Home » » ပါတီစည္းမ်ဥ္းစည္းကမ္းမ်ား

ပါတီစည္းမ်ဥ္းစည္းကမ္းမ်ား

Written By Live100 on Saturday, June 20, 2015 | 7:44 AM

ပါတီစည္းမ်ဥ္းစည္းကမ္းမ်ား

 ပါတီ၏စည္းမ်ဥ္းစည္းကမ္းမ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္။

(၁) ပါတီဝင္မ်ားသည္ ႏိုင္ငံေရးပါတီမ်ားမွတ္ပံုတင္ျခင္းဥပေဒ။ နည္းဥပေဒပါ ျပဌန္းခ်က္မ်ားကို လိုက္နာရမည္။
(၂) ပါတီအခ်င္းခ်င္း အျပန္အလွန္ေလးစားမႈရွိရမည္။
(၃) ပါတီညီလာခံႏွင့္ ဗဟိုအလုပ္မႈေဆာင္အဖြဲ႔က အခါအားေလ်ာ္စြာ ထုတ္ျပန္ေသာ ညြန္ၾကားခ်က္၊ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာရမည္။
(၄) ပါတီဝင္မ်ားသည္အျခားပါတီတရပ္ရပ္တြင္ ပါတီဝင္ထားသူမျဖစ္ရ။
(၅) စည္းမ်ဥ္းစည္းကမ္းႏွင့္ မညီညြတ္ေသာပါတီမ်ား ထုတ္ပယ္ျခင္းကိုစည္းကမ္းထိမ္းသိမ္းေရးအဖြဲ၏စံုစမ္းစစ္ေဆးအစီရင္ခံမႈေပၚမႈတည္၍
သက္ဆိုင္ရာၿမိဳ႕နယ္ပါတီအလုပ္မႈေဆာင္အဖြဲ႔က ဆံုးျဖတ္မည္။ထုတ္ပယ္ခံရသူက ယင္းအေပၚတြင္ အယူခံတင္သြင္းႏိုင္ၿပီး ယင္းကိုသက္ဆိုင္ရာၿမိဳ႕နယ္၊ဗဟိုေကာ္မတီဝင္မ်ားက အဆင့္ဆင့္ကိုင္တြယ္ေျဖရွင္းရမည္။
(၆) ပါတီ၏ ဂုဏ္သိကၡာညွိဳးႏြမ္းေစေသာ လုပ္ရပ္မ်ားေျပာဆိုျပဳမႈျခင္းမျပဳရ။
(၇)  ပါတီဝင္တဦးဦးသည္ အျခားလူမႈေရး၊ ဘာသာေရးဆိုင္ရာ အသင္းအဖြဲ႕ တစ္ရပ္ရပ္တြင္ ႀကီးမားေသာ တာဝန္ေပးအပ္ခံရပါက ပါတီကို အသိေပးရန္ အထူးတာဝန္ရွိသည္။
    

      ပါတီဝင္မ်ားအားအျပစ္ေပးျခင္း

        ၁။ ပါတီဝင္မ်ားအား အထက္တြင္ျပဌန္းထားေသာ ပါတီစည္းမ်ဥ္းမ်ားကို မလိုက္နာပါက သက္ဆိုင္ရာအလုပ္အမႈေဆာင္အဖြဲ႔၏ အမ်ားစု
           ဆႏၵ ဆံုးျဖတ္ခ်က္အတိုင္း အျပစ္ေပးသြားမည္။
        ၂။ ပါတီတြင္းျပသနာမ်ားကို ပါတီအတြင္းသေဘာတူညီခ်က္ရေအာင္ ၊ ဆံုးျဖတ္ခ်က္က်ေအာင္မေျဖရွင္းဘဲ သို႔မဟုတ္ ပါတီအတြင္း
          အမ်ား သေဘာတူလက္ခံၿပီးေသာ ဆံုျဖတ္ခ်က္မ်ားအေပၚ ဆန္႔က်င္ေျပာဆိုျခင္း၊ ပါတီအားဆန္႔က်င္ဆႏၵျပျခင္း၊ ဆႏၵျပရန္ေသြးထိုးလံႈ႕
          ေဆာ္ျခင္း   မ်ားျပဳလုပ္ပါက အျပစ္ေပးခံရမည္။
    

     ပါတီဝင္အျဖစ္မွရပ္စဲျခင္း

      ၁။ ပါတီဝင္မ်ားသည္ အၾကမ္းဖက္မႈမ်ားတြင္ပါဝင္ေၾကာင္း အေထာက္ထားခိုင္လံုေတြ႔ရွိပါက ပါတီဝင္အျဖစ္မွ ရပ္စဲခံရမည္။
      ၂။ လူမ်ိဳးေရး၊ ဘာသာေရးအၾကမ္းဖက္မႈမ်ားျဖစ္ေပၚေအာင္ လံႈေဆာ္ပါက ပါတီဝင္အျဖစ္မွရပ္စဲမည္။
      ၃။ အျခားေသာ ပါတီဝင္တဦးဦးျဖစ္ပါက ရပ္စဲခံရမည္။
  

 ပါတီဝင္မ်ား လုပ္ေဆာင္ႏိုင္ေသာ အခ်က္မ်ား

   
     ၁။ မည္သည့္ပါတီဝင္မဆို ဗဟိုအလုပ္မႈေဆာင္အဖြဲ႔၏ လုပ္ေဆာင္ခ်က္မ်ား ၊မႈဝါဒမ်ား ၊လုပ္ထံုးလုပ္နည္းမ်ားကို သက္ဆိုင္ရာၿမိဳ႕နယ္မွ တဆင့္
    ေသာ္လည္းေကာင္း ၊ဗဟိုရံုးသို႔ တိုက္ရိုက္ေသာ္လည္းေကာင္း အႀကံျပဳပိုင္ခြင့္ရွိသည္။
 
    ၂။ မည္သည့္ပါတီဝင္မဆို ပါတီ၏ မႈဝါဒ  သေဘာထားႏွင့္ မေသြဖီ ပါက အေျခအေနေပၚမႈတည္၍ ေဆြးေႏြးပြဲမ်ား၊ဖိုရမ္မ်ားကို သက္ဆိုင္ရာၿမိဳ႕
    နယ္ေကာ္မတီ၏ လမ္းညႊန္ခ်က္ႏွင့္အညီ ေဆာင္ရြက္ခြင့္ရွိသည္။
 
   ၃။ ပါတီ၏ မႈဝါဒ သေဘာထားႏွင့္မေသြဖီပါက လူထုအေျချပဳ အဖြဲ႔အစည္းမ်ား၊ အစိုးရမဟုတ္ေသာ အသင္းအဖြဲ႕မ်ားႏွင့္ အခါအားေလ်ာ္စြာ လူထုအက်ိဳးစီးပြားအတြက္ ကိစၥရပ္အေပၚမႈတည္၍ ပူးေပါင္းလုပ္ေဆာင္ႏိုင္သည္။
   
           @@@@@@@@@@@@@@@@@@@@@@@@@@@

Unicode Version 

 ပါတီစည်းမျဉ်းစည်းကမ်းများ


 ပါတီ၏စည်းမျဉ်းစည်းကမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။


(၁) ပါတီဝင်များသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ။ နည်းဥပဒေပါ ပြဌန်းချက်များကို လိုက်နာရမည်။

(၂) ပါတီအချင်းချင်း အပြန်အလှန်လေးစားမှုရှိရမည်။

(၃) ပါတီညီလာခံနှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့က အခါအားလျော်စွာ ထုတ်ပြန်သော ညွန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။

(၄) ပါတီဝင်များသည်အခြားပါတီတရပ်ရပ်တွင် ပါတီဝင်ထားသူမဖြစ်ရ။

(၅) စည်းမျဉ်းစည်းကမ်းနှင့် မညီညွတ်သောပါတီများ ထုတ်ပယ်ခြင်းကိုစည်းကမ်းထိမ်းသိမ်းရေးအဖွဲ၏စုံစမ်းစစ်ဆေးအစီရင်ခံမှုပေါ်မှုတည်၍

သက်ဆိုင်ရာမြို့နယ်ပါတီအလုပ်မှုဆောင်အဖွဲ့က ဆုံးဖြတ်မည်။ထုတ်ပယ်ခံရသူက ယင်းအပေါ်တွင် အယူခံတင်သွင်းနိုင်ပြီး ယင်းကိုသက်ဆိုင်ရာမြို့နယ်၊ဗဟိုကော်မတီဝင်များက အဆင့်ဆင့်ကိုင်တွယ်ဖြေရှင်းရမည်။

(၆) ပါတီ၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသော လုပ်ရပ်များပြောဆိုပြုမှုခြင်းမပြုရ။

(၇)  ပါတီဝင်တဦးဦးသည် အခြားလူမှုရေး၊ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့ တစ်ရပ်ရပ်တွင် ကြီးမားသော တာဝန်ပေးအပ်ခံရပါက ပါတီကို အသိပေးရန် အထူးတာဝန်ရှိသည်။

   

      ပါတီဝင်များအားအပြစ်ပေးခြင်း


        ၁။ ပါတီဝင်များအား အထက်တွင်ပြဌန်းထားသော ပါတီစည်းမျဉ်းများကို မလိုက်နာပါက သက်ဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့၏ အများစု

           ဆန္ဒ ဆုံးဖြတ်ချက်အတိုင်း အပြစ်ပေးသွားမည်။

        ၂။ ပါတီတွင်းပြသနာများကို ပါတီအတွင်းသဘောတူညီချက်ရအောင် ၊ ဆုံးဖြတ်ချက်ကျအောင်မဖြေရှင်းဘဲ သို့မဟုတ် ပါတီအတွင်း

          အများ သဘောတူလက်ခံပြီးသော ဆုံဖြတ်ချက်များအပေါ် ဆန့်ကျင်ပြောဆိုခြင်း၊ ပါတီအားဆန့်ကျင်ဆန္ဒပြခြင်း၊ ဆန္ဒပြရန်သွေးထိုးလှုံ့

          ဆော်ခြင်း   များပြုလုပ်ပါက အပြစ်ပေးခံရမည်။

   

     ပါတီဝင်အဖြစ်မှရပ်စဲခြင်း


      ၁။ ပါတီဝင်များသည် အကြမ်းဖက်မှုများတွင်ပါဝင်ကြောင်း အထောက်ထားခိုင်လုံတွေ့ရှိပါက ပါတီဝင်အဖြစ်မှ ရပ်စဲခံရမည်။

      ၂။ လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်မှုများဖြစ်ပေါ်အောင် လှုံဆော်ပါက ပါတီဝင်အဖြစ်မှရပ်စဲမည်။

      ၃။ အခြားသော ပါတီဝင်တဦးဦးဖြစ်ပါက ရပ်စဲခံရမည်။

 

 ပါတီဝင်များ လုပ်ဆောင်နိုင်သော အချက်များ


  

     ၁။ မည်သည့်ပါတီဝင်မဆို ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ လုပ်ဆောင်ချက်များ ၊မှုဝါဒများ ၊လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာမြို့နယ်မှ တဆင့်

    သော်လည်းကောင်း ၊ဗဟိုရုံးသို့ တိုက်ရိုက်သော်လည်းကောင်း အကြံပြုပိုင်ခွင့်ရှိသည်။



    ၂။ မည်သည့်ပါတီဝင်မဆို ပါတီ၏ မှုဝါဒ  သဘောထားနှင့် မသွေဖီ ပါက အခြေအနေပေါ်မှုတည်၍ ဆွေးနွေးပွဲများ၊ဖိုရမ်များကို သက်ဆိုင်ရာမြို့

    နယ်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခွင့်ရှိသည်။



   ၃။ ပါတီ၏ မှုဝါဒ သဘောထားနှင့်မသွေဖီပါက လူထုအခြေပြု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များနှင့် အခါအားလျော်စွာ လူထုအကျိုးစီးပွားအတွက် ကိစ္စရပ်အပေါ်မှုတည်၍ ပူးပေါင်းလုပ်ဆောင်နိုင်သည်။

    

           @@@@@@@@@@@@@@@@@@@@@@@@@@@

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထားဝယ်တိုင်းရင်းသားများပါတီ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger