ပါတီအမည္ ၊ အလံ ႏွင္႔ အမွတ္တံဆိပ္
၁ ။ အမည္
ပါတီ၏အမည္ကို “ထား၀ယ္တိုင္းရင္းသားမ်ားပါတီ” (Dawei Nationalities Party)
ဟုေခၚတြင္သည္။
၂ ။ အလံ
ပါတီအလံ၏ေလးပံုသံုးပံုကို အျပာေရာင္ျဖင္႔ခ်ယ္မႈန္းထားၿပီး က်န္႐ွိေသာအပိုင္းမ်ားကို အစိမ္းေရာင္ႏွင္႔ လိေမၼာ္ေရာင္တို႔ျဖင္႔ ေဖာ္ျပထားသည္။
- အျပာေရာင္ ၏ အဓိပၸာယ္မွာ ၿငိမ္းခ်မ္းျခင္းႏွင္႔ သယံဇာတႁကြယ္၀ေသာ ပင္လယ္ျပင္ကိုေဖာ္ၫႊန္းသည္။
- အစိမ္းေရာင္မွာတည္ၾကည္ျခင္းႏွင္႔ ေရရွည္ဖြံ႔ၿဖိဳးတိုးတက္ၿပီးစိမ္းလန္းေသာသဘာ၀ေတာေတာင္၀န္းက်င္
ကိုေဖာ္ၫႊန္းသည္။
- လိေမၼာ္ေရာင္မွာ ခန္႔ညားထယ္၀ါျခင္း ႏွင္႔ တနသၤာရီကမ္းရုိးတန္း ကိုဆိုလိုသည္။
- လိေမၼာ္ေရာင္ ၾကယ္ ၁၀လံုးမွာ တနသၤာရီတိုင္းေဒသႀကီး အတြင္း႐ွိၿမိဳ႕နယ္မ်ားကိုရည္ၫႊန္းသည္။
အလံ၏ အခ်ဳိးမွာ ၁ း ၁.၇၅ ႐ွိသည္။
၃ ။ အမွတ္တံဆိပ္
ပါတီ၏အမွတ္တံဆိပ္မွာ ထား၀ယ္လူမ်ဳိးမ်ား ေအဒီ ၁၅ရာစုမွ ၁၈ရာစု အၾကားအသံုးျပဳခဲ႔ေသာ
“ တ၀ဲ ” ပါ ေငြဒဂၤ ါးအ၀ိုင္းျဖစ္ၿပီး ပါတီ၏အမည္ကိုလည္း တံဆိပ္တြင္ေရးထိုးထားသည္။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
Unicode Version :
ပါတီအမည္ ၊ အလံ ႏွင္႔ အမွတ္တံဆိပ္
၁ ။ အမည်ပါတီ၏အမည်ကို “ထားဝယ်တိုင်းရင်းသားများပါတီ” (Dawei Nationalities Party)
ဟုခေါ်တွင်သည်။
၂ ။ အလံ

ပါတီအလံ၏လေးပုံသုံးပုံကို အပြာရောင်ဖြင့်ချယ်မှုန်းထားပြီး ကျန်ရှိသောအပိုင်းများကို အစိမ်းရောင်နှင့် လိမ္မော်ရောင်တို့ဖြင့် ဖော်ပြထားသည်။
- အပြာရောင် ၏ အဓိပ္ပာယ်မှာ ငြိမ်းချမ်းခြင်းနှင့် သယံဇာတကြွယ်ဝသော ပင်လယ်ပြင်ကိုဖော်ညွှန်းသည်။
- အစိမ်းရောင်မှာတည်ကြည်ခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီးစိမ်းလန်းသောသဘာဝတောတောင်ဝန်းကျင်
ကိုဖော်ညွှန်းသည်။
- လိမ္မော်ရောင်မှာ ခန့်ညားထယ်ဝါခြင်း နှင့် တနင်္သာရီကမ်းရိုးတန်း ကိုဆိုလိုသည်။
- လိမ္မော်ရောင် ကြယ် ၁၀လုံးမှာ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိမြို့နယ်များကိုရည်ညွှန်းသည်။
အလံ၏ အချိုးမှာ ၁ း ၁.၇၅ ရှိသည်။
၃ ။ အမှတ်တံဆိပ်

ပါတီ၏အမှတ်တံဆိပ်မှာ ထားဝယ်လူမျိုးများ အေဒီ ၁၅ရာစုမှ ၁၈ရာစု အကြားအသုံးပြုခဲ့သော
“ တဝဲ ” ပါ ငွေဒင်္ဂ ါးအဝိုင်းဖြစ်ပြီး ပါတီ၏အမည်ကိုလည်း တံဆိပ်တွင်ရေးထိုးထားသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
Post a Comment