“ထားဝယ်တိုင်းရင်းသားများပါတီ အောင်ရမည် ”
ထား ရာမှာနေ၊စေရာသို့သွား
ဖိနှိပ်အားဖြင့် ၊ပီပြားနိမ့်ကျ
ထိုဒေသသည် ၊ အသွင်မဖြိုး
အဆင်ညှိုးခဲ့။
ဝယ် ရောင်းဖောက်ကား ၊ ကုန်စည်များလည်း
ကုတ်သွေးခွစုပ်၊အမြတ်ထုတ်သည့်
မိစ္ဆာနတ်မျိုး ၊ စနစ်ဆိုးကြောင့်
စုတ်ပြတ်နုံချာ ၊ မထည်ဝါခဲ့။
တိုင်း ရေးပြည်ရာ၊အဖြာဖြာကို ၊
ကျော်ခွအုပ်ချုပ်၊စနစ်ယုတ်ကြောင့်
တို့ဒေသဖွား၊ထားဝယ်သားတို့
မျက်စိကိုမှိတ် ၊ ပါးစပ်ပိတ်ပြီး
လှမ်းနိုင်ခြေများ၊ထူးခတ်ထား၍
လက်လည်းချုပ်နှောင်၊သတ်မှတ်ဘောင်တွင်
လူးကာလွန့်သာမရှိရှာခဲ့ ။
ရင်း နှီးများစွာ ပေးဆပ်ကာဖြင့်
မြေပေါ်မြေအောက် ၊ရေအောက်ရေပေါ်
ထားဝယ်ဒေသ ၊ သယံဇာတကို
စုံနှောက်ရှာဖွေ၊ယူငင်လေ၍
ဒေသချွတ်ချုံ ၊ မမြင့်တုံခဲ့။
သား နားထည်ဝါ မရှိရှာသည့်
တို့ဒေသဖွား၊ထားဝယ်သားတို့
တို့ကထွက်ကုန် အလုံးစုံနှင့်
အဆီအနှစ် ယူဆောင်လင့်၍
ကျန်ရစ်အရိုး ၊ကိုက်ရနိုးနှင့်
မျှော်လင့်စောင်းစား ၊တို့ထားဝယ်သား။
များ စွထွေပြား ၊ အကျိုးများနှင့်
သယံဇာတပေါကြွယ်ဝနှင့်
ဓာတ်ငွေ့သတ္တု အစုစုနှင့်
ရေပြင်သစ်တော ၊ ထွက်ကုန်ပေါကို
အခြားသို့သာယူသွားပါ၍
မျှော်သာမျှော်နေ တို့တတွေမှာ
ကြက်မကြီးနို့ စို့ရနိုးနှင့်
နှစ်လရှည်ကြာမြင့်ခဲ့ပြီ။
ပါ လေရာမှာ ၊ သူတို့သာတည့်
ငါတို့ဆီနှစ် ၊ မကျန်ရစ်အောင်
သွေးစုပ်ချယ်လှယ် ၊ သူတို့နယ်မှ
ရုန်းကန်ထိုးထွက် ၊ တို့အကျိုးတွက်မို့
ကြိုးပမ်းဆောင်ရန် ၊ စိတ်ရည်သန်ကာ
မနေမနား၊၀ိုင်းကြိုးစားပြီး
ပေါ်ထွက်လာပြီ၊ ထားဝယ်သားပါတီ။
တီ ထွင်ကြံဆ ၊ တို့အကျိုးရရန်
တို့ရုန်းကန်၍၊ တို့ထူတို့ထ
တို့ဒေသနှင့် တို့လူမျိုးအကျိုး
စဉ်မျှော်ကိုးပြီး ကိုယ်နှင့်စိတ်ပါ
စေတနာနှင့် ကောင်းကျိုးဖွေရှာ
ဝါသနာဖြင့် ....
အမျိုးအတွက်ဆို အသက်ကိုပင်
မလွဲစွန့်မည့် စိတ်တူညီသည့်
ညီနောင်ချစ်ခင် ပါတီဝင်တို့
တူညီလက်တွဲ ၊ အံကိုခဲပြီ
လှေခွက်ချည်းကျန်၊ အလံမလဲ
ခိုင်မာဇွဲနှင့် ၊ လျှောက်လှမ်းလာပြီ
ထားဝယ်တိုင်းရင်းသားများပါတီ။
အောင် ပွဲရတိုင် ၊ ဇွဲခိုင်ခိုင်ဖြင့်
ဒေသနွယ်ဖွား ထားဝယ်သားနှင့်
တို့ပါတီအား မျိုးချစ်သားတို့
ပေါင်းစည်းစုံညီ လက်တွဲချီ၍
မဝေးတော့ပြီ ပန်းတိုင်ဆီသို့
တူညီစိတ်ဝမ်း ကြိုးကုတ်လှမ်းလင့်
ကျူးရင့်မော်ကွန်း ၊ ကဗျဉ်းထွန်းလိမ့်။
ရ နိုင်မည့်အကျိုး ၊ ထားဝယ်အကျိုးတည်း
လူမျိုးထားဝယ်၊ထားဝယ်နယ်နှင့်
ထားဝယ်စာပေ ပေါ်ထွက်လေအောင်
ထားဝယ်သားပါတီ ရှေ့သို့ချီ ။
မည် ကာမတ္တ ၊ မမှတ်ကြနဲ့
ထားဝယ်အရေး စေ့စေ့တွေးကြ
ထားဝယ်လူမျိုး ၊ တို့ဒေသဖွံ့ဖြိုး
စာပေထားဝယ် အမြန်ပေါ်ရေး
အစဉ်တွေးပြီး...
သူ့ရေး၊ကိုယ့်ရေး၊အမျိုးသားရေးတွက်
မပြတ်စေတနာ အနစ်နာနှင့်
ဝါသနာတူသူ လက်တွဲကူသည့်
ထားဝယ်သားပါတီ တို့ပါတီသို့
သင့်အသည်းကြား မဲတစ်ပြားကို
နှစ်ချိုက်ကူရွှေး ဆန္ဒပေးလျှင်
သင်လည်း ထားဝယ်သမိုင်းနယ်မှာ
ပီသလူသား ကျေးဇူးများလိမ့် ။
ဒါကြောင့်လည်းလေ....
ဒီမြေမှာဖွား ၊ ထားဝယ်သားနှင့်
ဒီမြေမှာနေ တို့တတွေသည်
ဒီမြေကျေးဇူး မြင့်မိုရ်ဦးကို
မှတ်ရပိုင်ပိုင်ဆပ်နိုင်ရအောင်
အတွေးဒွိဟ မရှိကြဘဲ
တို့ထားဝယ်သားများ ကောင်းစားဖို့
ထားဝယ်ပါတီကိုမဲပေးစို့ ။
ရဲရင့်သွေး (ထားဝယ်)
Post a Comment