ထား၀ယ္တိုင္းရင္းသားမ်ားပါတီ
ယံုၾကည္ခ်က္
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံအတြင္း မွီတင္းေနထိုင္ၾကသည္႔
မည္သည္႔တိုင္းရင္းသားလူမ်ဳိးမဆို ၎တို႔၏ ဂုဏ္သိကၡာႏွင္႔ အညီ
တန္းတူညီမွ်မႈ ၊ တရားမွ်တမႈႏွင္႔ လြတ္လပ္မႈတို႔ကို ေဖာ္ေဆာင္ပိုင္ခြင္႔႐ွိသည္။
တိုင္းရင္းသားေဒသအသီးသီးတြင္ ဘိုးဘြားစဥ္ဆက္ပိုင္ဆိုင္လာေသာ
အရင္းအျမစ္ ၊ အေမြအႏွစ္မ်ားႏွင္႔ပတ္သက္၍ ျပည္ေထာင္စုစနစ္ႏွင္႔အညီ လြတ္လပ္စြာ
စီမံခန္႔ခြဲပိုင္ခြင္႔႐ွိသည္။ ယင္းသို႕ေဖာ္ေဆာင္ရာတြင္ တိုင္းရင္းသားလူမ်ဳိးအခ်င္းခ်င္း
ၿငိမ္းခ်မ္းစြာအတူတကြတန္းတူ ယွဥ္တြဲေနထိုင္မႈကို မထိခိုက္ေစဘဲ
လြတ္လပ္ေသာျပည္ေထာင္စုႏိုင္ငံေတာ္ကို တည္ေဆာက္ႏိုင္မည္ဟု ကၽြႏ္ုပ္တို႔ယံုၾကည္သည္။
တူညီေသာတရား ၊ တူညီေသာအခြင္႔အေရး ၊ တူညီေသာအဆင္႔အတန္း တို႔ႏွင္႔အညီ
ကိုယ္႔လူမ်ဳိး ကိုယ္႔ေဒသႏွင္႔ အတူႏိုင္ငံေတာ္၏ ေရ႐ွည္ဖြံ႔ၿဖိဳးေရးကိုပါ တစ္ဖက္တစ္လမ္းမွ
ပါ၀င္ေဆာင္႐ြက္လိုေသာ ယံုၾကည္ခ်က္ျဖင္႔ ဤ “ ထား၀ယ္တိုင္းရင္းသားမ်ားပါတီ ”မည္ေသာ
ပါတီတစ္ရပ္ကိုထူေထာင္လိုက္ရေပသည္။
***************************************************
ထား၀ယ္တိုင္းရင္းသားမ်ားပါတီ ၏ ရည္႐ြယ္ခ်က္
(က) ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံအတြင္းရွိ တိုင္းရင္းသားလူမ်ဳိးမ်ားအားလံုး တန္းတူရည္တူျဖင္႔
စစ္မွန္ေသာျပည္ေထာင္စုစနစ္ထူေထာင္ေရး။
(ခ) တိုင္းရင္းသားလူမ်ဳိးမ်ား၏ယဥ္ေက်းမႈသမိုင္းအေမြအႏွစ္မ်ားေဖာ္ထုတ၊္ထိန္းသိမ္း၊ျမွင္႔တင္ေရး ႏွင္႔
လူမႈေရးဆိုင္ရာ တရားမွ်တမႈ႐ွိေရး။
(ဂ) ေဒသအတြင္း႐ွိ သဘာ၀သယံဇာတအရင္းအျမစ္မ်ားကို ေဒသခံမ်ားအက်ဳိးအတြက္
ပါ၀င္စီမံခန္႔ခြဲႏိုင္ေရး။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
Unicode ; ထားဝယ်တိုင်းရင်းသားများပါတီ
ယုံကြည်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့်
မည်သည့်တိုင်းရင်းသားလူမျိုးမဆို ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် အညီ
တန်းတူညီမျှမှု ၊ တရားမျှတမှုနှင့် လွတ်လပ်မှုတို့ကို ဖော်ဆောင်ပိုင်ခွင့်ရှိသည်။
တိုင်းရင်းသားဒေသအသီးသီးတွင် ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်လာသော
အရင်းအမြစ် ၊ အမွေအနှစ်များနှင့်ပတ်သက်၍ ပြည်ထောင်စုစနစ်နှင့်အညီ လွတ်လပ်စွာ
စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။ ယင်းသို့ဖော်ဆောင်ရာတွင် တိုင်းရင်းသားလူမျိုးအချင်းချင်း
ငြိမ်းချမ်းစွာအတူတကွတန်းတူ ယှဉ်တွဲနေထိုင်မှုကို မထိခိုက်စေဘဲ
လွတ်လပ်သောပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု ကျွန်ုပ်တို့ယုံကြည်သည်။
တူညီသောတရား ၊ တူညီသောအခွင့်အရေး ၊ တူညီသောအဆင့်အတန်း တို့နှင့်အညီ
ကိုယ့်လူမျိုး ကိုယ့်ဒေသနှင့် အတူနိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးရေးကိုပါ တစ်ဖက်တစ်လမ်းမှ
ပါဝင်ဆောင်ရွက်လိုသော ယုံကြည်ချက်ဖြင့် ဤ “ ထားဝယ်တိုင်းရင်းသားများပါတီ ”မည်သော
ပါတီတစ်ရပ်ကိုထူထောင်လိုက်ရပေသည်။
***************************************************
ထားဝယ်တိုင်းရင်းသားများပါတီ ၏ ရည်ရွယ်ချက်
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူဖြင့်
စစ်မှန်သောပြည်ထောင်စုစနစ်ထူထောင်ရေး။
(ခ) တိုင်းရင်းသားလူမျိုးများ၏ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များဖော်ထုတ၊်ထိန်းသိမ်း၊မြှင့်တင်ရေး နှင့် လူမှုရေးဆိုင်ရာ တရားမျှတမှုရှိရေး။
(ဂ) ဒေသအတွင်းရှိ သဘာဝသယံဇာတအရင်းအမြစ်များကို ဒေသခံများအကျိုးအတွက်
ပါဝင်စီမံခန့်ခွဲနိုင်ရေး။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@

Post a Comment