ထားဝယ်တိုင်းရင်းသားများပါတီ၏ ရပ်/ကျေးရုံးများဖွင့်လှစ်ခြင်း
Written By Live100 on Thursday, February 6, 2020 | 8:51 AM
ထားဝယ်တိုင်းရင်းသားများပါတီ၏ ရပ်/ကျေးရုံးများ ကို ဒီဇင်ဘာလတွင် လောင်းလုံးမြို့နယ် သကျက်တောရွာ၊ တောင်မင်းပြောင်ရွာ နှင့် စခန်းကြီးရွာတို့တွင်ဖွင့်လှစ်နိုင်ခဲ့သည်။
၈/၁၂/၂၀၁၉ တနင်္ဂနွေနေ့
ထားဝယ်တိုင်းရင်းသားများပါတီ ၏ လောင်းလုံမြို့နယ် သကျက်တောကျေးရွာအုပ်စု ရုံး ဆိုင်းဘုတ်သစ်တင်ပွဲကို ယနေ့ နံနက်၈နာရီ၃၀မိနစ်တွင် ပြုလုပ်ခဲ့သည်။
![]() |
| သကျက်တောကျေးရွာအုပ်စု ရုံး ဆိုင်းဘုတ်သစ်တင်ပွဲ |
(14-12-2019 စနေနေ့)
ထားဝယ်တိုင်းရင်းသားများပါတီ ၏ လောင်းလုံးမြို့နယ်၊တောင်မင်းပြောင်ရွာ ရုံး ဖွင့်။
![]() | |||
| လောင်းလုံးမြို့နယ်၊တောင်မင်းပြောင်ရွာ |
![]() | ||
| ၂၀၁၉ ဒီဇင်ဘာ၂၁ စနေနေ့။ | လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု ရုံးဖွင့်ပွဲ။ |
ထားဝယ်တိုင်းရင်းသားများပါတီ ၏ ထားဝယ်မြို့နယ် ၊ ရောင်းမော်ကျေးရွာ ရုံး ဖွင့်ပွဲ။
(21-1-2020 အင်္ဂါနေ့ နံနက် ၈နာရီ)
ထားဝယ်တိုင်းရင်းသားများပါတီ လောင်းလုံးမြို့နယ်ရုံးဆိုင်းဘုတ်သစ်တင်
Written By Live100 on Friday, November 29, 2019 | 8:25 PM
ထားဝယ်တိုင်းရင်းသားများပါတီ(DNP)၏ အလံနှင့်တံဆိပ်ကိုပြောင်းလဲ
Written By Live100 on Friday, November 22, 2019 | 2:34 AM
(Zawgyi)
ထားဝယ်တိုင်းရင်းသားများပါတီသည် အလံနှင့် တံဆိပ်ကို ပြောင်းလဲအသုံးပြုရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့ရာ ကော်မရှင်မှလည်း ခွင့်ပြုပြီးဖြစ်သဖြင့် ယနေ့မှစ၍ ပုံပါအလံနှင့် တံဆိပ်ကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံ လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။
ထုတ်ပြန်ကြေညာချက်(၁/၂၀၁၉)
Written By Live100 on Wednesday, January 2, 2019 | 7:41 PM
ထုတ်ပြန်ကြေညာချက်
၁။ ထားဝယ်ဒေသ လောင်းလုံးမြို့နယ်အတွင်းရှိ ကမ်းခြေတစ်ခုနှင့် ကျွန်းသုံးကျွန်းတွင် ကုမ္ပဏီ အချို့က ဟိုတယ်နှင့် အပန်းဖြေစခန်ဆောက်လုပ်ရန် ဟုဆိုကာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားလာသည်ကို တွေ့ရသည်။ ယင်းနေရာများအနက် ကျောက်တွင်း ကျေးရွာ အုပ်စုရှိ ကမ်းခြေနေရာသည် ထားဝယ်မြို့ နန်းဟောင်းနေရာ ဖြစ်ပြီး အခြားကျွန်းများသည်လည်း ဒေသခံ ရေလုပ်သားများ အမှီပြု လုပ်ကိုင်စားသောက်ရာ ဒေသများ ဖြစ်သည်။
၂။ ဟိုတယ်နှင့် အပန်းဖြေစခန်း တည်ဆောက်ရန် လျှောက်ထားလာသော လောင်းလုံးမြို့နယ် ကျောက်တွင်း ကျေးရွာအုပ်စု၊ ဝဲမကိုက် အပိုင်၊ နန်းတော်ရိုင်နေရာ သည် သက္ကရာဇ် ၅၆၆ ခုနှစ်က တည်ထားခဲ့သော ထောင်ကွယ်မြို့ဟောင်းနေရာ ဖြစ်ပြီး ယင်းနေရာကို ထိန်းသိမ်းရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီး နှစ်ဦး ဦးဆောင်သော ထောင့်ကွယ်မြို့ဟောင်း ထိန်းသိမ်းရေး အဖွဲ့ကိုလည်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
၃။ ရှေးခေတ်ကျောက်စီလမ်းကဲ့သို့သော အထောက်အထားများ ရှိသေးသော ထိုနန်းတော်ရိုင်နေရာအား လုပ်ကိုင်ခွင့်ပေးလိုက်မည်ဆိုပါက ၂၀၁၅ ခုနှစ် တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပါ မိမိတို့ထားဝယ်လူမျိုးများ၏ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခွင့် အခွင့်အရေးကို ချိုးဖောက်လျက်ရှိသည်ကို တွေ့ရသည်။ ထိုကြောင့် ထားဝယ်ဒေသရှိ ရှေးဟောင်းမြို့နန်းနေရာ တစ်ခုအား ထိန်းသိမ်းစောင့်ရှောက်ရန် အရေးတကြီးလိုအပ်နေပြီး ထိုနေရာတွင် ဟိုတယ် နှင့် အပန်းဖြေစခန်း ဆောက်လုပ်ရန် ဟုဆိုကာ မြေနေရာ လျှောက်ထားလာခြင်းကို ထားဝယ်တိုင်းရင်းသားများပါတီက အပြင်းအထန် ကန့်ကွက်လိုက်ပါသည်။
၎။ ယင်းအပြင် ဒေသခံရေသားများ မှီခိုလုပ်ကိုင်စားသောက်ရာ နေရာဖြစ်ပြီး ၎င်းတို့၏ နက်ရှိုင်းစွာ ပတ်သက်ဆက်စပ်နေသော ပဲ့စင်ကျွန်း နှင့် ပညစ်ကျွန်း နေရာများတွင် ဟိုတယ်နှင့် အပန်းဖြေစခန်း ဆောက်လုပ်ရန် လျှောက်ထားလာမှုကိုလည်း ဒေသခံများ၏ သဘောဆန္ဒမပါဘဲ လုပ်ကိုင်ခွင့်မပြုရန်၊ ဒေသခံတို့၏ ဆန္ဒနှင့် အညီသာ လုပ်ကိုင်ခွင့်ကို ဆုံးဖြတ်ရန် ထားဝယ်တိုင်းရင်းသားများပါတီက ပြည်ထောင်စု အစိုးရ နှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ကို အလေးအနက် တိုက်တွန်းလိုက်ပါသည်။
ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို)
#ပေးပို့ခြင်း
လိပ်မူ - ၀န်ကြီးချုပ်
မိတ္တူကို -
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်
ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
သက်ဆိုင်ရာမြို့နယ်လွှတ်တော်အမတ်များ
အတွင်းရေးမှုး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့
တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
လက်ခံ
ထားဝယ်တိုင်းရင်းသားများပါတီဗဟိုဌာနချုပ်ရုံးခန်းအသစ်ဖွင့်ပွဲ အလှူတော်မင်္ဂလာ
Written By Live100 on Tuesday, December 12, 2017 | 8:01 AM
ရုံးခန်းအသစ်မှ ကုသိုလ်တော်
======== ===========
ထားဝယ်တိုင်းရင်းသားများပါတီ၏ ရုံးခန်းအသစ် ဖွင့်ပွဲနှင့် အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
သံဃာတော်ငါးပါးကို ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ကြွရောက်လာသော ဧည့်သည်တော်များကို ထားဝယ်မုန့်ဟင်းခါးဖြင့် ကျွေးမွေး ဧည့်ခံခဲ့ကြသည်။
ထားဝယ်တိုင်းရင်းသားများပါတီ၏ ရုံးခန်းအသစ်၏ လိပ်စာ မှာ ဗဟိုလမ်း၊ပုံကျွန်းရပ်၊ထားဝယ်မြို့ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား
10-12-2017 (ထားဝယ်)
လူ့အခွင့်အရေးထွန်းကားဖို့ တာဝန်ကိုယ်စီယူကြစို့
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့တွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ထားဝယ်အမျိုးသမီးသမဂ္ဂ နဲ့ Equality Myanmar တို့ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ထားဝယ်တိုင်းရင်းသားများပါတီကလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သည်။
ယင်းအပြင် မြို့တော် ခန်းမတွင်လည်း လူ့အခွင့်အရေးထွန်းကားဖို့ တာဝန်ကိုယ်စီယူကြစို့ ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီ အတွင်းရေးမှူး (၁) ဦးကျော်မင်းထိုက်က ဦးဆောင်ဆွေးနွေးမေးခွန်းထုတ်သူ အဖြစ် တာဝန်ယူခဲ့ပြီး ဦးဟိန်းထက် (အထွေထွေအတွင်းရေးမှူး - ထားဝယ်တိုင်းရင်းသားများပါတီ)၊ ဦးသန်းဝင်း (လူ့အခွင့်အရေး လှုပ်ရှားသူ)၊ ဒေါ်အေးအေးမွန် (Colour Rainbow)၊ ဦးတင့်လွင် (သတင်းစာဆရာ) တို့ ပါဝင်ဆွေးနွေးခဲ့သည်။
“လူ့အခွင့်အရေး ရဲ့ အခြေခံ အချက်ဖြစ်တဲ့ အသက်ရှင်ခွင့် လုံခြုံခွင့်အတွက် အဓိကစိန်ခေါ်မူဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး အားနည်းချက်ရှိတာတွေ ထောက်ပြဆွေးနွေးခဲ့တယ်”ဟု ထားဝယ်တိုင်းရင်းသားများပါတီ အထွေထွေ အတွင်းရေးမှူး ဦးဟိန်းထက်က ပြောသည်။
တနင်္သာရီတိုင်းတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများကို အချက်သုံးချက်ဖြင့် ထောက်ပြဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။
“လယ်သမား ပြဿနာ၊ မီဒီယာတွေ တရားစွဲဆိုခံနေရမှုတွေ၊ သက်ငယ်မုဒိန်းမှုဖြစ်ပွားနှုန်းမှာ တစ်နိုင်ငံလုံး အဆင့် ငါးချိတ်တာတွေ မီးမောင်းထိုးပြခဲ့ပါတယ်”
Photo by. Credit
ဗိုလ်မှူးကြီး ဗထူး မွေးနေ့ အထိမ်းမှတ်ဘောလုံးပွဲ
Written By Live100 on Friday, August 18, 2017 | 11:01 PM


ထားဝယ်တိုင်းရင်းသားများပါတီ ၏ ဦးဆောင်မူ
ထားဝယ် အရပ်ဖက် အဖွဲ့ စည်းများ၏ ပူးပေါင်းပါဝင်မူဖြင့်
ဗိုလ်မူးကြီး ဗထူး (၁၀၁)နှစ်ပြည့် မွေးနေ့  အထိမ်းအမှတ် ပွဲများ ကျင်းပခဲ့သည်။
ဇူလိုင်လ ၁၁ ရက်နေ့ မနက် 10နာရီအချိန်တွင် ထားဝယ်မြို့
တိုင်းအာကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
ဘောလုံးပွဲ စပွန်ဆာမှာ
Shwe Thandar Tun Co.,Ltd.၊ စိမ်းလန်းစိုပြည် ဆောက်လုပ်ရေလုပ်ငန်း နှင့် ရဟှယ်ရှင် ခရီးသွားလုပ်ငန်း တို့ ဖြစ်ပါသည်။


















