

လောင်းလုံးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ခရီးအဖြစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြို့နယ် မြောက်ပိုင်းရှိ ဘူချိုင်းရွာ၊ စွန်တောင်ပေါ်ရွာ၊ ဖွားဘုတ်ပြင်ရွာတို့သို့ သွားရောက်ခဲ့သည်။
ခရီးစဉ်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးဖြစ်သော ဦးမောင်မောင်အေးနှင့် ဦးညွန့်ရွှေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစစ်ထွန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သီတာမိုးတို့ အပြင် ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းကလည်း ၀င်ရောက် အားဖြည့်ခဲ့သည်။
Post a Comment