Home » , » အထွေထွေမှုဝါဒ သဘောထားမျာ

အထွေထွေမှုဝါဒ သဘောထားမျာ

Written By Live100 on Wednesday, June 17, 2015 | 12:36 AM

                     အေထြေထြမႈဝါဒ သေဘာထားမ်ား

 ၁ ။ ေျမယာ


(က)တိုင္းရင္းသားလူမ်ိဳးစုမ်ား ေနထိုင္ရာ ေဝးလံေခါင္သီၿပီး ဘာသာစကားၿခားနားမႈရွိေသာ အခ်ိဳ႕ေသာေနရာမ်ားတြင္
ေၿမယာပိုင္ဆိုင္ခြင့္အတြက္ သက္ဆိုင္ရာအစိုးရဌာနအသီးသီးတြင္ အထူးအစီအမံမ်ားရွိရမည္။

(ခ)မည္သည့္စီမံကိန္းမဆို အေကာင္အထည္ေဖာ္သည့္အခါ ေဒသခံတိုင္းရင္းသားမ်ား၏ ေၿမယာမ်ား ဥပေဒမဲ့မဆံုးရံႈး
ေရးလုပ္ေဆာင္ရန္သက္ဆိုင္ရာၿပည္ေထာင္စုႏွင့္ ေဒသဆိုင္ရာအစိုးရမ်ားတြင္ တာဝန္ရွိသည္။

(ဂ)လူပုဂၢိဳလ္တစ္ေယာက္၊အဖြဲ႕အစည္းတစ္ခုတည္း ေၿမယာလက္ဝါးၾကီးအုပ္ ပိုင္ဆိုင္လုပ္ကိုင္ခြင့္မရွိေရးမႈဝါဒ ထားရွိ
မည္။

၂ ။သဘာဝပတ္ဝန္းက်င္

တိုင္းရင္းသားေဒသအတြင္းရွိ သဘာဝပတ္ဝန္းက်င္၊ဇီဝမ်ိဳးစံုမ်ိဳးကြဲမ်ားကိုအဓြန္႔ရွည္တည္တံ့ေစရန္ အေလးထားသည္။

၃။ေရသယံဇာတ

(က)ႏိုင္ငံအတြင္းတည္ရွိေသာေရခ်ိဳ ၊ ေရငံသယံဇာတမ်ားသည္ ေဒသအသီးသီးတြင္ေနထိုင္ေသာ တိုင္းရင္းသားလူမ်ိဳး
မ်ားအတြက္ မ်ားစြာ အေရးပါၿပီး ၄င္းတို႔၏ အသက္ေမြးေနထိုင္မႈႏွင့္ တိုက္ရိုက္ဆက္စပ္ေနသည္။

(ခ)ေရသယံဇာတထိန္းသိမ္းေရးအတြက္သက္ဆိုင္ရာက႑အလိုက္ ၿပည့္ဝစြာစြမ္းေဆာင္ႏိုင္ရန္ ႀကိဳးပမ္းမည္။ယင္းသို႔
လုပ္ေဆာင္ရာတြင္ သက္ဆိုင္ရာအစိုးရအသီးသီးက ေထာက္ကူေပးရန္ တာဝန္ရွိသည္။

(ဂ)ပင္လယ္ေရငန္သယံဇာတအမွီၿပဳ အသက္ေမြးဝမ္းေႀကာင္းကာ စီးပြားေရးလုပ္ကိုင္ေနေသာ သက္ဆိုင္ရာတိုင္းရင္း
သားမ်ားကို ဥပေဒႏွင့္အညီ အကာအကြယ္ေပးရမည္။

၄။ စိုက္ပ်ိဳးေရး

(က)ဥပေဒႏွင့္အညီ လြတ္လပ္စြာစိုက္ပ်ိဳးလုပ္ေဆာင္ခြင့္ကိုအားေပးသည္။

(ခ)သို႔ေသာ္လည္း ေရရွည္အက်ိဳးၿဖစ္ထြန္းမႈကို ထိခိုက္ေစေသာ စိုက္ပ်ိဳးေရးပံုစံမၿဖစ္ေစေရးမႈဝါဒ သတ္မွတ္ေရးဆြဲမည္။

(ဂ)စိုက္ပ်ိဳးေရးတြင္ ဓါတ္ေၿမႀသဇာ၊ ပိုးသတ္ေဆး စသည့္ဓါတုေဆးမ်ား အသံုးၿပဳလုပ္ကိုင္မႈမ်ားအတြက္ တိက်ေသာမႈဝါ
ဒ ၿပဌာန္းမည္။

၁၄။စြမ္းအင္ႏွင့္တြင္းထြက္သယံဇာတ
(က)တိုင္းရင္းသားေဒသအတြင္းရွိ စြမ္းအင္ဆိုင္ရာအရင္းအၿမစ္ သယံဇာတမ်ားကို အသံုးၿပဳ၍ လြတ္လပ္စြာ အေသးစား
ႏွင့္အလတ္စား စြမ္းအင္ထုတ္လုပ္ၿဖန္ၿဖဴးေဆာင္ရြက္ခြင့္ ရွိသည္။

(ခ)တိုင္းရင္းသားေဒသမ်ားရွိ အရင္းအၿမစ္သယံဇာတမ်ားကို သက္ဆိုင္ရာဌာေနတိုင္းရင္းသားမ်ား အခ်ိဳးညီစြာခံစားခြင့္ရွိၿပီး
အၿခားေဒသရွိ တိုင္းရင္းသားမ်ားႏွင့္ၿပည္ေထာင္စုကို အခ်ိဳးက်ခြဲေဝေပးရမည္။

(ဂ)တိုင္းရင္းသားလူနည္းစုေဒသမ်ားတြင္ အေကာင္အထည္ေဖာ္သည့္မည္သည့္စီမံကိန္းမဆို မႈရင္းေနဌာေနတိုင္းရင္းသား
လူမ်ိဳးမ်ားအတြက္ လူမႈတာဝန္ယူမႈမ်ားကို ႏိုင္ငံတကာႏႈန္းစံမ်ားႏွင့္အညီ ေဆာင္ရြက္ေပးရန္ တာဝန္ရွိသည္။

၅။ပညာေရး

(က)ေက်ာင္းေနအရြယ္ ကေလးတိုင္း ေက်ာင္းေနႏိုင္ေရး ေဆာင္ရြက္မည္။

(ခ)တိုင္းရင္းသားတိုင္း၏ ဘာသာစကား၊ ပညာေရး ၿမွင့္တင္ႏိုင္ေရး၊ ေဒသဆိုင္ရာပညာေရး ၿမွင့္တင္ႏုိင္ေရး မႈဝါဒ ခ်မွတ္ေဆာင္
ရြက္မည္။

၆။က်န္းမာေရး

တိုင္းရင္းသားမ်ား၏ က်န္းမာေရးအတြက္ ေက်းလက္ႏွင့္ ေဒသႏၱရ က်န္းမာေရးဌာနမ်ား၊ လူ႔အရင္းအၿမစ္မ်ား ၿဖစ္ထြန္းရန္ တာဝန္
ရွိသည္။

၇။အလုပ္သမားအေရး

(က)ပါတီသည္ၿပည္တြင္းရွိအလုပ္သမားမ်ားအပါအဝင္ ၿပည္ပတြင္သြားေရာက္လုပ္ကိုင္ေနေသာ အလုပ္သမားမ်ား၏အက်ိဳးစီးပြားကို
လည္း ကာကြယ္ေပးမည္။

(ခ)အထူးသၿဖင့္ ၿပည္ပတြင္ သြားေရာက္လုပ္ကိုင္ေနေသာ အလုပ္သမားမ်ား၏ရပိုင္ခြင့္ႏွင့္ လူမႈဖူလံုေရးအတြက္ အထူးအေလးေပး
ေဆာင္ရြက္မည္။

၈။ယဥ္ေက်းမႈ

(က)တိုင္းရင္းသားအသီးသီးသည္ ၎တို႔၏ ဓေလ့ထံုးတမ္းယဥ္ေက်းမႈမ်ားကို ေဖာ္ထုတ္ခြင့္ ရွိသည္။

(ခ)တိုင္းရင္းသားေဒသအသီးသီးတြင္ ဘိုးဘြားစဥ္ဆက္ရွိခဲ့ေသာ ယဥ္ေက်းမႈဇုန္မ်ား၊ အေမြအႏွစ္မ်ားကို ထိန္းသိမ္းပိုင္ခြင့္ရွိသည္။

 ၉။လမ္းပန္းဆက္သြယ္ေရး

(က)ေဒသဖြံၿဖိဳးေရးေဆာင္ရြက္ရာတြင္ လမ္းပန္းဆက္သြယ္ေရးသည္ မ်ားစြာအေရးပါသည့္အေလ်ာက္ ေက်းလက္လမ္းမ်ား ေဖာ္ေဆာင္
ေရး တိုင္းရင္းသားအခ်င္းခ်င္း လြယ္ကူေခ်ာေမြ႔စြာ ဆက္သြယ္ႏိုင္ေရး အတြက္ သီးၿခားမႈဝါဒရွိမည္။

၁၀။ေတာင္သူလယ္သမား

(က)မိမိတို႔ပိုင္ဆိုင္ေသာလယ္ယာေၿမမ်ားကို လြတ္လပ္စြာလႊဲေၿပာင္းေရာင္းခ်လုပ္ကိုင္ခြင့္၊ အက်ိဳးအၿမတ္ ခံစားပိုင္ခြင့္ရွိသည္။

(ခ)ဥပေဒပါ ရပိုင္ခြင့္မ်ားကို လယ္သမားမ်ားနားလည္ၿပီး အသံုးခ်ႏိုင္ေရး လုပ္ေဆာင္မည္။

         @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ 

Unicode Version :

                      အထွေထွေမှုဝါဒ သဘောထားများ
 ၁ ။ မြေယာ


(က)တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ဝေးလံခေါင်သီပြီး ဘာသာစကားခြားနားမှုရှိသော အချို့သောနေရာများတွင်

မြေယာပိုင်ဆိုင်ခွင့်အတွက် သက်ဆိုင်ရာအစိုးရဌာနအသီးသီးတွင် အထူးအစီအမံများရှိရမည်။


(ခ)မည်သည့်စီမံကိန်းမဆို အကောင်အထည်ဖော်သည့်အခါ ဒေသခံတိုင်းရင်းသားများ၏ မြေယာများ ဥပဒေမဲ့မဆုံးရှုံး

ရေးလုပ်ဆောင်ရန်သက်ဆိုင်ရာပြည်ထောင်စုနှင့် ဒေသဆိုင်ရာအစိုးရများတွင် တာဝန်ရှိသည်။


(ဂ)လူပုဂ္ဂိုလ်တစ်ယောက်၊အဖွဲ့အစည်းတစ်ခုတည်း မြေယာလက်ဝါးကြီးအုပ် ပိုင်ဆိုင်လုပ်ကိုင်ခွင့်မရှိရေးမှုဝါဒ ထားရှိ

မည်။


၂ ။သဘာဝပတ်ဝန်းကျင်

တိုင်းရင်းသားဒေသအတွင်းရှိ သဘာဝပတ်ဝန်းကျင်၊ဇီဝမျိုးစုံမျိုးကွဲများကိုအဓွန့်ရှည်တည်တံ့စေရန် အလေးထားသည်။
၃။ရေသယံဇာတ

(က)နိုင်ငံအတွင်းတည်ရှိသောရေချို ၊ ရေငံသယံဇာတများသည် ဒေသအသီးသီးတွင်နေထိုင်သော တိုင်းရင်းသားလူမျိုး

များအတွက် များစွာ အရေးပါပြီး ၎င်းတို့၏ အသက်မွေးနေထိုင်မှုနှင့် တိုက်ရိုက်ဆက်စပ်နေသည်။


(ခ)ရေသယံဇာတထိန်းသိမ်းရေးအတွက်သက်ဆိုင်ရာကဏ္ဍအလိုက် ပြည့်ဝစွာစွမ်းဆောင်နိုင်ရန် ကြိုးပမ်းမည်။ယင်းသို့

လုပ်ဆောင်ရာတွင် သက်ဆိုင်ရာအစိုးရအသီးသီးက ထောက်ကူပေးရန် တာဝန်ရှိသည်။


(ဂ)ပင်လယ်ရေငန်သယံဇာတအမှီပြု အသက်မွေးဝမ်းကြောင်းကာ စီးပွားရေးလုပ်ကိုင်နေသော သက်ဆိုင်ရာတိုင်းရင်း

သားများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရမည်။


၄။ စိုက်ပျိုးရေး

(က)ဥပဒေနှင့်အညီ လွတ်လပ်စွာစိုက်ပျိုးလုပ်ဆောင်ခွင့်ကိုအားပေးသည်။


(ခ)သို့သော်လည်း ရေရှည်အကျိုးဖြစ်ထွန်းမှုကို ထိခိုက်စေသော စိုက်ပျိုးရေးပုံစံမဖြစ်စေရေးမှုဝါဒ သတ်မှတ်ရေးဆွဲမည်။


(ဂ)စိုက်ပျိုးရေးတွင် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး စသည့်ဓါတုဆေးများ အသုံးပြုလုပ်ကိုင်မှုများအတွက် တိကျသောမှုဝါ

ဒ ပြဌာန်းမည်။


၁၄။စွမ်းအင်နှင့်တွင်းထွက်သယံဇာတ

(က)တိုင်းရင်းသားဒေသအတွင်းရှိ စွမ်းအင်ဆိုင်ရာအရင်းအမြစ် သယံဇာတများကို အသုံးပြု၍ လွတ်လပ်စွာ အသေးစား

နှင့်အလတ်စား စွမ်းအင်ထုတ်လုပ်ဖြန်ဖြူးဆောင်ရွက်ခွင့် ရှိသည်။


(ခ)တိုင်းရင်းသားဒေသများရှိ အရင်းအမြစ်သယံဇာတများကို သက်ဆိုင်ရာဌာနေတိုင်းရင်းသားများ အချိုးညီစွာခံစားခွင့်ရှိပြီး

အခြားဒေသရှိ တိုင်းရင်းသားများနှင့်ပြည်ထောင်စုကို အချိုးကျခွဲဝေပေးရမည်။


(ဂ)တိုင်းရင်းသားလူနည်းစုဒေသများတွင် အကောင်အထည်ဖော်သည့်မည်သည့်စီမံကိန်းမဆို မှုရင်းနေဌာနေတိုင်းရင်းသား

လူမျိုးများအတွက် လူမှုတာဝန်ယူမှုများကို နိုင်ငံတကာနှုန်းစံများနှင့်အညီ ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။


၅။ပညာရေး

(က)ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေး ဆောင်ရွက်မည်။


(ခ)တိုင်းရင်းသားတိုင်း၏ ဘာသာစကား၊ ပညာရေး မြှင့်တင်နိုင်ရေး၊ ဒေသဆိုင်ရာပညာရေး မြှင့်တင်နိုင်ရေး မှုဝါဒ ချမှတ်ဆောင်

ရွက်မည်။


၆။ကျန်းမာရေး

တိုင်းရင်းသားများ၏ ကျန်းမာရေးအတွက် ကျေးလက်နှင့် ဒေသန္တရ ကျန်းမာရေးဌာနများ၊ လူ့အရင်းအမြစ်များ ဖြစ်ထွန်းရန် တာဝန်

ရှိသည်။


၇။အလုပ်သမားအရေး

(က)ပါတီသည်ပြည်တွင်းရှိအလုပ်သမားများအပါအဝင် ပြည်ပတွင်သွားရောက်လုပ်ကိုင်နေသော အလုပ်သမားများ၏အကျိုးစီးပွားကို

လည်း ကာကွယ်ပေးမည်။


(ခ)အထူးသဖြင့် ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသော အလုပ်သမားများ၏ရပိုင်ခွင့်နှင့် လူမှုဖူလုံရေးအတွက် အထူးအလေးပေး

ဆောင်ရွက်မည်။


၈။ယဉ်ကျေးမှု

(က)တိုင်းရင်းသားအသီးသီးသည် ၎င်းတို့၏ ဓလေ့ထုံးတမ်းယဉ်ကျေးမှုများကို ဖော်ထုတ်ခွင့် ရှိသည်။


(ခ)တိုင်းရင်းသားဒေသအသီးသီးတွင် ဘိုးဘွားစဉ်ဆက်ရှိခဲ့သော ယဉ်ကျေးမှုဇုန်များ၊ အမွေအနှစ်များကို ထိန်းသိမ်းပိုင်ခွင့်ရှိသည်။
 ၉။လမ်းပန်းဆက်သွယ်ရေး

(က)ဒေသဖွံဖြိုးရေးဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေးသည် များစွာအရေးပါသည့်အလျောက် ကျေးလက်လမ်းများ ဖော်ဆောင်

ရေး တိုင်းရင်းသားအချင်းချင်း လွယ်ကူချောမွေ့စွာ ဆက်သွယ်နိုင်ရေး အတွက် သီးခြားမှုဝါဒရှိမည်။


၁၀။တောင်သူလယ်သမား

(က)မိမိတို့ပိုင်ဆိုင်သောလယ်ယာမြေများကို လွတ်လပ်စွာလွှဲပြောင်းရောင်းချလုပ်ကိုင်ခွင့်၊ အကျိုးအမြတ် ခံစားပိုင်ခွင့်ရှိသည်။


(ခ)ဥပဒေပါ ရပိုင်ခွင့်များကို လယ်သမားများနားလည်ပြီး အသုံးချနိုင်ရေး လုပ်ဆောင်မည်။


         @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@  

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထားဝယ်တိုင်းရင်းသားများပါတီ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger