ကုလသမဂ္ဂ ဒေသခံတိုင်းရင်းသားများ/ဌာနေတိုင်းရင်းသားများ
အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း
(United Nations Declaration on the Right of Indigenous Pepole)
ကုလသမဂ္ဂ ဒေသခံတိုင်းရင်းသားများ(သို့ )ဌာနေတိုင်းရင်းသားများအခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကိုနှစ်ပေါင်း(၂၀)ကျော်မျှ ဌာနေတိုင်းရင်းသားကိုယ်စားလှယ်များ ၊ အစိုးရများ၊ ပညာရှင်များက ပါဝင်မည့်အကြောင်းအရာများကို ပူးပေါင်းရေးသား၍ ၂၀၀၇ ခုနှစ် စက်တင်ဘာလ(၁၃)ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ သဘောတူလက်ခံလာသည်အထိ ၀ိုင်းဝန်းကြိုးပန်းလုပ်ဆောင်ခဲ့ကြသည်။
ကုလသမဂ္ဂ ဒေသခံတိုင်းရင်းသားများ(သို့ )ဌာနေတိုင်းရင်းသားများအခွင့်အရေးဆိုင်ရာ
ကြေညာစာတမ်း၏ရည်ရွယ်ချက်မှာ ဒေသခံတိုင်းရင်းသားများ/ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကို အစိုးရများမှအသိအမှတ်ပြုလာစေနိုင်မည့် စံချိန် စံနှုန်း များကို ဖော်ထုတ်ရန်ဖြစ်သည်။ အဆိုပါကြေညာချက်သည်ကမ္ဘာတစ်ဝှမ်းမှ တိုင်းရင်းသား၏ ဘ၀သာယာရေး၊ ဂုဏ်သိက္ခာနှင့် ရှင်သန်နေထိုင်ရေးအတွက် အနိမ့်ဆုံးလိုအပ်လျက်ရှိသည့် စံချိန် စံနှုန်း များကို ဖော်ထုတ်သတ်မှတ်ပေးထားခဲ့ပါသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ဒေသခံတိုင်းရင်းသားများ/ဌာနေတိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကို ထောက်ခံသည့် နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအစိုးရသည် ကြေညာချက်ပါ အချက်အလက်များကို
ဖော်ထုတ်ဆောင်ရွက်ရန် တာဝန်ရှိသည်။ကုလသမဂ္ဂ ဒေသခံတိုင်းရင်းသားများ(သို့ ) ဌာနေတိုင်းရင်းသားများအခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းတွင်ဒေသခံတိုင်းရင်းသားများ၏
နိုင်ငံတကာဆိုင်ရာ လူ့အခွင့်အရေးများကို စာရင်းပြုစု၍ရှင်းလင်းပြဌာန်းထားသည့်
ရည်ညွှန်းစာပိုဒ်(၂၄)ပိုဒ်နှင့် သော့ချက်အပိုဒ်ခွဲ (၄၆)ချက် ပါဝင်ပါသည်။
အရေးကြီးပိုဒ်ခွဲများကိုထုတ်နှုတ်ပေးလိုက်ပါတယ်။
အပိုဒ်ခွဲ(၃) ဒေသခံတိုင်းရင်းသားများသည် ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရှိသည်။
ဤအခွင့်အရေးကြောင့် ဒေသခံတိုင်းရင်းသားများ၏ နိုင်ငံရေးအခြေအနေကို
လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
ထို့အပြင် စီးပွားရေး၊လူမှုရေးယဉ်ကျေးမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအတွက်လွတ်လပ်စွာ
ဆက်လက်လုပ်ဆောင်နိုင်သည်။
အပိုဒ်ခွဲ(၁၀) ဒေသခံတိုင်းရင်းသားများ(သို့ ) ဌာနေတိုင်းရင်းသားများအားယင်းတို့၏မြေနှင့်
နယ်မြေဒေသမှ(FPIC) မပါဘဲ အတင်းအဓမ္မဖယ်ရှား၍ ရွှေ့ပြောင်းနေရာချထားခြင်းမပြုရ။
F=Free , P = Prior , I = Informed , C = Consent
FPIC = ကောင်းစွာကြိုတင်အသိပေးထားသော ဒေသခံတိုင်းရင်းသားများ၏
လွတ်လပ်သောဆန္ဒဖြင့်ထုတ်ဖော်ပြောကြားသည့်သဘောတူညီချက်။
အပိုဒ်ခွဲ(၁၁) ယဉ်ကျေးမှုဆိုင်ရာ၊ဥာဏဆိုင်ရာ၊ဘာသာရေးဆိုင်ရာနှင့် ယုံကြည်မှုဆိုင်ရာ စည်းစိမ်ဥစ္စာများ
ကို(FPIC) မပါဘဲ ယူဆောင်သွားခြင်းခံရသည့် ဒေသခံတိုင်းရင်းသားများအတွက်
တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးရမည်။
အပိုဒ်ခွဲ(၂၅) ဒေသခံတိုင်းရင်းသားများသည်ယင်းတို့၏ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့ကြသော
နေထိုင်အသုံးချခဲ့သော မြေများ၊နယ်မြေဒေသများ၊ သယံဇာတအရင်းအမြစ်များ ၊ရေ၊ပင်လယ်၊ကမ်းရိုးတမ်းနှင့် အခြားအရင်းအမြစ်များတို့နှင့် ပတ်သက်သော ကွဲပြားခြားနားသည့် ယုံကြည်မှုဆိုင်ရာ ဆက်နွယ်ပတ်သက် ခွင့်များကို ထိန်းသိမ်းပိုင်ခွင့် (သို့) တိုးတက်အောင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။
အပိုဒ်ခွဲ(၂၆) (၁) ဒေသခံတိုင်းရင်းသားများသည် ယင်းတို့ဘိုးဘွားအစဉ်ဆက် ပိုင်ဆိုင်ခဲ့သော
၊နေထိုင်လာသော၊အသုံးပြုလာသော၊(သို့မဟုတ်)သင်ယူဆည်းပူးလာခဲ့သည့်နယ်မြေများ နယ်မြေဒေသများနှင့်သယံဇာတ အရင်းအမြစ်များနှင့် ပတ်သက်၍ အခွင့်အရေးရှိသည်။
(၂) ဒေသခံတိုင်းရင်းသားများသည် အစဉ်အလာပိုင်ဆိုင်မှုအရ (သို့မဟုတ်) အခြားရိုးရာအလုပ်အကိုင်များ(သို့) အသုံးပြုနေခြင်းကြောင့် ပိုင်ဆိုင်ခွင့်ရှိသည်။ ထိုနည်းတူစွာပင် ယင်းတို့လေ့လာဆည်းပူးသင်ယူခဲ့ကြ သော မြေများ သယံဇာတ အရင်းအမြစ်များ နယ်မြေဒေသများအပေါ် ထိန်းချုပ်စီမံပိုင်ခွင့် ၊ ဖွံ့ဖြိုးတိုးတက်အောင်
လုပ်ဆောင်ပိုင်ခွင့် ၊ အသုံးချပိုင်ခွင့်နှင့် ပိုင်ဆိုင်နိုင်ခွင့်တို့ရှိသည်။
(၃) အစိုးရများသည် ထိုမြေများ ၊ နယ်မြေဒေသများနှင့် သယံဇာတ အရင်းမြစ်များကို ဥပဒေအရတရားဝင်အသိအမှတ်ပြု၍ ထိန်းသိမ်းကာကွယ်ပေးရမည်။ ထိုကဲ့သို့ အသိအမှတ်ပြုခြင်းကို ဒေသခံတိုင်းရင်းသားများ နှင့်သက်ဆိုင်သည့် မြေယာအသုံးချစံနစ်များ ၊ အစဉ်အလာများ ၊ ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာခြင်းဖြင့်အကောင်အထည်ဖော်သင့်သည်။
အပိုဒ်ခွဲ(၂၈) မြေများ ၊ နယ်မြေဒေသများ၊ သယံဇာတအရင်းအမြစ်များကို (FPIC) မပါဘဲ သိမ်းယူခြင်း ၊ ယူဆောင်သွားခြင်း၊နေထိုင်ခြင်း အသုံးပြုခြင်း (သို့) ဖျက်ဆီးခြင်းတို့အတွက် ဒေသခံတိုင်းရင်းသားများမှ တရားမျှတမှုရှိအောင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။
အပိုဒ်ခွဲ(၂၉) ဒေသခံတိုင်းရင်းသားများ၏ မြေပေါ်တွင် အန္တရာယ်များသည့် ပစ္စည်းများကို (FPIC) မပါဘဲ သိုလှောင်ခြင်း (သို့) စွန့်ပစ်ခြင်းမပြုရ။
အပိုဒ်ခွဲ(၃၂) မြေများ ၊ နယ်မြေဒေသများ၊ သယံဇာတအရင်းအမြစ်များကို ထိခိုက်စေမည့် စီမံကိန်းများ အထူးသဖြင့် တွင်းထွက်ပစ္စည်းများ ရေနှင့် အခြားသယံဇာတ တူးဖော်ရေးလုပ်ငန်းများကို အတည်ပြုရန်အတွက် (FPIC) ကိုကြိုတင်ယူရမည်။
မှတ်ချက်။ ။ F=Free , P = Prior , I = Informed , C = Consent
FPIC = ကောင်းစွာကြိုတင်အသိပေးထားသော ဒေသခံတိုင်းရင်းသားများ၏ လွတ်လပ်သောဆန္ဒဖြင့်ထုတ်ဖော်ပြောကြားသည့်သဘောတူညီချက်။

Post a Comment