Home » » နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ -၂၉. ၃. ၂၀၁၄ ရက် စနေနေ့

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ -၂၉. ၃. ၂၀၁၄ ရက် စနေနေ့

Written By Live100 on Thursday, July 9, 2015 | 10:31 AM





ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ယနေ့ မတ်လ ၂၉ ရက်နေ့ က ကျင်းပသည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ ထားဝယ်တိုင်းရင်းသားများပါတီ
ဥက္ကဋ္ဌ ဦးအေးမင်း ၊ ဦးရာဇာစိုး နှင့် ဦးသူရိန်လှိုင် တို့ တက်ရောက်ခဲ့သည်။
         -----------------------------------------------------------------------


၂၉. ၃. ၂၀၁၄ ရက် စနေနေ့ ညနေ တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ အပြီး ထားဝယ်တိုင်းရင်းသားများပါတီနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တို့ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံစဉ် တောင်းဆိုဆွေးနွေးခဲ့သည့် အနှစ်ချုပ် အချက်များ -

၁။ နိုင်ငံသား စိစစ်ရေးကတ်ပြားတွင် ဗမာ ဟု မှတ်ပုံတင်ခံထားရပြီး တိုင်းရင်းသားလူမျိုးတစ်မျိုး၏ ရပိုင်ခွင့်များ ဆုံးရှုံးလျက်ရှိခြင်းကြောင့် ထားဝယ်လူမျိုးများ၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် ထားဝယ်လူမျိုး ဟု ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် အုပ်ချုပ်ရေးအာဏာအသုံးပြု၍ ဆောင်ရွက်ပေးပါရန်၊

၂။ အစိုးရက တိုင်းအတွင်း သဘာဝဓါတ်ငွေ့မှ လျပ်စစ်မီးရရှိရေးနှင့် မဟာဓါတ်အားလိုင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ကြားကာလအတွင်း အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် အစိုးရမှ သတ်မှတ်ထားသည့် လျှပ်စစ်တစ်ယူနစ်ဈေးနှုန်းဖြင့် သုံစွဲခွင့်ရရှိရေး နိုင်ငံတော် အစိုးရက လောင်စာဆီပံ့ပိုးပေးပါရန်၊

၃။ တနင်္သာရီတိုင်းဒေသကြီး အတွင်း တပ်မတော်မှ ပြန်လည်စွန့်လွှတ်ထားသော မြေယာ ၂၃၅၁.၅၄ ဧက ကို မူရင်ပိုင်ရှင်များအား ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ပွင့်လင်းမြင်သာမှု မရှိဘဲ ဆောင်ရွက်နေမှုကြောင့် မူရင်းပိုင်ရှင်များမှာ ယခုအချိန်အထိ မည်သည့်သတင်းစကားမျှ မရသေးပါ။ ယင်းကိစ္စနှင့် ပတ်သက်၍လည်း အုပ်ချုပ်ရေး အာဏာသုံး၍ ဖြေရှင်းပေးပါရန်၊

၎။ ဒေသအတွင်း ဖော်ဆောင်နေသော စီမံကိန်း အသီးသီးသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဒေသခံ တိုင်းရင်းသားပြည်သူများကို ကြိုတင်အသိပေး သဘောတူညီမှု ရယူခြင်း မရှိဘဲ အကောင်အထည်ဖော်နေခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ နှင့် အကျင့်ပျက်လာဘ်စားမှုရှိသည့် အထောက်အထားများကိုပါ တွေ့ရှိရပါသည်။ ထိုသို့သော အကြောင်းများကြောင့် ယင်းစီမံကိန်းများမှာ လူထု ထောက်ခံမှုမရရှိဘဲ ကန့်ကွက်ဆန့်ကျင်မှုများနှင့် ကြုံတွေ့နေရပါသည်။
အထက်ပါ ကိစ္စရပ်များပြေလည်စေရန် သမ္မတ အနှေနှင့် ထိရောက်စွာ စစ်ဆေးအရေးယူကြီးကြပ်ပေးရန် လိုအပ်ပြီး ဒေသခံများ လက်လှမ်းမှီ တိုင်ကြားနိုင်သော စနစ်တစ်ရပ်ထူထောင်ပေးရန်၊

၅။ စစ်ဘေးကြောင့် ဌာနေစွန့်ခွာ ထွက်ပြေးသွားရသော တိုင်းရင်းသားများ၏ မူရင်းနေရာများတွင် ယခင်အစိုးရ၏ အစီအမံဖြင့် အခြားသော ဒေသခံတိုင်းရင်းသားများ ဝင်ရောက်နေထိုင်မှုကြောင့် ယင်းတိုင်းရင်းသားများအကြား ပဋိပက္ခအသွင်ဆောင်မည့် အနေအထားများ ပေါ်ပေါက်လာနိုင်ပါသည်။
ထိုအပြင် ယင်းဒေသများတွင် သယံဇာတထုတ်ယူလျက်ရှိသော စီးပွားရေး လုပ်ငန်းကြီးများသည်လည်း အခြေမကျ သေးသော တိုင်းရင်းသားဒေသခံများအကြား ပဋိပက္ခဖြစ်ပွားစေရန် တွန်းအားပေးသည့် အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်လျက်ရှိပါသည်။
နိုင်ငံတော် အစိုးရအနေနှင့် ငြိမ်းချမ်းရေးတည်ဆောက်ဆဲ ဒေသများတွင် မြေယာအငြင်းပွားမှု ပြဿနာများကို အမြန်ဆုံး ညှိနှိုင်းဖြေရှင်းပေးပါရန်နှင့် ထိုဒေသများတွင် စီးပွားရေး စီမံကိန်းများ ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားပေးပါရန်။

စသည့်အချက်များကို ထားဝယ်တိုင်းရင်းသားများပါတီမှ တောင်းဆိုဆွေးနွေးခဲ့ပါသည်။

ယင်းကိစ္စတို့နှင့် ပတ်သက်၍ သမ္မတကြီး အပါအ၀င် သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးများမှ တဆင့် ဖြေရှင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြန်လည် ဆွေးနွေးခဲ့ပါသည်။

=======================================
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထားဝယ်တိုင်းရင်းသားများပါတီ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger