ပါတီဘဏ္ဍာရေး
၎။ ပါတီ၏ ဘဏ္ဍာငွေများကို နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများအတွက် အသုံးပြုရမည်။၅။ (က) ပါတီ၏ ဘဏ္ဍာငွေများကို နိုင်ငံရေးလုပ်ရှားဆောင်ရွက်မှုများအတွက် အသုံးပြုရမည်။
(ခ) ၁။ ပါတီ၏ဘဏ္ဍာငွေများကို တိကျသေချာသောစာရင်းအင်းနှင့်တကွ ထားရမည်။ ခြောက်လတကြိမ်ဖြစ်စေ အသိအမှတ်ပြုလက်မှတ်ရရှိ
ထားသော စာရင်းစစ်ဖြင့် စစ်ဆေးရမည်။
၂။ စာရင်းစစ်များကို သက်ဆိုင်ရာ မြို့နယ်/ဗဟို အလုပ်မှုဆောင် ကော်မတီ၏ အများဆန္ဒဖြင့် ရွေးချယ်ရမည်။
ပါတီဖွဲ့စည်းပုံနှင့်စည်းမျဉ်းစည်းကမ်းများပြင်ဆင်ခြင်း
၆။ ပါတီ၏ ဖွဲ့စည်းပုံ ၊စည်းမျဉ်းစည်းကမ်းများအားပြင်ဆင်လိုပါက ဗဟိုကော်မတီဝင်များ၏ ၇၀ ရာခိုင်နှုန်းကျော်သော ဆန္ဒမဲများဖြင့် ပြင်ဆင်နိုင်သည်။
၇။ ပါတီများပူးပေါင်းခြင်းနှင့်ခွဲထွက်ခြင်း
(က) ပါတီသည်အခြားသော ပါတီနှင့်ပူးပေါင်းခြင်း၊ မိတ်ဖက်ပါတီများလုပ်ခြင်း ကိုဆောင်ရွက်လိုပါက ဗဟိုကော်မတီဝင် ရာခိုင်နှုန်း ၇၀ ကျော်၏အများစုမဲဆန္ဒ ၇၀ ရာခိုင်နှုန်းရှိမှသာ ဆောင်ရွက်နိုင်မည်။
(ခ) ပါတီအတွင်း ကြီးမားသောသဘောထားကွဲလွဲမှုဖြစ်၍ ခွဲထွက်မှုများပေါ်ပေါက်ပြီဆိုပါက ၇၅ ရာခိုင်နှုန်း ရှိသောဗဟိုအလုပ်အမှုဆောင်အဖွဲ့
ကသာလျှင် ဤ ထားဝယ်တိုင်းရင်းသားများပါတီ အမည်အား ဆက်လက်ခံယူ၍ လုပ်ကိုင်နိုင်မည်။
ပါတီရုံးစိုက်ရာနေရာ
၈။ ထားဝယ်တိုင်းရင်းသားများပါတီ၏ ရုံးချုပ်စိုက်ရာနေရာ
(က) ထားဝယ်တိုင်းရင်းသားများပါတီ၏ ရုံးချုပ်ရုံးစိုက်ရာနေရာမှာ ထားဝယ်မြို့ တွင်ဖြစ်သည်။
(ခ) ထားဝယ်လူမျိုးများ နေထိုင်သောအခြားဒေသများတွင်လည်း ထားဝယ်တိုင်းရင်းသားများပါတီ၏ ရုံးများကို ဖွင့်လှစ်သွားမည်ဖြစ်သည်။
***************************************************
Post a Comment