ပါတီအခြေခံ ဖွဲ့စည်းပုံ
Written By Live100 on Saturday, June 20, 2015 | 2:34 AM
(က)နာယကအဖွဲ့
(ခ)ဗဟိုကော်မတီ
(က)ပါတီနာယကအဖွဲ့
စည်းနိုင်သည်။
လုပ်ဆောင်ချက်များ
(ခ)ဗဟိုကော်မတီ
လုပ်ဆောင်ချက်များ
(၁) ဥက္ကဌ
(၂) ဒု-ဥက္ကဌ-၁
(၃) ဒု-ဥက္ကဌ-၂
(၅) အတွင်းရေးမှူး(၁)
(၆) အတွင်းရေးမှူး(၂)
(၇) အတွင်းရေးမှူး(၃)
(၁၂) ရုံးအဖွဲ့တာဝန်ခံ
(၁၃) ဘဏ္ဍရေးမှူး
(၁၄) စာရင်းစစ်
(၁၅) ဥပဒေရေးရာ
(၁၆) လူငယ်တာဝန်ခံ
    @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@  
Uicode Version
 ပါတီအခြေခံ ဖွဲ့စည်းပုံ
၂။ပါတီကိုအောက်ပါအတိုင်း အဆင့်ဆင့်ဖွဲ့စည်းထားသည်။
(က)နာယကအဖွဲ့
(ခ)ဗဟိုကော်မတီ
(ဂ)ဗဟိုအလုပ်မှုဆောင်ကော်မတီ
(ဃ)တိုင်းဒေသကြီးအလုပ်အမှုဆောင်ကော်မတီ
(င)မြို့နယ်အလုပ်မှုဆောင်ကော်မတီ
(စ)ရပ်/ကျေး အလုပ်မှုဆောင်အဖွဲ့
(က)ပါတီနာယကအဖွဲ့
(၁) ဂုဏ်သရေရှိမြို့မိမြို့ဖ/ရပ်မိရပ်ဖများ၊ ဝါရင့်နိုင်ငံရေးသမားများနှင့် ပညာရှင်များဖြင့်ပါတီနယကအဖွဲကကို ဗဟိုကော်မတီက ရွေးချယ်ဖွဲ့
စည်းနိုင်သည်။
(၂)နာယကအဖွဲ့ကို အနည်းဆုံး ၇ ဦးရွေးချယ်ရမည်။
လုပ်ဆောင်ချက်များ
(၁)ညီလာခံကို ကြီးကြပ်ခြင်း။
(၂)ညီလာခံတွင် ရွေးချယ်ခံရသော ဗဟိုကော်မတီဝင်များကို အတည်ပြုခြင်း။
(၃)ပါတီအတွက်လိုအပ်သောအကြံညဏ်များပေးခြင်း။
(ခ)ဗဟိုကော်မတီ
(၁)ဗဟိုကော်မတီဝင်အရေအတွက်ကို အနည်းဆုံး ၂၀ မှ ၄၀ ဦးအထိ သက်ဆိုင်ရာ ပါတီညီလာခံကျင်းပရေး ကော်မရှင်က သတ်မှတ်နိုင်သည်။
(၂)သက်တမ်းအလိုက်ညီလာခံကျင်းပ၍ ဗဟိုကော်မတီဝင်များကို ရွေးကောက်တင်မြှောက် ရမည်။
(၃)မြန်မာနိုင်ငံတွင်ကျင့်သုံးသော ရွေးကောက်ပွဲသက်တမ်းအလိုက် ဗဟိုကော်မတီသက်တမ်းကို သတ်မှတ်သည်။
(၄)ဗဟိုကော်မတီအစည်းအဝေးကို အနည်းဆုံးခြောက်လတကြိမ် ခေါ်ယူရမည်။
(၅)ဗဟိုကော်မတီဝင်ဦးရေ၏ အနည်းဆုံး ၇၀ ရာခိုင်နှုန်းပါဝင်တက်ရောက်မှသာ အစည်းအဝေးထမြောက်သည်။
(၆)ဗဟိုကော်မတီသည် လိုအပ်သောပါတီအကြံပေးအဖွဲ့များ၊ ရေးရာကော်မတီများကို နာယကအဖွဲ့နှင့် တိုင်ပင်၍ ဖွဲ့စည်းခွင့်ရှိသည်။
လုပ်ဆောင်ချက်များ
(၁)ပါတီမှုဝါဒများကိုချမှတ်ခြင်း/ပြင်ဆင်ခြင်း။
(၂)နာယကအဖွဲ့ ရွေးချယ်အတည်ပြုခြင်း။
(၃)သက်တမ်းအလိုက် ဗဟိုအလုပ်မှုဆောင်ကော်မတီကို ရွေးချယ်အတည်ပြုခြင်း။
(၄)ဗဟိုအလုပ်မှုဆောင်ကော်မတီ၏ လုပ်ဆောင်ချက်၊လှုပ်ရှားမှုများကို ပါတီ၏မှုဝါဒနှင့်ကိုက်ညီမှုရှိမရှိ စောင့်ကြည့်/ကြီးကြပ်/လမ်းညွှန်ခြင်း။
(ဂ)ဗဟိုအလုပ်မှုဆောင်ကော်မတီ အခြေခံလုပ်ဆောင်ချက်များ
(၁)ပါတီ၏ ပုံမှန်လမ်းစဉ်များကိုလုပ်ဆောင်ခြင်း။
(၂)ဗဟိုကော်မတီက ချမှတ်ထားသောမှုဝါဒများကို အကောင်အထည်ဖော်ခြင်း။
(၃)မြို့နယ်၊/ရပ်/ကျေး အလုပ်မှုဆောင်ကော်မတီများကိုကြီးကြပ်ခြင်း
ဖွဲ့စည်းပုံနှင့်အခြေခံစည်းမျဉ်း
(၁)ဗဟိုအလုပ်မှုဆောင်ကော်မတီ၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။ကော်မတီကို ကော်မတီဝင် ၁၉ ဦးမှ ၂၁ ဦး အထိ သတ်မှတ်သည်။
(၁) ဥက္ကဌ
(၂) ဒု-ဥက္ကဌ-၁
(၃) ဒု-ဥက္ကဌ-၂
အတွင်းရေးမှူးအဖွဲ့(၄)ဦး
(၄) အထွေထွေအတွင်းရေးမှူး
(၅) အတွင်းရေးမှူး(၁)
(၆) အတွင်းရေးမှူး(၂)
(၇) အတွင်းရေးမှူး(၃)
(၈) နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ
(၉) ပြင်ပဆက်ဆံရေးတာဝန်ခံ
(၁၀) ဗဟိုစည်းရုံးရေးမှူး
(၁၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
(၁၂) ရုံးအဖွဲ့တာဝန်ခံ
(၁၃) ဘဏ္ဍရေးမှူး
(၁၄) စာရင်းစစ်
(၁၅) ဥပဒေရေးရာ
(၁၆) လူငယ်တာဝန်ခံ
(၁၇) ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
(၁၈) ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
(၁၉) ဗဟိုအလုပ်မှုဆောင်ကော်မတိဝင်
(၂၀) ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
(၂၁) ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
(၂) ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့ကို ဖွဲ့စည်းရာတွင် ရွေးကောက်တင်မြှောက်ခံထားရသော ဗဟိုကော်မတီဝင် အနည်းဆုံး ၇၀ရာခိုင်နှုန်း  ပါဝင်ဖွဲ့စည်းရမည်။
(၃) ဗဟိုအလုပ်မှုဆောင်ကော်မတီ၏ သက်တမ်းမှာ ဗဟိုကော်မတီ၏ သက်တမ်းနှင့်အညီဖြစ်သည်။
(၄) ဗဟိုအလုပ်မှုဆောင်ကော်မတီအစည်းအဝေးကို အနည်းဆုံး သုံးလတကြိမ် ကျင်းပရမည်။
(၅) ကော်မတီဝင်အနည်းဆုံး ၇၀ ရာခိုင်နှုန်း တက်ရောက်မှသာ အစည်းအဝေးအထမြောက်သည်။သို့သော် အစည်းအဝေးတွင် ဥက္ကဌသို့မဟုတ် ဒုဥက္ကဌ တဦးဦးနှင့် အတွင်းရေးမှူးအဖွဲ့ဝင်တဦး တက်ရောက်ရမည်။
(၆) ပုံမှန်အစည်းအဝေးတိုင်း၏ အစည်းအဝေးမှတ်တမ်းကို ဗဟိုကော်မတီသို့တင်ပြရမည်။
(၇) ကော်မတီဝင်များကို ပေးအပ်ထားသော တာဝန်များကို ပြောင်းလဲထမ်းဆောင်လိုခြင်း၊ အစားထိုးခန့်အပ်ခြင်းတို့ ပြုလုပ်လိုပါကဗဟိုကော်မတီထံ တင်ပြရမည်။
    @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@  
Share this article :
Post a Comment
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ထားဝယ်တိုင်းရင်းသားများပါတီ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger