား ဟု အဓိပ္ပာယ်ဖွင့်ဆိုချက်အရလည်းကောင်း
၊လွှတ်တော်အရပ်ရပ်၏ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၂၅%အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းက ရွေးချယ်စေလွှတ်ခြင်းမဟုတ်ပဲ ၊ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများကို
ဆန္ဒမဲပေးစေ၍ ရွေးကောက်တင်မြှောက်မှသာ သင့်လျှော်မည်ဖြစ်ပါကြောင်း အကြံပြုအပ်ပါသည်ခင်ဗျား။

- နိုင်ငံသားတစ်ဦးလျှင် မဲတစ်ပြားသာ ပေးပိုင်ခွင့်ရှိသည့်အတွက်
အရပ်ဘက်လွှတ်တော်ကိုယ်စားလှယ်များရွေးကောက်တင်မြှောက်ရာတွင်မူ တပ်မတော်သားများကိုမဲဆန္ဒရှင်များအဖြစ်မှ ပယ်ဖျက်သင့်ပါကြောင်း။
-တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ လွှတ်တော်အမတ်သက်တမ်းသည်လည်း အခြားလွှတ်တော်အမတ်များနည်းတူဖြစ်သင့်ပါကြောင်း။အကြံပြုတင်ပြအပ်ပါသည်ခင်ဗျား။
----------------------------------------------------------------------------
သို့မှသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမျှော်မှန်းနေသော၊
 ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တနေသော
နိုင်ငံတကာစံချိန်မီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပပြီးစီးနိုင်မည်ဖြစ်ပါကြောင်းတင်ပြရင်း နိဂုန်းချုပ်လိုက်ပါတယ်ခင်ဗျား။

အားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေကြောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျား။

အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျား။”

ဦးအေးမင်း
ဥက္ကဋ္ဌ
ထားဝယ်မြို့



Written By Live100 on Friday, July 3, 2015 | 10:07 AM


ထားဝယ် Feb 21, 2014

Unicode :  ထားဝယ်တိုင်းရင်သားများပါတီ(ဗဟို) Dawei Nationalities Party ရုံးဖွင့်ပွဲ
ထားဝယ် Feb 21, 2014
ထားဝယ်တိုင်းရင်သားများပါတီ(ဗဟို) Dawei Nationalities Party ရုံးဖွင့်ပွဲကို
၂၁.၂.၂၀၁၄ သောကြာနေ့ နံနက် ၈ နာရီတွင် ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ ပါတီရုံးခန်းတွင်ကျင်းပခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ "ထားဝယ်တိုင်းရင်းသားများ ပါတီ" ရဲ့ ဌာနချုပ်ရုံးခန်း ဖွင့်ပွဲအခမ်းအနားကို ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။


 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထားဝယ်တိုင်းရင်းသားများပါတီ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger